Christian Dance (ဘုရားသခင်သည် ပလ္လင်ထက်တွင် ရှိ၏)
16.08.2024
၁
ဘုရားသခင်သည် လူ့ဇာတိခံယူပြီး သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်သည်။
အလုပ်လုပ်ရန် သူပေါ်ထွန်းပြီး
နောက်ဆုံးသောကာလ တရားစီရင်ခြင်းကို ဆောင်ရွက်ကာ နိုင်ငံတော်ခေတ်ကို ဆောင်ကြဉ်း၏။
ဘုရားသခင် ရွေးချယ်ထားသူများ သူ့မျက်မှောက်တွင် ချီဆောင်ခြင်းခံရကာ။
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လျက် ကျွန်ုပ်တို့ အားလုံး ပျပ်ဝပ်ကြပေ။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပလ္လင်ထက်တွင် ရှိ၏။ ဂုဏ်အသရေတင့်တယ်ပြီး လှပလိုက်လေခြင်း။
ဘုရားသခင်၏ မိန့်မြွက်ချက်များက ကျွန်ုပ်တို့အပေါ် အသက်စမ်းရေကို နှင်းအပ်။
ကိုယ်တော်နှင့် မျက်နှာချင်းဆိုင်လျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်ကြကာ၊
နောက်ဆုံးတွင် စားသောက်ပွဲကို ကျွန်ုပ်တို့ တက်ရောက်နေ။
ပျက်စီးသောလောကမှ ကျွန်ုပ်တို့ကို ဘုရားသခင် ကင်းကွာစေပြီး ကျွန်ုပ်တို့ကို သန့်ရှင်းစင်ကြယ်စေသည်။
ထိုသို့ လောကီအနှောင်အဖွဲ့များ ကျွန်ုပ်တို့ မိမိကိုယ်ကို ဖယ်ရှားကာ၊
နိုင်ငံတော်၏ လေ့ကျင့်မှုထဲ ဝင်ရောက်ကြပေ။
၂
တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်ထဲတွင် စတင်ပြီဖြစ်ကာ၊
ဘုရားသခင်၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းကို ထုတ်ဖော်လျက်သာ။
ကိုယ်တော့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက
ကျွန်ုပ်တို့ကို လူသစ်များအဖြစ် ပြောင်းလဲပေး။
အို အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကယ်တင်ရန် ကိုယ်တော်တိုင် အလုပ်လုပ်သည်။
ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်ကာ လူသစ်များဖြစ်လာနိုင်၍
ဘုရားသခင်ကို သူ၏ပလ္လင်တော်ရှေ့၌ အစေခံနိုင်ကြပေ။
ဘုရားသခင်သည် သူ၏အမှုတွင် ဉာဏ်ပညာရှိ၍ အနန္တတန်ခိုးရှိကာ၊
အဆင်းနီသော နဂါးကြီးကို အစေခံရန် အသုံးချလျက်ပင်။
ဆင်းရဲဒုက္ခများကြားတွင် ခိုင်မာစွာ သက်သေရပ်တည်ရန် ဘုရားသခင် ကျွန်ုပ်တို့ကို လမ်းပြပြီး
စာတန်အပေါ် အနိုင်ယူလေပြီ။
ဘုရားနှုတ်ကပတ်တော်များက သူ၏ အနန္တတန်ခိုးကို ပြသလျက်
သိမ်းပိုက်ကာ အောင်မြင်သောသူတစ်စုကို စုံလင်အောင်ပြုသည်။
ဘုရားသခင်သည် စာတန်ကို လုံးလုံး အနိုင်ယူကာ ဘုန်းကျက်သရေအားလုံးကို ရရှိပြီဖြစ်သည်။
ပစ္စုပ္ပန်နှင့် အတိတ်တွင် ရှိတော်မူသော အနန္တတန်ခိုးရှင်သည် ကမ္ဘာမြေပေါ်တွင် ဘုရင်အဖြစ် အုပ်စိုးလေပြီ။
အမှောင်ကမ္ဘာမြေကို အလင်းပေးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ စစ်မှန်သောအလင်းပင်။
နိုင်ငံအပေါင်းနှင့် လူအပေါင်းတို့သည် အလင်းသို့လာရောက်ပြီး ဘုရားသခင်ရှေ့တွင် အရှုံးပေးအပ်နှံကြသည်။
ဘုရားသခင်သည် ဘုန်းကျက်သရေရှိသော ပလ္လင်ပေါ်တွင် ရှိကာ သူ၏ ငြိမ်သက်ခြင်းချမ်းသာကို ပျော်မွေ့၏။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ