ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၆

26.10.2020

ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား ဖြစ်သည်။ သူကိုယ်တိုင် သမ္မာတရားကို ပိုင်ဆိုင်ပြီး၊ သူသည် သမ္မာတရား၏ ရင်းမြစ်ဖြစ်သည်။ အပြုသဘောဆောင်သော အရာတိုင်းနှင့် သမ္မာတရားတိုင်းသည် သူ့ထံမှလာသည်။ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးတို့၏ မှန်ခြင်း မှားခြင်းအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဖြစ်ပျက်ပြီးသည့် အရာများ၊ ယခုဖြစ်ပျက်နေသည့် အရာများနှင့် လူသား မသိသေးသည့် အနာဂတ်အရာများအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ သူသည် ခပ်သိမ်းသောအရာတို့၏ မှန်ခြင်းမှားခြင်းအပေါ် စီရင်ချက်ချနိုင်သည့် တစ်ပါးတည်းသော တရားသူကြီး ဖြစ်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်း၏ မှန်ခြင်း မှားခြင်းကို ဘုရားသခင်သာလျှင် စီရင်နိုင်သည်။ ခပ်သိမ်းသောအရာတို့အတွက် စည်းကမ်းများကို သူသိသည်။ ဤသည်မှာ သမ္မာတရား၏ ပြယုဂ်ဖြစ်ပြီး ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်။ အကယ်၍ လူသားသည် သမ္မာတရားကို နားလည်သဘောပေါက်ပြီး စုံလင်ခြင်းကို ရရှိပြီး ဖြစ်ပါက သူသည် သမ္မာတရား၏ပြယုဂ်နှင့် သက်ဆိုင်သေးသလော။ လူသားသည် စုံလင်စေခြင်းခံရသောအခါ ဘုရားသခင် ယခု လုပ်ဆောင်သမျှနှင့် သူတောင်းဆိုသမျှအပေါ် မှန်ကန်တိကျသော အကဲဖြတ်မှုတစ်ခု ရှိလေသည်။ ထို့အပြင် လက်တွေ့လုပ်ဆောင်ရန် မှန်ကန်တိကျသော နည်းလမ်းတစ်ခု ရှိလေသည်။ လူသားသည် ဘုရားသခင်၏အလိုတော်ကိုလည်း နားလည်သဘောပေါက်ပြီး အမှန်နှင့်အမှားကို သိ၏။ သို့တိုင် ဘုရားသခင် ပြောပြမှသာ သိနိုင်သော၊ လူတို့အဖို့ အလှမ်းမမီသည့် အမှုအရာအချို့ ရှိနေသည်။ ဘုရားသခင် လူသားအား မပြောသေးသည့်အရာများ၊ သူ မသိသေးသည့်အရာများကို သူ သိနိုင်ပါသလော။ (သူ မသိနိုင်ပါ။) လူသားသည် ခန့်မှန်းချက်များ မလုပ်နိုင်ပေ။ ထို့အပြင်၊ လူသားသည် ဘုရားသခင်ထံမှ သမ္မာတရားကိုရကာ သမ္မာတရား၏ စစ်မှန်မှုကိုရရှိပြီး သမ္မာတရားများစွာ၏ အနှစ်သာရကိုသိရှိကာ၊ အမှန်နှင့်အမှားကိုလည်း ပြောနိုင်စွမ်းရှိပါက၊ သူသည် အရာခပ်သိမ်းကို ထိန်းချုပ်ကာအုပ်စိုးနိုင်သော အစွမ်းရှိသလော။ (မရှိပါ။) ယင်းသည် ခြားနားချက် ဖြစ်သည်။ ဖန်ဆင်းခံ သတ္တဝါများသည် သမ္မာတရားကို သမ္မာတရား၏ ရင်းမြစ်မှသာလျှင် အမြဲရရှိနိုင်သည်။ သမ္မာတရားကို လူသားထံမှ ၎င်းတို့ ရနိုင်သလော။ ထိုအရာကို လူသားက ဖြည့်ဆည်းပေးနိုင်သလော။ လူသားက လူသားအတွက် ပံ့ပိုးပေးနိုင်သလော။ မပံ့ပိုးပေးနိုင်ပေ။ ယင်းသည်ပင် ခြားနားချက်ဖြစ်သည်။ သင်သည် ရရှိရုံရရှိနိုင်သည်၊ မပံ့ပိုးပေးနိုင်ပေ- သင့်ကို သမ္မာတရား၏ပြယုဂ်ဟု ခေါ်ဆိုနိုင် သလော။ သမ္မာတရား ပြယုဂ်၏ အနှစ်သာရဆိုသည်မှာ ဘယ်အရာ အတိအကျဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကိုပံ့ပိုးသော ရင်းမြစ်၊ ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာ၏ ရင်းမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးကို အကဲဖြတ်သော စံနှုန်းများနှင့် စည်းကမ်းများလည်းဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ပြယုဂ်ပေတည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၃)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။