Gospel Song - ဘုရားသခင်ရရှိရန်ဆန္ဒရှိသောအရာကိုမည်သည့်တန်ခိုးမျှမတားဆီး နိုင်ပါ
27.03.2021
ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ်
မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို။
ယနေ့တွင် ဘုရားသခင်သည် သူ၏ အမှုကို လုပ်ဆောင်ရန် ကမ္ဘာလောကသို့ ပြန်ကြွလာပြီးဖြစ်သည်။
သူ၏ ပထမဆုံးမှတ်တိုင်မှာ အာဏာရှင်အုပ်ချုပ်သူများ၏ ခမ်းနားသော အစုအဝေး-
ဘာသာမဲ့ အယူဝါဒ၏ ခိုင်မာသော ခံတပ်ဖြစ်သည့် တရုတ်နိုင်ငံ ဖြစ်သည်။
ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့အားဖြင့် လူတစ်စုကို ရယူပြီးဖြစ်သည်။
ဤကာလအတွင်းတွင်၊ ဘုရားသခင်သည် တရုတ်နိုင်ငံ အာဏာရပါတီ၏ နည်းအမျိုးမျိုးဖြင့်
လိုက်လံဖမ်းဆီးခြင်းကို ခံရပြီးဖြစ်ကာ
ခေါင်းချစရာနေရာမရှိ၊ အကွယ်အကာ ရှာမတွေ့နိုင်ဘဲ၊ ကြီးမားသော ဆင်းရဲဒုက္ခကို ခံရပြီးဖြစ်သည်။
ဤသို့ဖြစ်စေကာမူ၊ ဘုရားသခင်သည် သူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို ဆက်လက်လုပ်ဆောင်ဆဲ ဖြစ်သည်-
သူသည် သူ၏အသံကို မိန့်မြွက်ပြီး ဧဝံဂေလိတရားကို ဖြန့်သည်။
ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သူမျှ နားလည် သဘောပေါက်နိုင်ခြင်း မရှိပေ။
ဘုရားသခင်ကို ရန်သူကဲ့သို့ မှတ်ယူသော နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင်၊
ဘုရားသခင်သည် သူ၏ အမှုကို လုံးဝ မရပ်တန့်ဖူးပေ။
သာ၍ များသောလူတို့သည် သူ၏ အမှုနှင့် နှုတ်ကပတ်တော်ကို လက်ခံကြပြီး ဖြစ်သည်။
ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို
ကယ်တင်ရန် တတ်နိုင်သမျှ လုပ်ဆောင်သည့် အတွက်၊
ယင်းအစား ဘုရားသခင်သည် လူသားမျိုးနွယ်ဝင် အယောက်စီတိုင်းကို
ကယ်တင်ရန် တတ်နိုင်သမျှ လုပ်ဆောင်သည့် အတွက်၊
ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ်
မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို။
ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ
ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည်
နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။
ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။
ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။
ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည်
ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။
ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ်
မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို။
ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ
ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည်
နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ