Christian Song - အဆုံးထိတိုင်လိုက်လျှောက်ဖို့ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ကျိုးနွံနာခံရမည်
29.06.2025
၁
သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ ယင်းက အဆင့်တစ်ခုစီတိုင်းနှင့်အတူ ပို၍ အဆင့်မြင့်လာကာ မနက်ဖြန်၏ ထုတ်ဖော်ခြင်းသည် ယနေ့ထုတ်ဖော်ခြင်းထက် ပို၍အဆင့်မြင့်ပြီး တစ်ဆင့်ပြီးတစ်ဆင့် သာ၍ပင် အဆင့်မြင့်တက်လာသည်။ ထိုသို့သောအရာမှာ ဘုရားသခင်က လူသားကို စုံလင်အောင်ပြုသည့်အမှု ဖြစ်သည်။ အကယ်၍ လူတို့က အမီမလိုက်နိုင်ပါက၊ သူတို့သည် အချိန်မရွေး ဖယ်ရှားရှင်းလင်းခြင်းကို ခံရနိုင်သည်။ သူတို့၌ ကျိုးနွံနာခံသော စိတ်နှလုံးမရှိလျှင်၊ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်လိမ့်မည်မဟုတ်ပေ။ တမင်တကာဆန့်ကျင်ပြီး ပုန်ကန်တတ်သော သဘာဝဗီဇ ရှိသူအားလုံးသည် လျင်မြန်ပြီး အားမာန်ပါသော ဘုရားသခင့်အမှု၏ ဤအဆင့်၌ ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလိမ့်မည်။ တမင်ရည်ရွယ်၍ ကျိုးနွံနာခံပြီး မိမိကိုယ်ကိုယ် ဝမ်းမြောက်စွာ နှိမ့်ချသူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်သည်။
၂
ယခင်ခေတ်သည် ကုန်လွန်သွားပြီဖြစ်သည်၊ ဤသည်မှာ ခေတ်သစ်ဖြစ်၏။ ထို့ပြင် ခေတ်သစ်၌ အမှုသစ်ကို ပြုရပေမည်။ အထူးသဖြင့် လူတို့ စုံလင်အောင်ပြုခြင်းခံရသည့် နောက်ဆုံးသောခေတ်၌ ဘုရားသခင်သည် ပို၍သစ်သောအမှုကို ပို၍လျင်မြန်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်သောကြောင့် လူတို့သည် တမင်ရည်ရွယ်၍ ကျိုးနွံနာခံခြင်း မရှိလျှင် သူတို့အနေဖြင့် ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်ဖို့ ခက်ခဲသည်ကို မြင်ရလိမ့်မည်ဖြစ်သည်။ တမင်တကာဆန့်ကျင်ပြီး ပုန်ကန်တတ်သော သဘာဝဗီဇ ရှိသူအားလုံးသည် လျင်မြန်ပြီး အားမာန်ပါသော ဘုရားသခင့်အမှု၏ ဤအဆင့်၌ ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလိမ့်မည်။ တမင်ရည်ရွယ်၍ ကျိုးနွံနာခံပြီး မိမိကိုယ်ကိုယ် ဝမ်းမြောက်စွာ နှိမ့်ချသူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်သည်။
၃
ဘုရားသခင်သည် မည်သည့်စည်းမျဉ်းစည်းကမ်းများကိုမျှ ပုံသေစောင့်ထိန်းခြင်း မရှိသကဲ့သို့ သူသည် သူ့အမှု၏ မည်သည့်အဆင့်တိုင်းကိုမျှ ထာဝရကာလ မပြောင်းလဲသည့်အရာအဖြစ် မသတ်မှတ်ပေ။ ထိုအစား သူသည် သာ၍ပင် သစ်လွင်ပြီး၊ သာ၍ပင် အဆင့်မြင့်သည့် အမှုကို အပြောင်းလဲမရှိစွာ ပြုနေလေသည်။ အဆင့်တစ်ခုစီတိုင်းနှင့်အတူ သူ၏အမှုသည် ပို၍ပို၍ လက်တွေ့ကျလာပြီး၊ လူ၏ အမှန်တကယ်ဖြစ်သောလိုအပ်ချက်များနှင့် တိုး၍ပင် ကိုက်ညီလာသည်။ ထိုကဲ့သို့သောအမှုကို တွေ့ကြုံခြင်းအားဖြင့်သာ လူတို့သည် သူတို့၏ စိတ်သဘောထား နောက်ဆုံးပြောင်းလဲမှုကို ရရှိနိုင်သည်။ တမင်တကာဆန့်ကျင်ပြီး ပုန်ကန်တတ်သော သဘာဝဗီဇ ရှိသူအားလုံးသည် လျင်မြန်ပြီး အားမာန်ပါသော ဘုရားသခင့်အမှု၏ ဤအဆင့်၌ ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလိမ့်မည်။ တမင်ရည်ရွယ်၍ ကျိုးနွံနာခံပြီး မိမိကိုယ်ကိုယ် ဝမ်းမြောက်စွာ နှိမ့်ချသူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်သည်။
၄
လူသား၏ အသက်တာနှင့်ယှဉ်သော အသိသည် ပို၍ပင် မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိသည့်နည်းတူ၊ ဘုရားသခင်၏ အမှုသည်လည်း ပို၍ပင် မြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိလေသည်။ ထိုသို့အားဖြင့်သာ လူသားသည် စုံလင်အောင်ပြုခြင်းခံရနိုင်ပြီး၊ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်လာနိုင်သည်။ ဘုရားသခင်သည် တစ်ဖက်တွင် လူသား၏ အယူအဆများကို ဆန့်ကျင်ရန်နှင့် ပြောင်းပြန်လှန်ရန် ဤနည်းဖြင့် အမှုပြုသော်လည်း၊ အခြားတစ်ဖက်တွင် လူသားကို ပို၍အဆင့်မြင့်သော၊ ပို၍ လက်တွေ့ကျသော အခြေအနေသို့ရောက်အောင်၊ ဘုရားသခင်အား ယုံကြည်ခြင်းဆိုင်ရာ အဆင့်အမြင့်ဆုံးနယ်ပယ်သို့ ဦးဆောင်သွားရန်အတွက် ဖြစ်သည်၊ သို့မှသာ အဆုံး၌ ဘုရားသခင်၏ အလိုတော်မှာ ပြည့်စုံနိုင်မည် ဖြစ်သည်။ တမင်တကာဆန့်ကျင်ပြီး ပုန်ကန်တတ်သော သဘာဝဗီဇ ရှိသူအားလုံးသည် လျင်မြန်ပြီး အားမာန်ပါသော ဘုရားသခင့်အမှု၏ ဤအဆင့်၌ ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလိမ့်မည်။ တမင်ရည်ရွယ်၍ ကျိုးနွံနာခံပြီး မိမိကိုယ်ကိုယ် ဝမ်းမြောက်စွာ နှိမ့်ချသူများသာ လမ်းဆုံးအထိ ဆက်သွားနိုင်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည် မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ