Christian Dance (အသစ်သောအသက်တာ အတွက် ချီမွမ်းပါ)

08.03.2025

ဟာလာလူးယား။ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ပြီး ချီးမွမ်း။

ဟာလာလူးယား။ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ပြီး ချီးမွမ်း။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး

လူသားမျိုးနွယ်ကြား အလုပ်လုပ်ကာ စကားပြော။

နေ့စဉ် ကျွန်ုပ်တို့သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ပြီး

ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်ဝ။

သမ္မာတရားကို နားလည်ရသည်မှာ အလွန်အံ့ဖွယ်ကောင်းလိုက်လေခြင်း၊

စိတ်ဆင်းရဲမှုနှင့် မရေရာမှုတို့ မရှိတော့။

ကျွန်ုပ်တို့၏ အယူအဆများနှင့် နားလည်မှုလွဲခြင်းတို့အားလုံး ပပျောက်ပြီး

ကျွန်ုပ်တို့၏ ပုန်ကန်သော စိတ်သဘောထားများ ပြောင်းလဲ။

ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားသည် အလွန်အဖိုးတန်ပြီး

ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်ပေး။

ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားခြင်းသည် စစ်မှန်သော လွတ်လပ်မှုကို ဆောင်ကြဉ်းပေးပြီး

ကျွန်ုပ်တို့၏ ဝိညာဉ်များ လွတ်မြောက်ခံရသောကြောင့် ကျွန်ုပ်တို့ ကျယ်လောင်စွာ သီချင်းဆို။

တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုနှင့် စမ်းသပ်မှုများသည်

ဘုရားသခင်၏ အလျှံပယ်ဖြစ်သော စားတော်ပွဲဖြစ်။

ကျွန်ုပ်တို့၏အသက်များ တဖြည်းဖြည်း ကြီးထွားပြီး

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကာ ချီးမွမ်း။

အသင်းတော် အသက်တာသည် အလွန်အံ့ဖွယ်ကောင်း၊

ဘုရားသခင်က ကျွန်ုပ်တို့ကို ကိုယ်တိုင် လမ်းပြပြီး ထိန်းကျောင်းပေး။

ကျွန်ုပ်တို့သည် မိမိတို့၏တာဝန်များတွင် သဟဇာတကျကျ ပူးပေါင်းလုပ်ကိုင်၊

ကျွန်ုပ်တို့ကြားတွင် အတားအဆီး သို့မဟုတ် ကွာဟချက်မရှိ။

ရိုးရှင်းမှု၊ ရိုးသားမှုနှင့် ပွင့်လင်းမှုတို့ဖြင့်

ဘုရားသခင်အတွက် သက်သေခံရန် ကျွန်ုပ်တို့ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံး။

အရာခပ်သိမ်းတွင် ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ကျွန်ုပ်တို့ပြုမူပြီး

သူ့ကို စိတ်ကျေနပ်စေရန် မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်း။

ကျွန်ုပ်တို့သည် တည်ငြိမ်၍ လက်တွေ့ကျသော ပုံစံဖြင့် ဘုရားသခင်နောက် လိုက်လျှောက်ပြီး

ကျွန်ုပ်တို့၏ ရိုးသားသော စိတ်နှလုံးများကို သူ့ထံ ပူဇော်ဆက်ကပ်။

သူ၏ ကယ်တင်ခြင်းနှင့် ကျွန်ုပ်တို့ကို လူသစ်များအဖြစ် ပြောင်းပေးခြင်းအတွက်

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ်တို့ကျေးဇူးတင်။

မည်သူက သူ့စိတ်နှလုံးကို စကားဖြင့် မဖော်ပြဘဲနေသနည်း။

မည်သူက သူ့အချစ်ကို စကားဖြင့် မဖော်ပြဘဲနေသနည်း။

ကျွန်ုပ် လက်ခုပ်တီးနေစဉ် ဘုရားသခင်ကို လာချီးမွမ်းပြီး ကခုန်ကြ။

ကျွန်ုပ်တို့သည် ကမ္ဘာလောက၊ မိသားစုနှင့် ဇာတိပကတိမှ ရုန်းထွက်လွတ်မြောက်ခဲ့ပြီး

ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ချစ်သောအခါ ကျွန်ုပ်တို့သည် ဝမ်းမြောက်မှုနှင့်ပြည့်ဝ။

ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ နားထောင်ပြီး သူ့ကို ကျိုးနွံနာခံကာ

ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် ငြိမ်သက်မှု၊ ဝမ်းမြောက်မှုဖြင့် ပြည့်ဝ။

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့ လွတ်မြောက်ပြီး လွတ်လပ်ကာ

ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေရန် ကောင်းမွန်သော သက်သေခံချက်ပေး။

ဘုရားသခင်ကို ချစ်သောသူများသည် အလင်းတွင် နေထိုင်ပြီး

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ထာဝရချီးမွမ်း။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။