Myanmar Christian Song - ဘုရားသခင်ရှေ့တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေသည့်နည်း
22.12.2022
ဘုရားရှေ့တွင် သင့်စိတ်နှလုံးငြိမ်သက်စေသည့်နည်းများဟာ
ပြင်ပအရာများမှ သင့်စိတ်နှလုံးကို ရှောင်ခွာ၊ ဘုရားရှေ့တွင် ငြိမ်သက်၍
အာရုံပြုလျက် ဘုရားသခင်ထံ ဆုတောင်းလော့။
ဘုရားရှေ့တွင် စိတ်နှလုံးငြိမ်သက်လျက် နှုတ်ကပတ်တော်ကို စားသောက်၍ မွေ့လျော်ပါ။
ဘုရား၏ ချစ်ခြင်းမေတ္တာကို အာရုံပြု၍ စိတ်နှလုံးတွင် ဘုရား၏ အမှုကို ဆင်ခြင်လော့။
ဆုတောင်းခြင်းဖြင့် ဦးစွာ အစပြုလော့။
စိတ်ကို စုစည်း၍ သတ်မှတ်အချိန်၌ ဆုတောင်းလော့။
မအားလပ်၊ အချိန်မပေးနိုင်သည့်တိုင် သင့်အပေါ် ဘယ်အရာ ကျရောက်ပါစေ
ပုံမှန် နေ့စဉ်ဆုတောင်း၍ ဘုရားနှုတ်ကပတ်တော်ကို စားသောက်လော့။
ဘုရားထံ တိုးဝင်ချဉ်းကပ်၍ ဘုရား၏ချစ်ခြင်းမေတ္တာကို အာရုံပြုလော့။
ဘုရား၏နှုတ်ကပတ်တော်ကို ဆင်ခြင်သုံးသပ်၊ ပြင်ပအာရုံတွေကို မေ့ထားလော့။
ဘုရားရှေ့တွင် စိတ်နှလုံးငြိမ်သက်စေခြင်းမှာ
ဘုရားနှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ရန်အတွက်
အရေးကြီးဆုံးခြေလှမ်း တစ်ခုဖြစ်သည်။
ဒီသင်ခန်းစာကို အားလုံး အရေးတကြီးလိုအပ်၊
ဒီသင်ခန်းစာကို အားလုံး အရေးတကြီးလိုအပ်။
သင့်စိတ်နှလုံး ငြိမ်ဝပ်သည့်အခါ
အတွင်း၌ အာရုံစူးစိုက်ကာ အခြေအနေတိုင်း၌ ဘုရား၏ ချစ်ခြင်းမေတ္တာကို အောက်မေ့နိုင်သည်၊
ကိုယ်တော့်ထံ အမှန်တကယ် တိုးဝင်ချဉ်းကပ်၍ သင့်စိတ်နှလုံး ချီးမွမ်းခြင်းနှင့်ပြည့်လျှံ၊
ဆုတောင်းခြင်းထက် သာလွန်၍ ဝိညာဉ်ရင့်ကျက်မှုရှိမည်။
ဘုရားရှေ့တွင် အမှန်တကယ် ငြိမ်ဝပ်စွာ နေနိုင်ပြီးမှသာ
လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် သက်ရောက်သည်။
ကိုယ်တော်အားဖြင့် ဉာဏ်အလင်းပေး လမ်းပြခြင်းနှင့် အလင်းပေးခြင်းခံရလိမ့်မည်။
ကိုယ်တော်နှင့် မိတ်သဟာရဖွဲ့၍ အလိုတော်ကို နားလည်မည်။
လူတို့ ဤအထိရောက်နိုင်ရင် ဝိညာဉ်ရေးအသက်တာတွင် မှန်ကန်သော လမ်းသို့ ဝင်ရောက်နိုင်မည်။
ဘုရားရှေ့တွင် စိတ်နှလုံးငြိမ်သက်စေခြင်းမှာ
ဘုရားနှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ရန်အတွက်
အရေးကြီးဆုံးခြေလှမ်း တစ်ခုဖြစ်သည်။
ဒီသင်ခန်းစာကို အားလုံး အရေးတကြီးလိုအပ်၊
ဒီသင်ခန်းစာကို အားလုံး အရေးတကြီးလိုအပ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ