Christian Dance (မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ)
07.05.2024
၁
စကြဝဠာ နှင့် အရာခပ်သိမ်းတို့အပေါ် အုပ်စိုးတော်မူသည့် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊
အနတ္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ခရစ်တော်။
ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏သက်သေခံချက်၊ ငြင်းဆန်၍မရသော သက်သေဖြစ်သည်။
မည်သူမျှ သံသယမရှိကြစေရန်အလို့ငှာ၊
သန့်ရှင်းသောဝိညာဉ်တော်သည် နေရာအနှံ့တွင် သက်သေခံရန် ဆောင်ရွက်လျက်ရှိ၏။
အောင်နိုင်သူ ရှင်ဘုရင်၊ အနတ္တတန်ခိုးရှင် ဘုရားသခင်။
ကိုယ်တော်သည် ကမ္ဘာလောကကို အောင်နိုင်ခဲ့ပြီးဖြစ်၏၊
ကိုယ်တော်သည် အပြစ်တရားကို အောင်နိုင်ပြီးဖြစ်၏၊
ကိုယ်တော်သည် ကိုယ်တော်၏ရွေးနုတ်ခြင်းကို ပြီးမြောက်ပြီးဖြစ်၏။
မြေကြီးတစ်ခုလုံး ဝမ်းမြောက်ကြလေသည်။
မြေကြီးတစ်ခုလုံးသည် အောင်နိုင်သူ ရှင်ဘုရင်၊
အနတ္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းလေသည်။ အစဉ်ထာဝရပင်ဖြစ်သည်တကား၊
ကိုယ်တော်သည် ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းနှင့် ထိုက်တန်ပေ၏။
၂
စကြဝဠာ နှင့် အရာခပ်သိမ်းတို့အပေါ် အုပ်စိုးတော်မူသည့် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊
အနတ္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသော ကာလ၏ခရစ်တော်။
ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏သက်သေခံချက်၊ ငြင်းဆန်၍မရသော သက်သေဖြစ်သည်။
စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသော ဤလူအုပ်စု ဖြစ်သည့် ငါ့တို့အား ကိုယ်တော်သည် ကယ်တင်ပြီးဖြစ်ပြီး၊
ကိုယ်တော်၏ အလိုတော်ကို လိုက်လျှောက်စေရန်အလို့ငှာ ငါတို့အား စုံလင်စေခဲ့ပြီးဖြစ်၏။
ကိုယ်တော်သည် ကမ္ဘာလောကတစ်ခုလုံးအပေါ် မင်းအာဏာစက်ဖြင့် စိုးမိုးကာ၊
ဤမြေအား ပြန်လည်သိမ်းယူ၍လျက်၊
စာတန်အား အနက်ဆုံးသောတွင်းထဲသို့ မောင်းထုတ်လေသည်။
မြေကြီးတစ်ခုလုံး ဝမ်းမြောက်ကြလေသည်။
မြေကြီးတစ်ခုလုံးသည် အောင်နိုင်သူ ရှင်ဘုရင်၊
အနတ္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းလေသည်။ အစဉ်ထာဝရပင်ဖြစ်သည်တကား၊
ကိုယ်တော်သည် ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းနှင့် ထိုက်တန်ပေ၏။
ကိုယ်တော်သည် ကမ္ဘာလောကကို တရားစီရင်လျက်ရှိပြီး၊
မည်သူမျှ ကိုယ်တော်၏လက်တော်များမှ မလွတ်မြောက်နိုင်ပေ။
ကိုယ်တော်သည် ရှင်ဘုရင်ကဲ့သို့ စိုးစံလေသည်။
မြေကြီးတစ်ခုလုံး ဝမ်းမြောက်ကြလေသည်။
မြေကြီးတစ်ခုလုံးသည် အောင်နိုင်သူ ရှင်ဘုရင်၊
အနတ္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းလေသည်။ အစဉ်ထာဝရပင်ဖြစ်သည်တကား၊
ကိုယ်တော်သည် ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းနှင့် ထိုက်တန်ပေ၏။
သြဇာအာဏာနှင့် ဘုန်းတော်သည် စကြဝဠာ၏ ကြီးမြတ်သော အရှင်ဘုရင်အတွက် ဖြစ်ပါစေသော်။
သြဇာအာဏာနှင့် ဘုန်းတော်သည် စကြဝဠာ၏ ကြီးမြတ်သော အရှင်ဘုရင်အတွက် ဖြစ်ပါစေသော်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၇) မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ