မကြာသေးခင်က ဒုတိယအကြိမ်မြောက် “လူကြိုက်အများဆုံး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ” မဲပေးပွဲကို ကျွန်မတို့ ကျင်းပခဲ့ပါတယ်။ အဲဒီမဲပေးပွဲမှာ မကြာသေးခင်က “အသင်းတော် အသက်တာဆိုင်ရာ တိုက်ရိုက်သတင်းပေးပို့ချက်” တွေမှာ တင်ဆက်ခဲ့တဲ့ နိုင်ငံ ၁၀ နိုင်ငံဆီက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ၂၁ ခု ပါဝင်ပါတယ်။ ကမ္ဘာတစ်ဝန်းက ဘုရားသခင် ရွေးချယ်ထားသူတွေဟာ သူတို့ အနှစ်သက်ဆုံး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို စိတ်အားထက်ထက်သန်သန်နဲ့ မဲပေးခဲ့ကြပါတယ်။ ဒီအပိုင်းမှာတော့ အဆင့် ၆ ကနေ ၁၀ အထိ ရရှိခဲ့တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို ထုတ်ပြန်ပေးသွားမှာပါ။ ပြီးတော့ ဥရောပ၊ အိုရှန်းနီးယားနဲ့ အာဖရိကတိုက်တွေက စုဝေးပွဲနေရာတွေဆီ ခေါ်ဆောင်သွားပြီး ဒီသတင်းပေးပို့ချက်တွေကို ကြည့်ရှုပြီးတဲ့နောက် ညီအစ်ကိုမောင်နှမတွေ ဘာတွေ ခံစားရပြီး ဘာတွေ ရရှိခဲ့လဲဆိုတာကို နားဆင်ရမှာပါ။
00:10 အစီအစဉ်မှူး မိတ်ဆက်ခြင်း
02:00 အသင်းတော် အသက်တာဆိုင်ရာ သတင်းပေးပို့ချက်များကို ကြည့်ရှုပြီးနောက် ဥရောပ ခရစ်ယာန်များ၏ ပြန်လည်သုံးသပ်ချက်များ
10:45 အသင်းတော် အသက်တာဆိုင်ရာ သတင်းပေးပို့ချက်များကို ကြည့်ရှုပြီးနောက် အိုရှန်းနီးယားရှိ ခရစ်ယာန်များ၏ ပြန်လည်သုံးသပ်ချက်များ
19:21 အသင်းတော် အသက်တာဆိုင်ရာ သတင်းပေးပို့ချက်များကို ကြည့်ရှုပြီးနောက် အာဖရိက ခရစ်ယာန်များ၏ ပြန်လည်သုံးသပ်ချက်များ
27:18 အဆင့် ၁၀ နေရာက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ထုတ်ဖော်ပြသခြင်း (ဖိလစ်ပိုင်နိုင်ငံ-လိုင်ကာ-“တခြားသူတွေရဲ့ ပြဿနာတွေကို မဖော်ထုတ်တာက သူတို့အတွက် တကယ်ပဲ အကျိုးရှိသလား”) နှင့် ပရိသတ်၏ ဆင်ခြင်သုံးသပ်မှုများ
36:44 အဆင့် ၉ နေရာက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ထုတ်ဖော်ပြသခြင်း (ဗင်နီဇွဲလားနိုင်ငံ-ဒေးဗစ်-“ကျွန်တော် ကိုဗစ် ဖြစ်ပြီးနောက်ပိုင်း”) နှင့် ပရိသတ်၏ ဆင်ခြင်သုံးသပ်မှုများ
46:11 အဆင့် ၈ နေရာက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ထုတ်ဖော်ပြသခြင်း (ဖိလစ်ပိုင်နိုင်ငံ-လီအို-“ကျွန်တော်ရဲ့ စွမ်းရည်တွေကို မကြွားဝါတော့ပါ”) နှင့် ပရိသတ်၏ ဆင်ခြင်သုံးသပ်မှုများ
54:35 အဆင့် ၇ နေရာက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ထုတ်ဖော်ပြသခြင်း (ကို့ဒီဗွားနိုင်ငံ-အီဗာ-“ကျွန်မ၏ တစ်ကိုယ်ကောင်းဆန်သည့် သဘာဝကို ကျွန်မ မည်သို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသနည်း”) နှင့် ပရိသတ်၏ ဆင်ခြင်သုံးသပ်မှုများ
01:03:48 အဆင့် ၆ နေရာက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ထုတ်ဖော်ပြသခြင်း (ကို့ဒီဗွားနိုင်ငံ-အိုက်မီ-“ကျွန်တော့် နှုတ်ဆိတ်နေမှု၏ နောက်ကွယ်တွင် မည်သည့်အရာများ ကွယ်ဝှက်နေသနည်း”) နှင့် ပရိသတ်၏ ဆင်ခြင်သုံးသပ်မှုများ
01:13:31 အစီအစဉ်မှူး၏ နိဂုံးချုပ်မှတ်ချက်များနှင့် အသားပေးပြသချက်များ