ခရစ်ယာန်တို့ကို ညှဉ်းပန်းနှိပ်စက်မှု- စီစီပီသည် ရှေးခေတ်ရောမတို့၏ သေရာပါအမှားတို့ကို ထပ်မံ ကျူးလွန်လျက်ရှိသည်

02.02.2026

၂၀၁၉ ခုနှစ်မှာ ရှီကျင်ပင်းရဲ့ အာဏာရှင်စနစ်အုပ်စိုးမှုအောက်မှာ ရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဘာသာရေးဖိနှိပ်မှုဟာ ဆက်ပြီး မြင့်တက်ခဲ့ပါတယ်။ ဘာသာတရားယုံကြည်ခြင်း ရှိသူတွေရဲ့အခြေအနေဟာ အလျင်အမြန် ဆိုးရွားသွားခဲ့ပါတယ်။ ဘာသာရေးအဖွဲ့တွေဖြစ်တဲ့ ခရစ်ယာန်၊ ကက်သလစ်၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအားလုံးဟာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ကြရတယ်။ ရှင်ကျန်းဒေသမှာ မွတ်စလင် သုံးသန်းကျော်ဟာ ထိန်းသိမ်းရေးစခန်းတွေမှာ အကန့်အသတ်မရှိ ဆက်ပြီး ထိန်းသိမ်းခံခဲ့ရတယ်။ တိဘက်မှာဆိုရင်၊ ဘုန်းကြီးတွေနဲ့ သီလရှင်တွေ ထောင်ပေါင်းများစွာဟာ ထိန်းသိမ်းခံရပြီး၊ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်။ တစ်နိုင်ငံလုံးအနှံ့မှာ ဗုဒ္ဓဘာသာနဲ့ တာအိုဘုရားကျောင်းတွေ အများအပြားဟာ တားမြစ်ပိတ်ပင်ခံခဲ့ရတယ်။ ဘာသာရေးဆိုင်ရာ ရုပ်တုဆင်းတုတွေလည်း ဖြိုဖျက်ခံရတာမျိုး၊ မီးရှို့ခံရတာမျိုးတောင် ရှိခဲ့ပါတယ်။ နိုင်ငံအနှံ့က မရေမတွက်နိုင်တဲ့ အိမ်တွင်းအသင်းတော်တွေ၊ ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်တွေနဲ့ ကက်သလစ်အသင်းတော်တွေကို ပြင်းထန်တဲ့နည်းလမ်းတွေ သုံးပြီး အတင်းအကျပ် ပိတ်သိမ်းစေခဲ့ပါတယ်။ စီစီပီရဲ့ ဖိနှိပ်ညှဉ်းပန်းမှုကို ခံရတဲ့ ဘာသာရေးအဖွဲ့တွေ အားလုံးထဲမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်(စီအေဂျီ)ဟာ အပြင်းထန်ဆုံး နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရတယ်။ ၂၀၁၉ ခုနှစ်မှာ စီအေဂျီခရစ်ယာန် အနည်းဆုံး ၂၆၆၈၃ ဦးဟာ စောင့်ကြည့်နှောင့်ယှက်ခံခဲ့ရပြီး၊ ဖမ်းဆီးခံရသူ ၆၁၃၂ ဦး ရှိခဲ့ပါတယ်။ အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အတင်းအကျပ် အယူဝါဒသွတ်သွင်းတာတွေကို ကြုံခဲ့ရသူ ၃၈၂၄ ဦး ရှိပါတယ်။ ထောင်ဒဏ်ကျခံရသူ ၁၃၅၅ ဦး ရှိခဲ့ပြီး၊ သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံရသူ ၁၉ ဦး ရှိခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဖိနှိပ်ခံရမှုတို့ကို မှာ ထုတ်ဖော်ခဲ့ကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ဘာသာရေးယုံကြည်မှုတွေကို ဘာကြောင့်ဖိနှိပ်ပါသလဲ။

ဇွန်လ ၁၉ ရက်နေ့၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကောင်စီ၏ ၃၈ ကြိမ်မြောက်အစည်းအဝေးတွင် တွဲဖက်အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရေးနှင့်...

အနောက်တိုင်းမှ ပညာရှင်များနှင့် တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်တို့ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂတွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်းဆွေးနွေးစဉ်

၂၀၁၈ခုနှစ် မတ်လ၁ရက်နေ့တွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၃ရကြိမ်မြောက် အစည်းအဝေးတွင် တရုတ်ပြည်တွင်း...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။