၂၀၁၈ခုနှစ် မတ်လ၁ရက်နေ့တွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီ၏ ၃ရကြိမ်မြောက် အစည်းအဝေးတွင် တရုတ်ပြည်တွင်း ဘာသာရေးလွတ်လပ်ခွင့်များ ပိတ်ပင်ခြင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းတို့ကို လွတ်လပ်စွာယုံကြည်ခွင့်အတွက် တစ်ဦးချင်းနှင့် အစုအဖွဲ့ များဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ လွတ်သဘောဆွေးနွေးပွဲ
တစ်ခု ကျင်းပခဲ့သည်။ နိုင်ငံတကာ လေ့လာသူပညာရှင်
များနှင့် လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်မှုဆိုင်ရာ
ကျွမ်းကျင်သူများတို့မှ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်း
သားများ တရုတ်နိုင်ငံတွင် ဖိနှိပ်ညှဉ်းပန်းခံနေရခြင်းနှင့် တာင်ကိုရီးယား၊ ဥရောပနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံခြင်းတို့ မကြာခဏ ပယ်ချခံရခြင်းတို့ တွေ့ကြုံနေရသည့် ရုပ်ရှင်ဆန်ဆန် အခြေအနေများအပေါ် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအတွင်း အနောက်တိုင်းပညာရှင်များနှင့် တရုတ်ကွန်မြူနစ်ပါတီအစိုးရ
ကိုယ်စားလှယ်တို့ အချေအတင် ပြောဆိုခဲ့ကြသည်။