သခင်ယေရှုက ပရောဖက်ပြုခဲ့ပါတယ်၊ “ငါသည်အလျှင်အမြန် လာသည်။” (ဗျာဒိတ်ကျမ်း ၂၂:၇) “လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇) ဒီနေ့မှာ၊ သခင်ယေရှုရဲ့ ဒီပရောဖက်ပြုချက်တွေအားလုံး ပြည့်စုံပါပြီ။ ဘုရားရဲ့ပေါ်ထွန်းခြင်းကို တောင့်တပြီး သခင်ယေရှု မိုးတိမ်စီးပြီး ကြွလာခြင်းကို တမ်းတကြသူများစွာဟာ ဘုရားရဲ့အသံတော်ကို ကြားရပြီး သူ့ရဲ့ပလ္လင်တော်ရှေ့ကို ချီမခံကြရပြီဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်၊ ကမ္ဘာ့အရှေ့အရပ်ဖြစ်တဲ့ တရုတ်ပြည်မှာ လူသားဟာ စတင် စကားပြောဆိုခဲ့တဲ့အတွက် အရုဏ်မလာခင် ညအမှောင်ရဲ့တိတ်ဆိတ်မှုကို ဖြိုခွင်းသလိုဖြစ်ခဲ့သလို တရုတ်ပြည်က မတူညီတဲ့ ခရစ်ယာန်ဂိုဏ်းဂဏတွေကိုလည်း တုန်လှုပ်သွားစေခဲ့ပါတယ်။ လူတွေဟာ အလွန်ဝမ်းသာကြပြီး အချင်းချင်း အပြေးအလွှား ပြောဆိုကြရင်းနဲ့ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း၊ ဘုရားသခင်က စတင် စကားပြောဆိုပြီဖြစ်ကြောင်းတွေကို သက်သေခံကြပါတယ်။ ဆယ်စုနှစ်တစ်ခုအကျော်လောက်မှာတင် ဒီ လူသားရဲ့မိန့်မြွက်ချက်တွေက တရုတ်ပြည်မတစ်လျှောက် ပျံ့နှံ့ခဲ့ပါတယ်။ အဲဒါဟာ တရုတ်ပြည်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်က တရုတ်ပြည်မထဲ အုတ်အော်သောင်းတင်းဖြစ်စေရုံမက၊ ကမ္ဘာကြီးရဲ့ ကျန်တဲ့နေရာတွေကိုလည်း လှုပ်ခါသွားစေခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော် သန်းပေါင်းများစွာကို မတူညီတဲ့ နိုင်ငံတွေမှာ အင်တာနက်ကနေ လူသူမရွေး ရရှိအောင် ပြုလုပ်ထားပြီပဲ ဖြစ်ပါတယ်။ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို တောင့်တသူများစွာဟာ နှုတ်ကပတ်တော်တွေကို စတင်ရှာဖွေပြီး လေ့လာဆန်းစစ်ကြပါပြီ။ ဒါက ပညာရှင်တွေနဲ့ ပညာတတ်တွေရဲ့ အာရုံကိုလည်း ဆွဲဆောင်ထားလိုက်ပြီပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းမှာ "အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်" လို့ အမည်ရတဲ့ ဓာတ်ပုံပြပွဲတစ်ခုကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် (CAG)မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတကာက ကျော်ကြားတဲ့ ကျွမ်းကျင်သူတွေနဲ့ ပညာရှင်တွေ တစ်ဒါဇင်ကျော်ကို လာရောက်လေ့လာအောင် ဆွဲဆောင်ခဲ့တာပါ။ အသင်းတော်က ခရစ်ယာန်တွေဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို တွေ့ကြုံပြီးတဲ့နောက် သူတို့ခံစားချက်တွေနဲ့ သိမြင်မှုတွေကို လာရောက်ကြည့်ရှုသူတွေကို ပြောပြခဲ့ကြတယ်။