ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၀၅

“နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရဖို့ ကြိုးစားသူများအားလုံးသည် စွန့်ပစ်ခြင်းကို ခံရလိမ့်မည်၊ သူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရမည့် သူများမဟုတ်” ဟု အရင်က ငါပြောပြီးဖြစ်သည်။ ငါသည် စကားများစွာ ပြောခဲ့ပြီးဖြစ်သည်။ သို့သော် ငါ၏အလုပ်အကြောင်းကို သင်သည် နည်းနည်းလေးမျှ မသိ၊ ဤအခြေအနေအထိ ရောက်သည့်တိုင်သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တောင်းဆိုနေသေးသည်။ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများကို မြင်ရဖို့လော၊ သို့မဟုတ် အသက်ကို ရဖို့လော။ ယေရှုသည်လည်း ယနေ့တိုင် ပြည့်စုံခြင်း မရှိသေးသည့်နှုတ်ကပတ်တော် များစွာပြောခဲ့သည်။ မပြည့်စုံသေးသော နှုတ်ကပတ်တော်များကြောင့် ယေရှုကို ဘုရားသခင် မဟုတ်ဟု သင်ပြောမည်လော။ သူသည် ခရစ်တော် ဖြစ်သည်၊ ဘုရားသခင် ချစ်သောသားဖြစ်သည်ဟု ဘုရားသခင်က သက်သေခံခဲ့သည်။ ထိုအချက်ကို သင်ငြင်းနိုင်ပါသလား။ ယနေ့ခေတ်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များသာ ပြောသည်။ အကယ်၍ သင့်မှာ ထိုစကားများကို စေ့စေ့ စပ်စပ် နားလည်နိုင်စွမ်းမရှိလျှင် သင်သည် ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည် နိုင်မည်မဟုတ်။ သင်သူ့ကို ယုံခြင်းမှာ သူသည် ဘုရားသခင်ဖြစ်၍လော၊ သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသလား၊ မပြည့်စုံဘူးလားဆိုသည့် အချက်အပေါ်မူတည်ပြီး ယုံသလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သင်ယုံသည်လော၊ သို့မဟုတ် ဘုရားသခင်ကို သင်ယုံသည်လော။ ယနေ့ခေတ်၌ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ။ ထိုသို့မပြသောသူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလား။ အကယ်၍ သူပြောသည့် စကားများ မပြည့်စုံလျှင် သူသည် အမှန်တကယ် ဘုရားသခင် ဖြစ်ပါသလား။ ဘုရားသခင်၏ အနှစ်သာရက မည်သို့နည်း ဟူသည့်အချက်ကို ဆုံးဖြတ်သောအခါ၌ သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံသလား၊ မပြည့်စုံဘူးလားဟူသည့် အချက်အပေါ် မူတည်ပြီး ဆုံးဖြတ်ပါသလား။ လူအချို့သည် အဘယ်ကြောင့် ဘုရားသခင်ကို မယုံခင် သူပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံဖို့ အမြဲစောင့်နေကြသနည်း။ ထိုအချက်က ဘုရားသခင်ကို သူတို့ မသိကြောင်း ပြသည် မဟုတ်လော။ ထိုသို့သော အယူအဆများရှိသူ အားလုံးသည် ဘုရားသခင်ကို ငြင်းဆန်သူများဖြစ်သည်။ သူတို့သည် သူတို့၏ အယူအဆများကို အသုံးပြုပြီး ဘုရားသခင်ကို တိုင်းထွာကြသည်။ ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ ပြည့်စုံလျှင် သူတို့သည် ဘုရားသခင်ကို ယုံကြပြီး ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံလျှင်တော့ သူတို့သည် ဘုရားသခင်ကို မယုံကြ။ သူတို့သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ နောက်သို့ အမြဲလိုက်နေကြသည်။ ထိုသူတို့သည် ခေတ်သစ် ဖာရိရှဲများ မဟုတ်လော။ သင်တို့ ခိုင်မြဲစွာ ရပ်တည်နိုင်လား၊ မရပ်တည်နိုင်ဘူးလား ဟူသည့်အချက်သည် သင်တို့ ဘုရားသခင်အစစ်ကို သိ၊ မသိ ဟူသည့် အချက်အပေါ် မူတည်သည်။ ထိုအချက်သည် အလွန် အရေးကြီးသည်။ သင့်အသက်တာ၌ ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိသဘော သာ၍ ကြီးမားလေလေ၊ ဘုရားသခင်၏ လက်တွေ့အရှိသဘောကို သိသောအသိ သင့်မှာ တိုးလေလေဖြစ်ပြီး၊ စမ်းသပ်မှုများနှင့် ကြုံရသောအခါ၌ သင်သည် သာ၍ ခိုင်မြဲစွာ ရပ်တည်နိုင်လေလေဖြစ်သည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သင်ပိုပြီး မျှော်လင့်လေလေ၊ ခိုင်မာစွာ ရပ်တည်နိုင်စွမ်း သင့်မှာ လျော့နည်း လေလေဖြစ်ပြီး စမ်းသပ်မှု များနှင့် ကြုံရသောအခါ၌ သင်ပြိုလဲလိမ့်မည်။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် အခြေခံ အုတ်မြစ် မဟုတ်ပေ။ ဘုရားသခင်၏ လက်တွေ့အရှိသဘောသည်သာ အသက်ဖြစ်သည်။ အချို့လူများ သည် ဘုရားသခင်၏ အလုပ်အားဖြင့် ပြီးမြောက်မည့် အကျိုးသက်ရောက်မှုများကို မသိကြ။ သူတို့သည် စိတ်ရှုပ်ထွေးမှုနှင့် သူတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်၊ ဘုရားသခင်၏ အလုပ်အကြောင်းကို သိဖို့ မကြိုးစားကြ။ သူတို့ ကြိုးစားလုပ်ဆောင်သမျှသည် အမြဲတမ်းပင် သူတို့၏ အလိုဆန္ဒများကို ဘုရားသခင် ဖြည့်ဆည်းပေးအောင် လုပ်ဖို့ဖြစ်သည်၊ ထိုသို့ ကြိုးစားလုပ်ဆောင်ဖို့ အတွက်သာ သူတို့သည် ဘုရားသခင်ကို အလေးအနက်ထားပြီး ယုံကြည်ကြသည်။ ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များပြည့်စုံလျှင် အသက်ကိုရှာမည်ဟု သူတို့က ပြောကြသည်။ သို့သော် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ မပြည့်စုံလျှင် သူတို့အသက်ကို ရှာဖို့ဆိုသည်မှာ ဖြစ်နိုင်ခြေမရှိသောအရာဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ရဖို့ ကြိုးစားခြင်း၊ ကောင်းကင်နိုင်ငံနှင့် တတိယ ကောင်းကင်နိုင်ငံသို့ တက်နိုင်ဖို့ ကြိုးစားခြင်း ဖြစ်သည်ဟု သူတို့ထင်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ လက်တွေ့အရှိသဘောထဲသို့ ဝင်နိုင်အောင် ကြိုးစားဖို့၊ အသက်ကို ရအောင် ကြိုးစားဖို့၊ ဘုရားသခင်၏ ရယူခြင်းကိုခံရဖို့ဟု မည်သူကမျှ မပြောကြပေ။ ထိုသို့သော ကြိုးစားမှုသည် ဘာတန်ဖိုး ရှိသနည်း။ ဘုရားသခင်ကိုသိသော အသိကိုရအောင် မကြိုးစားသောသူများ၊ ဘုရားသခင်၏ ကျေနပ်မှုကို ရအောင် မကြိုးစားသောသူများသည် ဘုရားသခင်ကို မယုံသူများဖြစ်သည်၊ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုသူများ ဖြစ်သည်။

ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်းကို သင်တို့ ယခု နားလည် ကြပြီလား။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ခြင်းလား။ ကောင်းကင်နိုင်ငံသို့ တက်ခြင်းကို ပြောတာလား။ ဘုရားသခင်ကို ယုံကြည်ရခြင်းမှာ မလွယ်ပါ။ ယနေ့ ထိုသို့သော ဘာသာရေးဓလေ့ကို ဖယ်ရှားသင့်သည်။ အံ့သြဖွယ်ရာများ ဘုရားသခင် လုပ်ပြသည်ကို ကြိုးစားရှာဖွေခြင်း၊ အနာရောဂါများ ဘုရားသခင်ငြိမ်းစေသည်ကို ကြိုးစားရှာဖွေခြင်း၊ နတ်ဆိုးများ နှင်ထုတ်သည်ကို ကြိုးစားရှာဖွေခြင်း၊ ငြိမ်သက်ခြင်းနှင့် ကျေးဇူးတော်များစွာ ဘုရားသခင် ပေးသည်ကို ကြိုးစားရှာဖွေခြင်း၊ ဇာတိပကတိအတွက် ဇိမ်ခံစရာနှင့် အလားအလာများရှိအောင် ကြိုးစားရှာဖွေခြင်း စသည့် အရာများသည် ဘာသာရေးဓလေ့များဖြစ်သည်။ ထိုသို့သော ဘာသာရေး ဓလေ့များသည် မရေရာသော၊ စိတ်ကူးသက်သက်ဖြစ်သော ယုံကြည်ခြင်းဖြစ်သည်။ ယနေ့ခေတ်၌ စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အသက်တာ၏ လက်တွေ့အရှိသဘောအဖြစ် လက်ခံခြင်း၊ ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စေရန်အတွက် နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ကို သိခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်ကို သင်နာခံနိုင်ရန်၊ ဘုရားသခင်အား သင်ချစ်နိုင်ရန်၊ ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါတစ်ဦး အနေနှင့် လုပ်ဆောင်သင့်သော တာဝန်ကို သင်လုပ်ဆောင်နိုင်ဖို့ရန်အတွက် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သည့် ရည်ရွယ်ချက် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို သိသော အသိ၊ ဘုရားသခင်သည် ကြောက်ရွံ့ထိုက်သူ ဖြစ်ကြောင်းကို သိသောအသိ၊ ဘုရားသခင်သည် သူဖန်ဆင်းထားသော သက်ရှိသတ္တဝါများအကြား၌ ကယ်တင်ခြင်းအမှုနှင့် စုံလင်အောင် ပြုလုပ်ပေးသည့် အမှုကို မည်သို့ ပြုလုပ်ပေးသည်ကို သိသောအသိတို့ သင့်မှာ ရှိရမည်။ ဘုရားသခင်ကိုယုံလျှင် သင့်မှာ အနည်းဆုံး ထိုသို့သော အသိများ ရှိရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိ၌ ရှင်နေသော အသက်တာမှ ဘုရားသခင်ကို ချစ်သည့်အသက်တာသို့ ပြောင်းလဲခြင်း၊ သဘာဝအတိုင်းနေသည့် အသက်တာမှ ဘုရားသခင်၌တည်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ စာတန်၏ ပိုင်နက်ထဲမှ ထွက်ပြီး ဘုရားသခင်၏ စောင့်ရှောက် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း၊ ဘုရားသခင်ကို နာခံနိုင်စွမ်း ရှိခြင်း၊ ဇာတိပကတိကို မနာခံခြင်း၊ ဘုရားသခင်အား သင့်နှလုံးသား တစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ပေးခြင်း၊ ဘုရားသခင်က သင့်ကို စုံလင်အောင် လုပ်ပေးနိုင်ဖို့ အခွင့်ပေးခြင်း၊ အကျင့်ပျက်သော စာတန်၏ စိတ်သဘောထား မရှိအောင် ကိုယ်တိုင် ရုန်းထွက်ခြင်းတို့ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ ဘုန်းနှင့်တန်ခိုးကို သင့်အသက်တာမှာ ထင်ရှားနိုင်စေဖို့၊ ဘုရားသခင်၏ အလိုအတိုင်း သင်ဆောင်ရွက်နိုင်စေဖို့၊ ဘုရားသခင်၏ အကြံအစည် အထမြောက်အောင် လုပ်ဆောင်နိုင်ဖို့၊ စာတန်၏ ရှေ့၌ ဘုရားသခင်အကြောင်း သက်သေခံနိုင်စွမ်း ရှိစေဖို့ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရဖို့၊ သင်၏ ဇာတိပကတိ အကျိုးရှိဖို့ မဖြစ်သင့်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကိုသိအောင် ကြိုးစားရှာဖွေဖို့၊ ဘုရားသခင်ကို နာခံနိုင်စွမ်း ရှိဖို့၊ ပေတရုကဲ့သို့ သေသည်အထိ ဘုရားသခင်ကို နာခံဖို့ ဖြစ်သင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်း အောင်မြင်ဖို့အတွက်လိုသည့် ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးခြင်းသည် ဘုရားသခင်ကို သိဖို့၊ ဘုရားသခင် ကျေနပ်စေဖို့အတွက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသုံးခြင်းက သင့်အား ဘုရားသခင်အကြောင်း ပိုသိစေသည်၊ ထိုသို့ သိမှသာ သင်သည် ဘုရားသခင်ကို နာခံနိုင်သည်။ ဘုရားသခင်ကိုသိမှ သင်ဘုရားသခင်ကို ချစ်နိုင်သည်။ လူသားက ဘုရားသခင်ကို ယုံကြည်သည့် ရည်ရွယ်ချက်သည် ဘုရားသခင်ကို ချစ်ဖို့သာ ဖြစ်သင့်သည်။ သင်၏ ယုံကြည်ခြင်းသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများမြင်ရဖို့ အမြဲတမ်း ကြိုးစားခြင်းသာဖြစ်နေလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သော သင်၏အမြင်သည် လွဲမှားနေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်တာ၏ လက်တွေ့အရှိသဘောအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ထွက်စကားများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း၊ သင့်အထဲ၌ ဘုရားသခင်၏ နှုတ်ထွက်စကားများကို အကောင်အထည် ဖော်ခြင်းတို့အားဖြင့်သာ ဘုရားသခင်နှင့် ဆိုင်သော ရည်ရွယ်ချက်ကို ရရှိခြင်းဖြစ်သည်။ လူသားသည် ဘုရားသခင်ကို ယုံသောအခါ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့၊ ဘုရားသခင်ကို နာခံနိုင်စွမ်းရှိဖို့၊ ဘုရားသခင်ကို အပြည့်အဝ နာခံတတ်ဖို့ ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်ကို မြည်တွန်တောက်တီးခြင်း မရှိဘဲ နာခံနိုင်လျှင်၊ ဘုရားသခင်၏ အလိုဆန္ဒများကို ဂရုစိုက်လျှင်၊ ပေတရု၏ ဝိညာဉ်အသက်တာကို ပိုင်ဆိုင်လျှင်၊ ဘုရားသခင် ပြောသည့် ပေတရု၏ပုံစံအတိုင်း အသက်ရှင်လျှင်၊ သင်သည် ယုံကြည်ခြင်း၌ အောင်မြင်မှုကို ရရှိပြီးသော အချိန်ဖြစ်သည်။ ထိုသို့ အသက်ရှင်ခြင်းက ဘုရားသခင်က သင့်ကို ရယူပြီးပြီ ဖြစ်ကြောင်းကို ဖော်ပြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၅

ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၅

အသင် ငယ်ရွယ်နုပျိုသောသူအားလုံးသည် ခြင်္သေ့ပျိုများကဲ့သို့ ဖြစ်ကြပါသော်လည်း သင်တို့၏ စိတ်နှလုံးများတွင် မှန်သောလမ်းခရီး ရှိခဲလှပေသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၃

ယခင်ခေတ်များနှင့် နှိုင်းယှဉ်ပါက နိုင်ငံတော်ခေတ်အတွင်း ဘုရားသခင်၏ အလုပ်သည် ပို၍လက်တွေ့ကျပြီး၊ လူသားဖြစ်တည်မှုနှင့် သူ၏ စိတ်သဘောထား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၇

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။