ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၄

24.09.2020

လူသားသည် ငါ့ကိုယုံကြည်သော်လည်း ငါ့အတွက် သက်သေခံနိုင်ခြင်းမရှိ။ ထို့အပြင် ငါမည်သူဖြစ်ကြောင်း အသိမပေးမီ လူသားသည် ငါ့အတွက် သက်သေခံနိုင်ခြင်း မရှိ။ ငါသည် သက်ရှိသတ္တဝါများနှင့် သန့်ရှင်းမြင့်မြတ်သော လူသားအားလုံးထက် သာလွန်သည်ကိုသာ လူသားမြင်ပြီး ငါလုပ်သည့်အလုပ်ကို လူသားများမလုပ်နိုင်ကြောင်းကို မြင်သည်။ ထို့ကြောင့် ယုဒလူတို့မှ ယနေ့လူသားများအထိ ငါ၏ ဘုန်းတန်ခိုးကြီးသော အမှုတော်တို့ကို မြင်ဖူးသူတို့သည် ငါ့အကြောင်း သိလိုစိတ်နှင့်သာ ပြည့်လျှက်နေ၏။ သို့ရာတွင် သက်ရှိသတ္တဝါ၏ ပါးစပ်တစ်ခုမျှ ငါ့အပေါ် သက်သေမခံနိုင်ခဲ့ကြ။ ငါ့အဖသာလျှင် ငါ့အတွက် သက်သေခံခဲ့၏။ သက်ရှိသတ္တဝါတို့အားလုံးအကြား ငါ့အဖို့ လမ်းပြုလုပ်ခဲ့၏။ သို့မဟုတ်လျှင် ငါမည်မျှပင် အမှုတော်ထမ်းသော်လည်း ငါသည် ဖန်ဆင်းရှင်ဖြစ်ကြောင်း မည်သူမျှ သိမည်မဟုတ်။ အကြောင်းမူကား လူသားသည် ရယူရန်သာသိ၍ ငါ၏အမှုတော်ကြောင့် ငါ့အပေါ် ယုံကြည်ခြင်းမရှိ။ ငါသည် အပြစ်ကင်း၍ အပြစ်သားတစ်ယောက်မဟုတ်၍သာ လူသားသည် ငါ့ကိုသိ၏။ ငါသည် နက်နဲသောအရာ အများအပြားကို ရှင်းပြနိုင်၍၊ ငါသည် လူအများအပြားအထက်တွင်ရှိ၍၊ သို့မဟုတ် လူသားသည် ငါ့ထံမှ အကျိုးအမြတ် ရ၍သာ ငါ့ကိုသိ၏။ သို့သော် ငါသည် ဖန်ဆင်းရှင်ဖြစ်ကြောင်း ယုံကြည်သူနည်းပါး၏။ ထို့ကြောင့် လူသားသည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို မသိ၊ ငါ့ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သော်၎င်း၊ အရေးပါပုံကိုသော်၎င်း မသိဟု ငါပြော၏။ လူသားသည် စစ်မှန်မှု ချို့တဲ့နေပြီး ဤအချက်မှာ ငါ့ကိုသက်သေခံရန် ထိုက်တန်မှု မရှိသည်နီးပါးပင် ဖြစ်သည်။ သင်သည် စစ်မှန်သောယုံကြည်ခြင်း အလွန်နည်းပါးပြီး အကျိုးအမြတ်ရသည်မှာ နည်းသဖြင့် သင့်တွင် သက်သေခံချက် အလွန်နည်းသည်။ ထို့အပြင် သင်နားလည်သည်မှာ အလွန်နည်းပြီး အလွန်ချို့တဲ့လှသည်မှာ ငါ၏အမှုတော်များအတွက် သက်သေခံထိုက်ခြင်း မရှိသည့်နီးပါးပင်ဖြစ်၏။ သင်၏ သံန္နိဋ္ဌာန်ချမှတ်ချက်မှာ အလွန်ကြီးမားပေသည်။ သို့သော် သင်သည် ဘုရားသခင်၏အနှစ်သာရကို အောင်မြင်စွာ သက်သေခံနိုင်မည်အကြောင်း သေချာပါသလား။ သင်တွေ့ကြုံခဲ့သည့်အရာနှင့် မြင်တွေ့ခဲ့သည့်အရာတို့သည် ယခင် သန့်ရှင်းသူများ၊ ပရောဖက်များထက် သာလွန်၏။ သို့သော် ယခင် သန့်ရှင်းသူများနှင့် ပရောဖက်များ၏ စကားများထက် သာ၍ ကြီးမြတ်သော သက်သေခံချက်ကို သင်ပေးနိုင်မည်လား။ သင့်အပေါ် ငါယခုပေးသည့်အရာမှာ မောရှေထက် သာလွန်၍ ဒါဝိဒ်ထက် သာ၍ကြီးမြတ်သည်။ ထို့ကြောင့် အလားတူပင် သင်၏သက်သေခံချက်သည်လည်း မောရှေ၏ သက်သေခံချက်ထက် သာလွန်၍ သင်၏စကားများသည် ဒါဝိဒ်ထက် ကြီးမြတ်ရန် ငါတောင်းဆို၏။ ငါသည် သင့်ကို အဆတစ်ရာပေး၏။ ငါ့ကိုလည်း သင် ထိုနည်းတူ ပြန်ပေးရန် ငါတောင်းဆို၏။ ငါသည် လူသားမျိုးနွယ်ကို အသက် ပေးသူဖြစ်ကြောင်း၊ ငါ့ထံမှအသက်ကို ရရှိသူမှာ သင်ဖြစ်ကြောင်းနှင့် ငါ့အတွက် သက်သေခံရမည့်သူမှာ သင်ဖြစ်ကြောင်းကို သင်သိရမည်။ ဤသည်မှာ သင့်အပေါ် ငါချမှတ်ပြီး ငါ့အတွက် သင်လုပ်ပေးသင့်သည့် သင်၏ တာဝန်ဖြစ်သည်။ ငါ၏ဘုန်းတော်အားလုံးကို သင့်ကိုငါပေးခဲ့ပြီး ငါရွေးကောက်တော်မူသော ဣသရေလအမျိုးတို့ပင် မရခဲ့သော အသက် သင့်ကို ငါပေးခဲ့၏။ ရပိုင်ခွင့်အနေဖြင့် သင်သည် ငါ့အတွက် သက်သေခံသင့်၏။ ထို့နောက် သင်၏ ပျိုရွယ်မှုကို ငါ့ထံဆက်ကပ်၍ သင့်အသက်ပေးသင့်၏။ ငါ၏ဘုန်းတန်ခိုးတော်ကို ငါပေးသောသူသည် ငါ၏ သက်သေခံရမည်ဖြစ်၍ ငါ့အတွက် အသက်ပေးရမည်။ ဤသည်ကို ကာလကြာရှည်ကပင် ကြိုတင်ပြဋ္ဌာန်းထား၏။ သင့်အပေါ် ငါ၏ဘုန်းတန်ခိုးကို ငါပေးသည်မှာ သင်ကံကောင်း၏။ ထို့အပြင် သင့်တာဝန်မှာ ငါ၏ ဘုန်းတန်ခိုးကို သက်သေခံရန်ဖြစ်၏။ ဥစ္စာဓနရရှိရေးအတွက်သာ သင်သည် ငါ့ကိုယုံကြည်လျှင် ငါ့အမှုတော်သည် သိပ်အရေးပါမည်မဟုတ်။ ထို့အပြင် သင်သည်လည်း သင့်တာဝန်ကို ကျေပွန်မည် မဟုတ်ပေ။ ဣသရေလအမျိုးတို့သည် ငါ၏ကရုဏာ၊ မေတ္တာနှင့် တန်ခိုးအာနုဘော်တို့ကိုသာ မြင်၍ ယုဒလူတို့သည် ငါ၏စိတ်ရှည်ခြင်းနှင့် ရွေးနုတ်ခြင်းတို့ကိုသာ တွေ့ခဲ့သည်။ ငါ့ဝိညာဉ်၏ အမှုတော်အနည်းငယ်ကိုသာ ထိုသူတို့တွေ့ခဲ့၏။ သင်ကြားခဲ့၊ မြင်ခဲ့သည့်အရာ၏ အပုံတစ်သောင်းပုံ တစ်ပုံမျှသာ ထိုသူတို့နားလည်ခဲ့၍ ဖြစ်နိုင်သည်။ သင်မြင်ခဲ့သည့်အရာမှာ ၎င်းတို့အကြား ယဇ်ပရောဟိတ်များထက်ပင် ကျော်လွန်၏။ ယနေ့ သင်နားလည်ခဲ့သည့် သမ္မာတရားမှာ ထိုသူတို့ နားလည်သည်ထက် သာလွန်၏။ ယနေ့သင်တွေ့ခဲ့သည့်အရာမှာ ပညတ်တော်ခေတ် နှင့် ကျေးဇူးတော်ခေတ် တို့တွင် တွေ့ရှိခဲ့သည်ထက် ကျော်လွန်ပြီး သင်ကြုံတွေ့ခဲ့သည့်အရာမှာ မောရှေနှင့် ဧလိယတို့ ကြုံတွေ့ခဲ့သည်ထက်ပင် သာလွန်၏။ အကြောင်းမူကား ဣသရေလအမျိုးတို့ နားလည်ခဲ့သည်မှာ ယေဟောဝါ၏ ပညတ်တရားသာလျှင်ဖြစ်၍ ၎င်းတို့မြင်တွေ့ခဲ့သည်မှာ ယေဟောဝါ၏ ကျောပင်ဖြစ်သည်။ ယုဒလူတို့သည် ယေရှု၏ ရွေးနုတ်ခြင်းကိုသာ နားလည်၏။ ယေရှုပေးသနားသော ကျေးဇူးတော်သာလျှင် ရရှိခဲ့ပြီး ယုဒလူတို့၏အိမ်အတွင်းရှိ ယေရှု၏ရုပ်ပုံကိုသာ ထိုသူတို့တွေ့၏။ ယနေ့သင်မြင်သည်မှာ ယေဟောဝါ၏ ဘုန်းတန်ခိုး၊ ယေရှု၏ ရွေးနုတ်ခြင်းနှင့် ယနေ့ ငါ၏အမှုအားလုံးဖြစ်၏။ သင်သည်ငါ့ဝိညာဉ်၏ စကားများကိုလည်းကြား၏။ ငါ့အသိဉာဏ်ကိုလည်း နားလည်ကာ ငါ၏အံ့သြဖွယ်ရာအမှုကို သိလာ၍ ငါ၏စိတ်သဘောထားကိုလည်း သိလာ၏။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်အားလုံးကိုလည်း သင့်အား ငါပြောပြခဲ့၏။ သင်တွေ့ရှိခဲ့သည်မှာ မေတ္တာရှင်နှင့် ကရုဏာရှင်ဘုရားသခင်သာ မဟုတ်။ ဖြောင့်မတ်ခြင်းနှင့် ပြည့်စုံသူ ဖြစ်၏။ သင်သည် ငါ၏အံ့သြဖွယ်ရာအမှုတော်ကို တွေ့ခဲ့ပြီဖြစ်ပြီး ငါသည် ပြင်းစွာသော အမျက်နှင့် ဘုန်းတန်ခိုးအာနုဘော်တို့ဖြင့် ပြည့်ဝနေကြောင်းကို သိခဲ့၏။ ထို့အပြင် တစ်ချိန်က ဣသရေလအမျိုးတို့၏ အိမ်ပေါ်သို့ ငါ၏ဟုန်းဟုန်းတောက်နေသော ဒေါသကျရောက်စေခဲ့ကြောင်းကို သင်သိခဲ့ပြီး ဤအရာသည် ယနေ့ သင့်ထံသို့ ရောက်လာခဲ့၏။ သင်သည် ကောင်းကင်ဘုံရှိ ငါ၏နက်နဲသောအရာတို့ကို ဟေရှာယနှင့် ယောဟန်တို့ထက် ပို၍နားလည်ခဲ့၏။ သင်သည် ငါ၏နှစ်သက်ဖွယ်ကောင်းခြင်းနှင့် ကြည်ညို ကိုင်းရှိုင်းဖွယ်ကောင်းခြင်းတို့ကို ယခင် မျိုးဆက်များက သန့်ရှင်းသူအားလုံးထက် ပိုသိ၏။ သင်ရရှိခဲ့သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီး၊ အသက်တို့သာမက ယောဟန်ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ခဲ့ပြီး ငါ၏မျက်နှာတော်ကိုလည်း ဖူးမြင်ခဲ့၏။ သင်သည် ငါ၏တရားစီရင်ခြင်းများကို ပို၍လက်ခံခဲ့ပြီး ငါ၏ဖြောင့်မတ်သော စိတ်သဘောထား ကို ပိုသိခဲ့သည်။ ထို့ကြောင့် သင့်ကို နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့သော်လည်း သင်၏နားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်သည်။ ယနေ့၏အတွေ့အကြုံကိုလည်း သင်ကြုံတွေ့ ခဲ့ရသည်။ ဤသည်ကို ငါ၏လက်ဖြင့် ပြည့်စုံစေခဲ့ခြင်း ဖြစ်၏။ သင့်ကိုငါတောင်းဆိုသည်မှာ မထိုက်သင့်သောအရာ မဟုတ်။ အကြောင်းမူကား ငါသည် သင့်အား အလွန်အကျွံ ပေးခဲ့ပြီဖြစ်ပြီး ငါ့ထံမှ သင်အများအပြား တွေ့ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရှေးကာလများမှ သန့်ရှင်းသူတို့ထံ ငါ့အတွက် သက်သေခံပေးရန် ငါသင့်ကို တောင်းဆိုခြင်းဖြစ်ပြီး ဤသည်မှာ ငါ့နှလုံး၏ တစ်ခုတည်းသော ဆန္ဒဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။