ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၁

သင်တို့အနေဖြင့် ပို၍လက်တွေ့ကျသော သင်ခန်းစာများကို သင်ယူနေသင့်၏။ လူတို့နှစ်သက်သော ကြီးကျယ်သည့်၊ အနှစ်သာရမဲ့သော စကားတို့ကို မလိုအပ်ပေ။ အသိပညာအကြောင်း ပြောဆိုခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လူအသီးသီးသည် ရှေ့ကတစ်ယောက်ထက် ပို၍မြင့်သော်လည်း လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသေးပေ။ လူမည်မျှသည် လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံ သဘောတရားများကို နားလည်ပြီးပြီနည်း။ လူမည်မျှသည် တကယ့် သင်ခန်းစာများကို သင်ယူပြီးပြီနည်း။ လက်တွေ့အရှိတရားအကြောင်းကို မည်သူ မိတ်သဟာယ ပြုနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အသိပညာကို ပြောဆိုနိုင်ခြင်းသည် စစ်မှန်သော ဝိညာဉ်အသက်တာ သင် ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ ယင်းက သင်သည် တော်လျက်မွေးလာခဲ့သည်၊ ပါရမီရှိသည်ကိုသာ ပြ၏။ အကယ်၍ သင်သည် လမ်းကြောင်းကို မညွှန်ပြနိုင်ပါက ရလဒ်သည် အချည်းနှီးဖြစ်လိမ့်မည့်ဖြစ်ပြီး၊ သင်သည် အသုံးမကျသော အမှိုက်ဖြစ်လိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ခြင်း နှင့်ဆိုင်သော စစ်မှန်သည့် လမ်းကြောင်းတစ်ခုနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ မပြောဆိုနိုင်ပါက သင်သည် ဟန်ဆောင်နေခြင်း မဟုတ်လော။ အကယ်၍ သင်သည် အခြားသူများအား သင်ကိုယ်တိုင်၏ တကယ့်အတွေ့အကြုံများကို ပေး၍ ၎င်းတို့သင်ယူနိုင်သည့် သင်ခန်းစာများ သို့မဟုတ် ၎င်းတို့ လိုက်လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ပေးနိုင်ခြင်းမရှိပါက သင်သည် ဟန်ဆောင်နေခြင်း မဟုတ်လော။ သင်သည် အတုအယောင်တစ်ဦး မဟုတ်လော။ သင်၌ မည်သည့်တန်ဖိုး ရှိသနည်း။ ထိုသို့သောလူတစ်ဦးသည် “ဆိုရှယ်လစ်စနစ်၏ အတွေးအခေါ်ကို တီထွင်သူ” ၏ အခန်းကဏ္ဍမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး “ဆိုရှယ်လစ်စနစ် ပေါ်ပေါက်အောင် ဖန်တီးသူ” တစ်ဦးဖြစ်မလာနိုင်ပေ။ စစ်မှန်မှု မရှိခြင်းသည် သမ္မာတရားမရှိခြင်း ဖြစ်သည်။ စစ်မှန်မှု မရှိခြင်းသည် အသုံးမကျခြင်း ဖြစ်သည်။ စစ်မှန်မှုမရှိခြင်းသည် အသက်ရှင်လျက် သေနေခြင်းဖြစ်သည်။ စစ်မှန်မှုမရှိခြင်းသည် ရည်ညွှန်းစရာ တန်ဖိုးမရှိသည့် “မာတ်စ်- လီနင်ဝါဒီ တွေးခေါ်သူ” တစ်ဦးဖြစ်ခြင်း ဖြစ်သည်။ သင်တို့ အသီးသီးအနေဖြင့် အယူအဆများနှင့် ပတ်သက်၍ ပါးစပ်ပိတ်ကာ၊ လက်တွေ့ကျသည့်အရာ တစ်ခု၊ စစ်မှန်သည့် အရာတစ်ခုနှင့် အနှစ်သာရရှိသော အရာတစ်ခုအကြောင်းကို ပြောဆိုဆွေးနွေးရန် ငါ တိုက်တွန်း၏။ “ခေတ်သစ်အနုပညာ” အချို့ကို လေ့လာလော့၊ လက်တွေ့ကျသော အရာတစ်ခုကို ပြောဆိုလော့၊ တကယ်ဖြစ်သော အရာတစ်ခုကို ပံ့ပိုးပေးပြီး ဆက်ကပ်သော စိတ်ဝိညာဉ်တစ်ခု ရှိလော့။ စကားပြောသည့်အခါ စစ်မှန်မှုကို ရင်ဆိုင်လော့။ လူတို့ကို ပျော်ရွှင်စေဖို့ သို့မဟုတ် ရုတ်တရက် သင့်ကို သတိပြုမိစေဖို့၊ စစ်မှန်မှုမရှိဘဲ ချဲ့ကားသော ပြောဆိုမှုတွင် မမွေ့လျော်နှင့်။ ယင်းတွင် အဘယ်မှာ တန်ဖိုးရှိသနည်း။ လူတို့အား သင့်ကို နွေးထွေးစွာ ဆက်ဆံစေရာတွင် မည်သည့် အဓိပ္ပါယ်ရှိသနည်း။ သင်၏ ပြောဆိုချက်တွင် အနည်းငယ် “ကျွမ်းကျင်လှပစွာ ဖန်တီး” လော့၊ သင်၏ အပြုအမူတွင် အနည်းငယ်ပို၍ တရားမျှတမှု ရှိလော့၊ အမှုအရာများကို ကိုင်တွယ်ရာတွင် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားနှင့် ကိုက်ညီစေလော့၊ သင်ပြောဆိုသည့်အရာတွင် အနည်းငယ်ပို၍ လက်တွေ့ကျလော့၊ သင်လုပ်ဆောင်ချက်တိုင်းဖြင့် ဘုရားသခင်၏ အိမ်တော်ကို အကျိုးရှိစေရန် စဉ်းစားလော့၊ သင် စိတ်လှုပ်ရှားလာသည့်အခါ သင်၏ အသိစိတ်ကို နာခံလော့၊ ကြင်နာခြင်းကို အမုန်းတရားဖြင့် ပြန်လည် မဆပ်ပေးနှင့် သို့မဟုတ် ကြင်နာမှုအတွက် ကျေးဇူးမကန်းလေနှင့်၊ ပြီးလျှင် သင်သည် မကောင်းသော လွှမ်းမိုးမှုတစ်ခု ဖြစ်သွားမည်စိုးသဖြင့် သူတော်ကောင်း ယောင်ဆောင်သောသူ မဖြစ်စေနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ၊ ၎င်းတို့ကို စစ်မှန်မှုနှင့် ပို၍နီးကပ်စွာ ချိတ်ဆက်ပြီး၊ သင်မိတ်သဟာယဖွဲ့သည့်အခါ ပို၍လက်တွေ့ကျသော အရာများအကြောင်းကို ပြောလော့။ မတင်စားလေနှင့်။ ဤအရာက ဘုရားသခင်ကို စိတ်ကျေနပ်စေမည် မဟုတ်။ အခြားသူများနှင့် သင်၏ အပြန်အလှန်ဆက်ဆံမှုများတွင် အနည်းငယ်ပို၍ စိတ်ရှည်လော့၊ အနည်းငယ်ပို၍ လိုက်လျောလော့၊ အနည်းငယ်ပို၍ သဘောထားကြီးပြီး၊ “ဝန်ကြီးချုပ်၏ စိတ်ဓါတ်” မှ သင်ယူလော့။ မကောင်းသောအတွေးများ သင်၌ ရှိသည့်အခါ၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းအား ပိုမိုလက်တွေ့လုပ်ဆောင်လော့။ သင်အလုပ်လုပ်နေချိန်တွင် လက်တွေ့ကျသော လမ်းကြောင်းများနှင့်သက်ဆိုင်၍ ပိုမိုပြောဆိုကာ၊ မမြင့်မားလွန်းနှင့်၊ သို့မဟုတ်ပါက သင်ပြောသည့်အရာများကို လူတို့ရယူနိုင်ခြင်း မရှိဘဲ နေလိမ့်မည်။ ပျော်ရွှင်မှုကိုလျှော့ကာ ပံ့ပိုးမှုကို ပိုစေလော့- သင်၏ ဆက်ကပ်မှုရှိသော တစ်ကိုယ်ကောင်းမဆန်သည့် စိတ်ဝိညာဉ်ကို ပြလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမို အလေးထားလော့၊ သင်၏ အသိစိတ်ကို ပိုမို နာခံလော့၊ ပိုမို သတိရှိကာ ဘုရားသခင်သည် သင်တို့ကို နေ့စဉ် စိတ်ရှည်စွာနှင့် လေးနက်စွာ မည်သို့ စကားပြောဆိုသည်ကို မမေ့လျော့နှင့်။ “နှစ်ချုပ်စာအုပ်ဟောင်း” ကို မကြာခဏ ပို၍ ဖတ်ရှုလော့။ မကြာခဏ ပို၍ဆုတောင်းပြီး၊ ပို၍မိတ်သဟာယဖွဲ့လော့။ အလွန် မရေမရာဖြစ်ခြင်းကို ရပ်လော့၊ အသိဉာဏ် အနည်းငယ်ပြပြီး ထိုးထွင်းသိမြင်မှုတစ်ချို့ကို ရယူလော့။ သင်၏အပြစ်ပြုတတ်သော လက်ကို ဆန့်မိသောအခါ ပြန်၍ရုပ်လော့။ အလွန်ဝေးလှစွာ ရောက်သွားခွင့်မပြုနှင့်။ ယင်းသည် အသုံးမဝင်သကဲ့သို့ ဘုရားသခင်ထံမှ သင်ရရှိသည့်အရာသည် ကျိန်ခြင်းသာ ဖြစ်လိမ့်မည်၊ ထို့ကြောင့် သတိပြုလော့။ သင့်စိတ်နှလုံးအား အခြားသူများအပေါ် ကြင်နာသနားခြင်း ရှိစေပြီး၊ လက်ထဲက လက်နက်များဖြင့် အမြဲမထိုးနှက်နှင့်။ သမ္မာတရားနှင့်ဆိုင်သော အသိပညာအကြောင်းကို ပို၍ မိတ်သဟာယပြုပြီး၊ အခြားသူများအား အကူအညီပေးသောစိတ်ကို ထိန်းသိမ်းလျက် အသက်တာအကြောင်းကို ပို၍ပြောဆိုလော့။ အလုပ်ပိုလုပ်ပြီး အပြောလျှော့လော့။ ပိုမို၍ လက်တွေ့လုပ်ဆောင်ပြီး သုတေသနပြုခြင်းနှင့် စိစစ်ခြင်းတို့ကို လျှော့လော့။ သင်တို့ကိုယ်သင်တို့ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သာ၍တို့ထိခွင့်ပေးကာ ဘုရားသခင်အား သင့်ကို စုံလင်စေဖို့ အခွင့်အရေးများ သာ၍ပေးလော့။ လူသားအရိပ်လက္ခဏာများကို ပိုမိုဖယ်ရှားလော့။ သင်သည် အမှုအရာများ လုပ်ဆောင်သည့် လူ့နည်းလမ်းများ ပိုင်ဆိုင်လွန်းသေးသကဲ့သို့၊ သင်၏ အပေါ်ယံအားဖြင့် အမှုအရာများကိုလုပ်ဆောင်ပုံနှင့် အပြုအမူတို့သည် အခြားသူတို့အဖို့ မနှစ်မြို့စရာ ဖြစ်နေဆဲဖြစ်သည်။ ဤအရာများကို ပိုမို ဖယ်ရှားလော့။ သင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အလွန် မုန်းတီးစက်ဆုပ်ဖွယ်ကောင်းဆဲ ဖြစ်သည်။ အချိန်ကို ထိုအရာကို ပြုပြင်ခြင်းဖြင့် ပိုမိုကုန်ဆုံးလော့။ သင်သည် လူတို့ကို အဆင့်အတန်းများစွာ ပေးလွန်းသေး၏။ ဘုရားသခင်ကို အဆင့်အတန်း သာ၍ပေးကာ မလျော်ကန်လွန်းခြင်း မဖြစ်စေနှင့်။ “ဗိမာန်တော်” သည် ဘုရားသခင်နှင့် အစဉ် သက်ဆိုင်ပြီး၊ လူတို့၏ သိမ်းယူခြင်း မခံသင့်ပေ။ အတိုချုပ်အားဖြင့်၊ ဖြောင့်မတ်ခြင်းတရားအပေါ် ပိုမို အာရုံစိုက်ကာ စိတ်ခံစားချက်များအပေါ် နည်းစေလော့။ ဇာတိပကတိကို ဖယ်ရှားခြင်းသည် အကောင်းဆုံးဖြစ်၏။ စစ်မှန်မှုကို ပို၍ပြောဆိုကာ အသိပညာအကြောင်းကို လျှော့ပြောလော့။ အကောင်းဆုံးမှာ နှုတ်ပိတ်ပြီး မည်သည့်အရာမျှ မပြောဖို့ ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ပိုမိုပြောဆိုကာ တန်ဖိုးမဲ့သည့် ကြွားဝါမှုများကို နည်းစေလော့။ ယခုပင် စတင် လက်တွေ့လုပ်ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၃

လူသားကို ဖျက်ဆီးရန် စာတန်အသုံးချသော အဓိကလှည့်ကွက်များ ခြောက်ခုရှိ၏။ ပထမသည်ကား ထိန်းချုပ်ခြင်းနှင့် အကျပ်ကိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၉၈

နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၃

နေ့စဉ်ရက်တိုင်း လူတိုင်း၏ လုပ်ဆောင်ချက်များနှင့် အတွေးများသည် ဘုရားသခင်၏ စောင့်ကြည့်မှု ခံနေရပြီး၊ တစ်ချိန်တည်းတွင် သူတို့၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၁

ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ပြီးကတည်းက လူသားတို့၏အသက်တာကို အစဉ်အမြဲ ဦးဆောင်ခဲ့၏။ လူသားတို့ကို ကောင်းချီးများပေးသည့်နေရာမှာပင်ဖြစ်စေ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။