ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၁

12.10.2020

ဝိညာဉ်ရေး၌ စိတ်ဝင်စားမှုရှိရန် ချင့်ချိန်တတ်ခြင်း၊ နာခံတတ်ခြင်းနှင့် သိမြင်နိုင်သောအစွမ်းတို့ ရှိရန်ဆိုသည်မှာ သင်သည် တစ်စုံတစ်ရာနှင့် ကြုံတွေ့သည်နှင့် တစ်ပြိုင်နက်၊ သင်၏အတွင်း၌ ဘုရားသခင်၏ နူတ်ကပတ်တော်သည် အလင်းပြခြင်းနှင့် ဉာဏ်အလင်းပေးခြင်းရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။ ဤအရာကို ဝိညာဉ်ရေးကို စိတ်ဝင်စားမှုရှိခြင်းဟုခေါ်သည်။ ဘုရားသခင် လုပ်ဆောင်နေသော အရာအားလုံးသည် လူတို့၏ ဝိညာဉ်များကို နိုးကြားစေရန်အတွက်ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်က လူများသည် ထုံထိုင်းကာ ဉာဏ်နှေးနေကြသည်ဟု အမြဲပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူများ၏ ဝိညာဉ်များသည် သေဆုံးနေကြပြီဖြစ်ပြီး၊ ဝိညာဉ်နှင့်ဆိုင်သည့် အရာများကို လုံး၀သတိမမူတော့သည့် အခြေအနေသို့တိုင် ထုံထိုင်းနေကြပြီဖြစ်သည်။ ဘုရားသခင်၏အလုပ်သည် လူသားများ၏ အသက်တာများကို တိုးတက်စေရန်၊ လူတို့၏ ဝိညာဉ်များ ရှင်သန်လာကြခြင်းအလို့ငှာ လုပ်ဆောင်ရန်ဖြစ်သည်။ ထိုနည်းအားဖြင့် ဝိညာဉ်ရေး ဆိုင်ရာ အရာများကို သိရှိလာမည်ဖြစ်ပြီး သူတို့သည် သူတို့၏နှလုံးသားများထဲတွင် ဘုရားသခင်ကို အစဉ်အမြဲချစ်နိုင်ကာ ဘုရားသခင်ကို နှစ်လို စေမည်ဖြစ်သည်။ ဤအခြေအနေသို့ ရောက်ရှိလာပါက ထိုသူ၏ ဝိညာဉ်သည် ပြန်လည်နိုးကြားလာသည်ကို ပြနေခြင်းဖြစ်သည်။ ထိုသူသည် နောက်တစ်ကြိမ်တွင် တစ်စုံတစ်ရာ ကြုံလာသည့်အခါတွင် ချက်ချင်း တုန့်ပြန်နိုင်မည် ဖြစ်သည်။ သူသည် တရားဒေသနာများကိုလည်း တုန့်ပြန်မှုရှိပြီး ကြုံလာသည့် အခြေအနေ များကိုလည်း လျှင်မြန်စွာ တုန့်ပြန်တတ်မည်ဖြစ်သည်။ ဤအရာသည် မိမိ၏ဝိညာဉ်ကို စိတ်ဝင်စားမှု ရှိလာခြင်းဖြစ်သည်။ လူအတော်များများသည် အပြင်ဖက်တွင် ဖြစ်ပျက်နေသည့်အရာများကို လျှင်မြန်စွာ တုန့်ပြန်တတ်ကြသည်။ သို့သော် သူတို့သည် လက်တွေ့သဘောထဲ ဝင်ရောက်လာသည့်အခါ သို့မဟုတ် ဝိညာဉ်နှင့် ပတ်သက်သည့် အသေးစိတ်အရာများကို ဖော်ပြပြောကြားသည့် အခါများတွင်မူ သူတို့သည် ထုံထိုင်းကာ ဉာဏ်နှေးလာကြသည်။ သူတို့အား ငေးစိုက်ကြည့်သည့် အရာများကို နားလည်တတ်ကြသည်။ ဤလက္ခဏာများသည် ဝိညာဉ်ရေးတွင် ထုံထိုင်းကာ ဉာဏ်နှေးနေခြင်းနှင့် ဝိညာဉ်ရေးနှင့် ပတ်သက်သည့် အမှုအရာများတွင် အတွေ့အကြုံ အလွန်နည်းနေသေးသည်ကို ပြနေခြင်းဖြစ်သည်။ အချို့လူများသည် ဝိညာဉ်ရေးကို စိတ်ဝင်စားမှုရှိကာ အမြော်အမြင်လည်းရှိသည်။ သူတို့၏ အခြေအနေနှင့် ကိုက်ညီသည့် အကြောင်းအရာ တစ်စုံတစ်ခုကို ကြားသည်နှင့် အချိန်မဆွဲပဲ ချက်ချင်းရေးမှတ်ကြသည်။ မိမိတို့ တွေ့ကြုံ နေရသည့် အရာများနှင့် မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ချက်ချင်းအသုံးပြုလိုက်ကြသည်။ ထိုသူများသည် မိမိတို့၏ဝိညာဉ်ရေးကို စိတ်ဝင်စားသောသူများဖြစ်သည်။ ထိုသူသည် အဘယ်ကြောင့် လျှင်မြန်စွာ တုန့်ပြန်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မိမိ၏ နေ့စဉ်အသက်တာတွင် ဤအရာနှင့် ပတ်သက်သည့်အကြောင်းကို သတိမူသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုအရာနှင့် ပတ်သက်သည့် အကြောင်းကို ဖော်ပြခြင်းရှိပါက သူ၏ အတွင်းအခြေအနေနှင့် ကိုက်ညီနေတတ်ပြီး ချက်ချင်းပင် လက်ခံနိုင်ခြင်းဖြစ်သည်။ ထိုအရာသည် ဆာလောင်နေသောသူအား အစာပေးခြင်းနှင့် ဆင်တူသည်။ ထိုသူသည် ချက်ချင်းစားနိုင်သည်။ ဆာလောင်မှု မရှိသည့်သူကို အစာပေးပါက ထိုသူသည် မြန်မြန်ဆန်ဆန် တုန့်ပြန်မှုပေးမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းသောကြောင့် တစ်စုံတစ်ရာနှင့် ကြုံသောအခါတွင် သင်သည် ချက်ချင်းတုန့်ပြန်မှု ပေးနိုင်သည်။ ဘုရားသခင် အလိုရှိသော အရာသည်လည်း ဤအရာပင်ဖြစ်သည်။ သင်ပြုမူသင့်သည့် ပုံစံလည်းဖြစ်သည်။ ဘုရားသခင်သည် ယခင်က ဤကဲ့သို့သော အခြေအနေမျိုး၌ သင့်ကို လမ်းပြပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ထပ်မံတွေ့ကြုံရသောအခါ ဘုရားသခင်ကို နှစ်လိုစေရန်အလို့ငှာ မည်ကဲ့သို့ လုပ်ဆောင် ရမည်ကို သင်သိရှိပြီးဖြစ်သည်။ သင်သည် ဤကဲ့သို့ ကြုံသည့်အခါတိုင်း ဤကဲ့သို့ အစဉ်အမြဲ လေ့ကျင့်ပါက တစ်ချိန်ချိန်တွင် ဤအရာကို ကောင်းစွာကိုင်တွယ်လာနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်သည့်အခါ ဘုရားသခင်သည် မည်ကဲ့သို့သောသူများကို ရည်ညွှန်းပြောဆိုနေသည်ကို သင်သိလာမည် ဖြစ်သည်။ မည်ကဲ့သို့သော ဝိညာဉ်ရေးရာအကြောင်းများကို ပြောကြားနေသည်ဖြစ်ကြောင်း သင်သိလာမည် ဖြစ်သည်။ အဓိက အကြောင်းအရာများကိုလည်း သိရှိကာ လက်တွေ့ အသုံးချနိုင်မည်လည်း ဖြစ်သည်။ ဤသည်မှာ သင်သည်ခံယူကြုံတွေ့နိုင်ကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။ အဘယ်ကြောင့် အချို့သော သူများသည် ဤကဲ့သို့သော ရှုထောင့်လက္ခဏာ ချို့ယွင်းနေကြသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူများ သည် လက်တွေ့လိုက်လျှောက် ကျင့်သုံးမှုအပိုင်းတွင် အားစိုက်ထုတ်မှု မရှိသောကြောင့် ဖြစ်သည်။ သမ္မာတရားကို လိုက်လျှောက် အသက်ရှင်လိုကြသော်လည်း အစေခံခြင်း၏ အသေးစိတ် အကြောင်းအရာ များနှင့် မိမိတို့အသက်တာ၏ သမ္မာတရားဆိုင်ရာ အသေးစိတ်များကို ကောင်းစွာ နားလည်သဘောပေါက်မှု မရှိသေးပေ။ တစ်စုံတစ်ခုဖြစ်သောအခါ တွေဝေတတ်ကြသည်။ ဤအခြေအနေမျိုးတွင် ပရောဖက် အတု အယောင်၊ တမန်တော် အတုယောင်များနှင့် တွေ့သည့်အခါ သင်သည် သွေဖယ်သွားနိုင်သည်။ စဉ်းစား ချိန့်ချိန်နိုင်စွမ်းကို လျစ်လျှုရှုထားခြင်းသည် လက်ခံနိုင်ဖွယ်မရှိပေ။ ဝိညာဉ်ရေး အမှုအရာများကို အစဉ်အမြဲ သတိမူရမည်ဖြစ်သည်။ ဘုရားသခင်သည် အဘယ်အရာကို ပြောဆိုနေသနည်း။ ဘုရားသခင်သည် မည်ကဲ့သို့ အလုပ်လုပ်နေသနည်း။ လူအများပေါ်တွင် ဘုရားသခင် အဘယ်အရာ တောင်းဆိုနေသနည်း။ မည်ကဲ့သို့ သူများနှင့် အဆက်အသွယ် လုပ်ရမည်နည်း။ မည်ကဲ့သို့သူများကို ရှောင်ရှားရမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်သည့်အချိန်များနှင့် တကယ့်အတွေ့အကြုံများ တွေ့ကြုံနေသည့်အချိန်များတွင် ဤအရာများကို စိတ်နှလုံး သွင်းထားရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဤနည်းအတိုင်း အစဥ်အမြဲကြုံတွေ့နေပါက၊ သင်သည် သမ္မာတရားကို နားလည်သဘောပေါက်လာပြီး အရာအတော်များများကို နှံ့စပ်စွာ သိရှိနားလည်လာမည်ဖြစ်ပြီး ချင့်ချိန်နိုင်စွမ်းလည်း ရှိလာမည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ၏ ဆုံးမပဲ့ပြင်ခြင်းမှာ အဘယ်နည်း၊ လူသား၏ ရည်ရွယ်ချက်မှ ထွက်လာသည့် ပြစ်တင်ဝေဖန်ခြင်းမှာ အဘယ်နည်း၊ သန့်ရှင်းသော ဝိညာဥ်တော်၏ လမ်းပြပို့ဆောင်ခြင်းမှာ အဘယ်နည်း၊ ပတ်ဝန်းကျင်၏ စီစဥ်မှု ဆိုသည်မှာ အဘယ်နည်း၊ အတွင်း၌ နှုတ်ကပတ်တော်၏ ဉာဏ်အလင်းရခြင်းဆိုသည်မှာ အဘယ်နည်း။ ဤအရာများကို ရှင်းလင်းစွာမသိထားပါက ချင့်ချိန်နိုင်စွမ်း ရှိနိုင်မည်မဟုတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တာ်မှ လာသည့်အရာများကို သင်သည် သိရမည်။ ပုန်ကန်သော စိတ်သဘောထားဆိုသည်မှာ မည်သည်ဖြစ်သည်ကို သိထားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ လိုက်လျှောက်နာခံရမည်ကို သိရမည်။ သင်၏ ပုန်ကုန်တတ်သည့် သဘောသဘာ၀များကို စွန့်လွှတ်တတ်ရမည်။ ဤသမ္မာတရားများ အားလုံးကိုလည်း အသေးစိတ် သိထားရမည်ဖြစ်သည်။ သို့မှသာလျှင် တစ်စုံတစ်ရာ ဖြစ်လာသောအခါ သင့်တွင် နိုင်းယှဉ်ရန် အတွက် သင့်လျော်သော သမ္မာတရားလည်း ရှိပြီးဖြစ်မည်။ သင့်လျော်သော ရူပါရုံလည်း အခြေခံအုတ်မြစ် အဖြစ် ရှိပြီးဖြစ်မည်။ သင်လုပ်ဆောင်သည့် အမှုအရာတိုင်း၌ စည်းစနစ်ကျပြီး သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် သင်၏အသက်တာသည် ဘုရားသခင်၏ ဉာဏ်အလင်းရခြင်းနှင့်အတူ ကောင်းချီးမင်္ဂလာများနှင့် ပြည့်နေမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားရိုးသားစွာရှာဖွေသည့် မည်သူ့ကိုမဆို မတရား ဆက်ဆံမည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အလိုတော်နှင့်အညီ အသက်ရှင်သည့်၊ သူ့အတွက် သက်သေခံပေးသည့် မည်သူကိုမဆို မတရား ဆက်ဆံမည် မဟုတ်ပေ။ သမ္မာတရားအတွက် စိတ်ရင်းအမှန်နှင့် ဆာငတ်သည့် မည်သူကိုမဆို ကျိန်ဆဲမည်မဟုတ်ပေ။ နှုတ်ကပတ်တော်ကို စားသုံးသည့်အခါနှင့် သောက်သုံးသည့် အခါများတွင် မိမိ၏ အခြေအနေအမှန်၊ မိမိ၏ လိုက်လျှောက်မှုများနှင့် မိမိ၏ သိရှိနားလည်မှုများကို သတိမူပါ။ ထိုနည်းဖြင့် ပြဿနာနှင့် ကြုံသည့်အခါတွင် ဉာဏ်အလင်းကို ရရှိမည်ဖြစ်ပြီး လက်တွေ့ကျသည့် နားလည်မှုကို ရရှိမည်ဖြစ်သည်။ ထိုနည်းအားဖြင့် သင်သည် လိုက်လျှောက်ရမည့်လမ်းကို သိရှိမည်ဖြစ်ပြီး အရာရာတိုင်းကို ချင့်ချိန်နိုင်မည်ဖြစ်သည်။ သမ္မာတရား ရှိသောသူသည် လွယ်ကူစွာ လှည့်ဖြားခြင်း ခံရမည် မဟုတ်။ ဖျက်လိုဖျက်ဆီး ပြုမူမည်မဟုတ်။ လွန်ကဲစွာ ပြုမူမည်လည်း မဟုတ်ပေ။ သမ္မာတရားကြောင့် ထိုသူသည် လုံခြုံမည်ဖြစ်သည်။ သာ၍ နားလည်နိုင်စွမ်းလည်း ရရှိမည်ဖြစ်သည်။ လိုက်လျှောက် ကျင့်သုံး ရမည့် လမ်းများကိုလည်း ပိုမိုတွေ့ရှိမည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ရန်လည်း အခွင့်အရေး ပိုရှိမည်ဖြစ်သည်။ ပြီးလျှင် ပြီးပြည့်စုံရန် အတွက်လည်း အခွင့်အရေး ပိုရရှိမည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။