ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၂၀

ယေရှုနောက်လိုက်သည့် အချိန်အတောအတွင်းတွင်၊ ကိုယ်တော်နှင့်ပတ်သက်သည့် အယူအဆများစွာ ပေတရု ဖြစ်ပေါ်ခဲ့ပြီး မိမိ၏ ကိုယ်ပိုင်ရှုထောင့်အမြင်မှနေ၍ သူ့ကို အမြဲ ဝေဖန်မိခဲ့သည်။ ပေတရုသည် ဝိညာဉ်တော်နှင့် သက်ဆိုင်၍ သိနားလည်မှု အတိုင်းအတာတစ်ခု ရှိသော်လည်း သူ၏ သိနားလည်မှုက အနည်းငယ် မရှင်းမလင်းဖြစ်လေသည်၊ ထို့ကြောင့် သူက၊ “ကောင်းကင်ဘုံ အဖက စေလွှတ်သော သူနောက် ကျွန်ုပ် လိုက်ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော် ရွေးချယ်သောသူကို ကျွန်ုပ် အသိအမှတ်ပြုရပါမည်။” ဟု ပြောခြင်း ဖြစ်သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အရာများကို သူ နားမလည်ခဲ့သကဲ့သို့ ၎င်းတို့နှင့် ပတ်သက်၍ ရှင်းလင်းမှု မရှိခဲ့ချေ။ ကိုယ်တော့်နောက် အချိန်အတန်ကြာ လိုက်ပြီးနောက်တွင်၊ ကိုယ်တော်လုပ်ဆောင်ခဲ့သည့်အရာ၊ ပြောခဲ့သည့်အရာနှင့် ယေရှုကိုယ်တိုင်ကို ပေတရုက စိတ်ဝင်စားမှုတိုးလာခဲ့သည်။ ယေရှုက ချစ်ခင်မှုနှင့် လေးစားမှု နှစ်ခုလုံးကို ဖြစ်စေသည်ဟု သူ ခံစားလာခဲ့ရသည်။ ကိုယ်တော်နှင့်အတူ သူ ပေါင်းဖော်ရန်နှင့် သူ့ထံပါးတွင် နေဖို့ နှစ်သက်ခဲ့ပြီး ယေရှု၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းက သူ့ကို အထောက်အပံ့နှင့် အကူအညီပေးခဲ့သည်။ ယေရှုနောက် သူလိုက်ခဲ့သည့်အချိန်အတွင်းတွင်၊ သူ၏ လုပ်ရပ်များ၊ နှုတ်ကပတ်တော်များ၊ လှုပ်ရှားမှုများနှင့် မျက်နှာအမူအရာများဖြစ်သည့် ကိုယ်တော့် အသက်တာ၊ နှင့်ပတ်သက်သော အရာတိုင်းကို ပေတရုက လေ့လာပြီး နှလုံးသွင်းခဲ့သည်။ ယေရှုက သာမန်လူများကဲ့သို့ မဟုတ်ခဲ့ကြောင်းကို နက်ရှိုင်းသော နားလည်မှုတစ်ရပ် သူရရှိခဲ့သည်။ သူ၏ လူသား ပုံပန်းက အလွန်အမင်း သာမန်ဖြစ်ခဲ့သော်လည်း သူသည် လူသားအတွက် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်ခဲ့ပေသည်။ သူလုပ်ဆောင်ခဲ့သည့်အရာတိုင်း သို့မဟုတ် ပြောဆိုခဲ့သည့်အရာတိုင်းက အခြားသူအတွက် ကြီးမားသော အထောက်အကူဖြစ်ခဲ့ပြီး ပေတရုသည် ယခင်က သူ တစ်ခါမျှ မမြင်ဖူးခဲ့သကဲ့သို့ မပိုင်ဆိုင်ဖူးခဲ့သော အရာများကို ယေရှုထံမှ မြင်တွေ့ကာ ရရှိခဲ့သည်။ ယေရှုက ထည်ဝါခံ့ညားသော အရပ်အမောင်းဖြစ်စေ ပုံမှန်မဟုတ်သော လူသားသဘာဝတစ်ခုတစ်လေဖြစ်စေ မရှိခဲ့သော်လည်း၊ သူနှင့်ပတ်သက်၍ အမှန်ပင် သာမန်ထက်ထူးကဲပြီး ရှားပါးသော ဟန်ပန်တစ်ခု ရှိခဲ့ပေသည်။ ယင်းကို ပေတရုက အပြည့်အစုံ မရှင်းပြနိုင်သော်လည်း၊ ယေရှုက အခြားလူတိုင်းနှင့် မတူကွဲပြားစွာ ပြုမူခဲ့သည်ကို သူ မြင်နိုင်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ယေရှုလုပ်ဆောင်ခဲ့သည့်အရာများသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာများနှင့် အလွန်ကွဲပြားသောကြောင့် ဖြစ်သည်။ ယေရှုနှင့် သူထိတွေ့ဆက်ဆံရသည့် အချိန်များမှ၊ ပေတရုက ယေရှု၏ အကျင့်စရိုက်သည် သာမန်လူတစ်ဦး၏ အကျင့်စရိုက်မှ ကွဲပြားသည်ကိုလည်း မြင်တွေ့ခဲ့သည်။ ကိုယ်တော်သည် တည်ကြည်စွာ အမြဲ ပြုမူခဲ့ပြီး ဘယ်သောအခါမျှ အလျင်စလိုမဖြစ်၊ အကြောင်းအရာတစ်ခုကို ဘယ်သောအခါမျှ ချဲ့ကားပြောဆိုခြင်းမရှိသကဲ့သို့ အရေးမကြီးလေဟန် မလုပ်ခဲ့ပေ၊ ပြီးလျှင် သူသည် သူ၏အသက်တာကို သာမန်ဘ၀ရော ကြည်ညိုဖွယ်ဖြစ်သည့် အဖြစ်ပါ ဖော်ပြသည့် ပုံစံတစ်ခုဖြင့် သူ့ဘ၀ကို ပြုမူနေထိုင်ခဲ့သည်။ စကားစမြည်ပြောဆိုရာတွင်၊ ယေရှုသည် ရွှင်ပြသည့်တိုင် တည်ငြိမ်အေးချမ်းသော ပုံစံတစ်ခုဖြင့် အမြဲဆက်ဆံရင်း၊ ပွင့်ပွင့်လင်းလင်းနှင့် ချေငံစွာ စကားပြောခဲ့လေသည်၊ သို့တိုင် သူ၏ အမှုဆောင်ရွက်နေစဉ်တွင် သူ၏ ဂုဏ်သိက္ခာကို ဘယ်သောအခါမျှ သူ မဆုံးရှုံးခဲ့ပေ။ ယေရှုက တစ်ခါတစ်ရံ စကားနည်းသော်လည်း အခြားအချိန်များတွင် မရပ်မနားပြောခဲ့သည်ကို ပေတရု မြင်ခဲ့သည်။ တစ်ခါတစ်ရံ သူ အလွန်ပျော်ရွှင်ခဲ့သည်မှာ မြူးထူးပြီး ဆော့ကစားနေသော ချိုးငှက်အလား ထင်ရပြီး အခြားအချိန်များတွင် သူ အလွန်ဝမ်းနည်းသည်မှာ ခြေကုန်လက်ပန်းကျကာ မောပန်းနွမ်းနယ်သော မိခင်တစ်ဦးအလား ၀မ်းနည်းပူဆွေးမှုဖြင့် ဆို့နင့်နေပုံရလျက် လုံးဝ စကားမပြောခဲ့ပေ။ တစ်ခါတစ်ရံတွင် သူသည် ရန်သူတစ်ဦးကို သတ်ဖြတ်ရန် တစ်ဟုန်ထိုး ၀င်၍တိုက်ခိုက်နေသည့် ရဲရင့်သော စစ်သားတစ်ဦးအလား ဒေါသဖြင့် ပြည့်လေသည်၊ သို့မဟုတ် တစ်ချို့အချိန်များတွင် သူသည် ဟိန်းဟောက်နေသည့် ခြင်္သေ့ တစ်ကောင်နှင့်ပင် ဆင်တူလေသည်။ တစ်ခါတစ်ရံ သူ ရယ်မောခဲ့သည်၊ အခြားအချိန်များတွင် သူ ဆုတောင်းပြီး ငိုကြွေးခဲ့သည်။ ယေရှု အဘယ်သို့ ပြုမူပါစေ၊ ပေတရုသည် သူ့အတွက် အကန့်အသတ်မဲ့ ချစ်ခြင်းနှင့် လေးစားခြင်းတို့ တိုးပွားလာခဲ့သည်။ ယေရှု၏ ရယ်မောခြင်းက သူ့ကို ပျော်ရွှင်ခြင်းဖြင့် ပြည့်စေခဲ့သည်၊ ကိုယ်တော်၏ ဝမ်းနည်းခြင်းက သူ့ကို ပူဆွေးမှုထဲသို့ ထိုးဆင်းစေခဲ့သည်၊ ကိုယ်တော်၏ အမျက်ဒေါသက သူ့ကို ထိတ်လန့်စေသော်လည်း၊ ကိုယ်တော်၏ ကရုဏာ၊ ခွင့်လွှတ်ခြင်းနှင့် လူတို့အပေါ် ကိုယ်တော်ပြုသည့် တင်းကျပ်သော တောင်းဆိုမှုများက သူ့ကို ယေရှုအား အမှန်ချစ်လာစေပြီး ကိုယ်တော့်ကို စစ်မှန်သော ကြည်ညိုခြင်းနှင့် တောင့်တခြင်းတို့ကို ဖြစ်ပေါ်လာစေခဲ့သည်။ ဟုတ်ပေ၏၊ နှစ်များစွာ ယေရှုနှင့်အတူ အသက်ရှင်ပြီးမှ ဤအရာအားလုံးကို ပေတရု တဖြည်းဖြည်း နားလည်လာခဲ့ခြင်း ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၈

ပုံဝတ္ထု ၂။ ကြီးမားသောတောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီး ဟိုဟိုသည်သည် ကွေ့ကောက်စီးဆင်းနေသည့် စမ်းချောင်းလေး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၄၄

ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေဖို့၊ ဦးစွာပထမ သူ၏ စုံလင်စေခြင်းသည် မည်သည့်အရာ ဆိုလိုသည်၊ စုံလင်စေခြင်းခံရဖို့အလို့ငှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၅

တိုးတက်မှုအတွက် မကြိုးပမ်းသောသူများသည် အခြားလူများကို သူတို့ကဲ့သို့ပင် အပျက်သဘောဆောင်ဖို့နှင့် ပျင်းရိဖို့ရန် အမြဲ ဆန္ဒရှိကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၇

ဘုရားသခင်၏ အမျက်ဒေါသသည် ဖုံးကွယ်ထားပြီး၊ လူသားက မသိနိုင်သော်လည်း ထိုအရာသည် ထိပါးစော်ကားမှုကို သည်းမခံပေ မိုက်မဲခြင်းအားလုံးနှင့် အသိမဲ့သည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။