ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၁

ကမ္ဘာမြေပေါ်၌ များစွာသောသူတို့ကို ငါ၏နောက်လိုက်များဖြစ်ဖို့ ငါ ရှာဖွေပြီးဖြစ်သည်။ ဤနောက်လိုက်အားလုံးထဲတွင် ယဇ်ပရောဟိတ်များအဖြစ် အစေခံသူများ၊ ဦးဆောင်သူများ၊ ဘုရားသခင်၏သားများ၊ ဘုရားသခင်၏လူမျိုးများနှင့် အစေခံမှုကို ပြုသောသူများ ရှိကြ၏။ ငါ့ကို ၎င်းတို့ ပြသသော သစ္စာစောင့်သိမှုအပေါ် အခြေခံ၍ ၎င်းတို့ကို ငါအတန်းအစားခွဲခြား၏။ အားလုံးသည် အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခံရပြီးဖြစ်သည့်အခါ၊ ဆိုလိုသည်မှာ၊ လူအမျိုးအစား အသီးသီး၏ သဘာဝကို သိသာထင်ရှားစေပြီးသည့်အခါတွင်၊ လူသားမျိုးနွယ်အား ငါ၏ကယ်တင်ခြင်း ရည်မှန်းချက်ကို စွမ်းဆောင်ရရှိဖို့အလို့ငှါ၊ ငါသည် ၎င်းတို့အသီးသီးကို ၎င်းတို့ရှိထိုက်သော အတန်းအစားထဲတွင် ရေတွက်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သင့်တော်သည့်နေရာထဲတွင် အမျိုးအစားအသီးသီးကို ထားရှိမည်ဖြစ်သည်။ ငါကယ်တင်လိုသောသူများကို ငါ၏အိမ်တော်သို့ အစုလိုက် ငါဆင့်ခေါ်ပြီးနောက်၊ နောက်ဆုံးသောကာလ ငါ၏ အမှုကို ၎င်းတို့အားလုံးအား လက်ခံစေသည်။ တစ်ချိန်တည်းတွင်၊ ငါသည် ၎င်းတို့ကို အတန်းအစားအလိုက် အမျိုးအစားသတ်မှတ်ပြီး အသီးသီးကို ၎င်းတို့၏ လုပ်ရပ်များပေါ် အခြေခံ၍ ဆုလာဘ်ပေးသည်၊ သို့မဟုတ် အပြစ်ပေးသည်။ ယင်းတို့မှာ ငါ၏အမှု၌ ဖွဲ့စည်းပါဝင်သော အဆင့်များ ဖြစ်ကြ၏။

ယနေ့တွင်၊ ငါသည် ကမ္ဘာမြေပေါ်၌ နေထိုင်ပြီး၊ လူသားအလယ် နေထိုင်၏။ လူတို့သည် ငါ၏အမှုကို တွေ့ကြုံခံစားကြရပြီး၊ ငါ၏ မိန့်မြွက်ချက်များကို စောင့်ကြည့်ကြရကာ၊ ၎င်းတို့အနေဖြင့် ငါ့ထံမှ အသက်ကို ရရှိနိုင်ကြဖို့အလို့ငှာနှင့် ထိုသို့ဖြင့် ၎င်းတို့ နင်းလျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ရရှိကြဖို့အလို့ငှာ၊ ဤအရာနှင့်အတူ ငါသည် ငါ၏ နောက်လိုက်အသီးသီးအပေါ် သမ္မာတရားများအားလုံးကို အပ်နှင်း၏။ အကြောင်းမှာ၊ ငါသည်ဘုရားသခင်၊ အသက်ကို ပေးသူဖြစ်၏။ ငါ့အမှု၏ နှစ်ကာလများစွာအတွင်းတွင် လူတို့သည် များစွာ ရရှိကြပြီးဖြစ်ကာ များစွာ စွန့်လွှတ်ကြပြီးဖြစ်သည်၊ သို့သော် ၎င်းတို့သည် ငါ့ကို အမှန်တကယ် မယုံကြည်ကြဟု ငါ ပြောဆဲ ဖြစ်သည်။ အကြောင်းမှာ၊ လူတို့သည် ငါဘုရားသခင်ဖြစ်သည်ကို ၎င်းတို့၏ နှုတ်များဖြင့် အသိအမှတ်ပြုရုံမျှပြုကြသော်လည်း၊ ငါပြောဆိုသော သမ္မာတရားများကို ၎င်းတို့ သဘောမတူကြသည့်အပြင်၊ ၎င်းတို့ကို ငါ စေခိုင်းသည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြချေ။ ယင်းမှာ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကိုသာ အသိအမှတ်ပြုကြသော်လည်း၊ သမ္မာတရား၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုကြသော်လည်း၊ အသက်၏ တည်ရှိခြင်းကို အသိအမှတ်မပြုကြ။ လူတို့သည် ဘုရားသခင်၏နာမကို အသိအမှတ်ပြုကြသော်လည်း သူ၏ အနှစ်သာရကို အသိအမှတ်မပြုကြဟု ဆိုလိုသည်။ ၎င်းတို့သည် ငါ့ကိုလှည့်ဖြားဖို့ သာယာသော စကားများကိုသာ အသုံးပြုကြသည့်အတွက်၊ ငါသည် ၎င်းတို့ကို ၎င်းတို့၏စိတ်အားထက်သန်မှုအတွက် စက်ဆုပ်ရွံရှာ၏။ ၎င်းတို့ထဲမှ မည်သူမျှ ငါ့ကို အမှန်တကယ် မကိုးကွယ်ကြချေ။ သင်တို့၏ စကားများသည် မြွေ၏သွေးဆောင်ဖြားယောင်းခြင်း ပါရှိ၏။ ထို့အပြင်၊ ယင်းတို့သည် ကောင်းကင်တမန်မင်း၏ ကြေငြာချက်သဖွယ် လွန်လွန်ကဲကဲ စိတ်ကြီးဝင်ကြလေသည်။ ထို့အပြင်၊ သင်တို့၏ လုပ်ဆောင်ချက်များသည် အလွန်ဆိုးဝါးသော အတိုင်းအတာတစ်ခုထိ စုတ်ပြတ်ကာ ပေါက်ပြဲနေသည်။ သင်တို့၏ လွန်ကြူးသော စိတ်ဆန္ဒများနှင့် တပ်မက်သော ရည်ရွယ်ချက်များသည် နားကြားပြင်းကပ်စရာ ဖြစ်ကြသည်။ သင်တို့အားလုံးသည် ငါ၏အိမ်တွင် ပိုးဖလံများ၊ စက်ဆုပ်ရွံ့ရှာခြင်းဖြင့် စွန့်ပစ်ရမည့်အရာဝတ္ထုများ ဖြစ်သွားကြပြီးဖြစ်သည်။ အကြောင်းမှာ သင်တို့ထဲမှ မည်သူမျှ သမ္မာတရားကို မချစ်ပေ။ ထိုအစား၊ သင်တို့သည် ကောင်းချီးမင်္ဂလာ ခံစားရန်၊ ကောင်းကင်ဘုံသို့ တက်ရန်၊ ကမ္ဘာမြေပေါ်၌ ခရစ်တော်က သူ၏ တန်ခိုးအာဏာ ကိုင်စွဲခြင်းနှင့်ဆိုင်သည့် ခမ်းနားသော ရူပါရုံကို ရှုမြင်ရန် ဆန္ဒရှိကြပေသည်။ သို့သော်၊ သင်တို့ကဲ့သို့ ဘုရားသခင် အဘယ်အရာဖြစ်သည်ကို မသိလေသူ၊ အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသောသူ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏နောက်လိုက်ခြင်းငှာ အဘယ်သို့ ထိုက်တန်နိုင်မည်ကို သင်တို့ တွေးကြဖူးပါသလော။ ကောင်းကင်ဘုံသို့ သင်တို့ အဘယ်သို့ တက်ရောက်နိုင်ကြမည်နည်း။ ထိုသို့သော ခမ်းနားသည့် မြင်ကွင်းများ၊ ၎င်းတို့၏ ထည်ဝါမှုတွင် အစဉ်အလာမရှိသည့် မြင်ကွင်းများကို ရှုမြင်ခြင်းငှာ သင်တို့ အဘယ်သို့ ထိုက်တန်နိုင်ကြမည်နည်း။ သင်တို့၏ နှုတ်များသည် လှည့်ဖြားတတ်ကာ ညစ်ညူးသော စကားလုံးများ၊ သစ္စာဖောက်တတ်ပြီး မာနထောင်လွှားသော စကားများဖြင့် ပြည့်နေသည်။ သင်တို့သည် ငါ့ကို ရိုးသားစစ်မှန်မှု စကားများ၊ သန့်ရှင်းသော စကားများ၊ ငါ၏ နှုတ်ကပတ်တော်ကို တွေ့ကြုံပြီးနောက် ငါ့ကို ကျိုးနွံနာခံခြင်း စကားများအား မည်သည့်အခါတွင်မျှ သင်တို့ မပြောဖူးကြပေ။ နောက်ဆုံးတွင်၊ သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာနှင့် တူသနည်း။ သင်တို့၏ စိတ်နှလုံးများထဲတွင် လိုချင်တပ်မက်မှုနှင့် ငွေကြေးကလွဲ၍ မည်သည့်အရာမျှမရှိသကဲ့သို့၊ သင်တို့၏ စိတ်များထဲတွင် ရုပ်ဝတ္ထုပစ္စည်းများမှလွဲ၍ မည်သည့်အရာမျှမရှိပေ။ နေ့တိုင်း၊ သင်တို့သည် ငါ့ထံမှ တစ်စုံတစ်ရာ မည်သို့ရရှိမည်ကို တွက်ချက်ကြသည်။ နေ့တိုင်း၊ သင်တို့သည် ငါ့ထံမှ ချမ်းသာကြွယ်ဝမှု မည်မျှနှင့် ရုပ်ဝတ္ထုပစ္စည်း မည်မျှ ရရှိပြီးဖြစ်သည်ကို ရေတွက်နေကြသည်။ နေ့တိုင်း၊ သင်တို့သည် သင်တို့ မွေ့လျော်ခံစားနိုင်သည့် အရာများကို သာ၍များပြားသော အရေအတွက်များနှင့် သာ၍ မြင့်မားသော အဆင့်အတန်းတစ်ခုဖြင့် မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာ၊ သင်တို့အပေါ် ကောင်းချီးမင်္ဂလာများ ယခင်ထက် သာ၍ သက်ဆင်းလာဖို့ရန် သင်တို့ စောင့်စားကြ၏။ သင်တို့၏ အတွေးများ၌ အချိန်တိုင်းရှိသည်မှာ ငါမဟုတ်သကဲ့သို့၊ ငါ့ထံမှလာသော သမ္မာတရားလည်း မဟုတ်ဘဲ၊ ယင်းထက်၊ သင်တို့၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်တို့၏ သားများနှင့် သမီးများ၊ ပြီးလျှင် သင်တို့ စားသောက်ပြီး ဝတ်ဆင်သောအရာများ ဖြစ်ကြ၏။ သင်တို့သည် ယခင်ထက် သာ၍ ကြီးမားသည့်၊ ယခင်ထက် သာ၍ မြင့်မားသည့် ပျော်ရွှင်မှု မည်သို့ရရှိနိုင်သည်ကို စဉ်းစားကြသည်။ သို့သော်၊ သင်တို့သည် ကွဲထွက်မတတ် သင်တို့၏ ဗိုက်များကို ဖြည့်ပြီးသည့်အချိန်တွင်ပင်၊ အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ ဖြစ်သည် မဟုတ်လော။ အပြင်ပန်းအားဖြင့်၊ သင်တို့သည် အင်မတန် လှပသည့် အဝတ်အစားဖြင့် မိမိတို့ကိုယ်ကိုယ် ဆင်မြန်းကြသည့်အချိန်တွင်ပင်၊ သင်တို့သည် အသက်ကင်းမဲ့သည့် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ မဟုတ်လော။ သင်တို့၏ ဆံပင်များ အဖြူရောင်ဖြင့် အစင်းအကျားဖြစ်သည်အထိ၊ သင်တို့၏ ဝမ်းဗိုက်အတွက် သင်တို့ ပင်ပန်းကြီးစွာအလုပ်လုပ်ကြ၏၊ သို့သော်၊ သင်တို့ထဲမှ မည်သူမျှ ငါ၏အမှုအတွက် ဆံချည်တစ်ပင်မျှ မစွန့်လွှတ်ကြချေ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ဇာတိခန္ဓာအတွက်နှင့် သင်တို့၏သားများနှင့် သမီးများအတွက် သင်တို့၏ခန္ဓာကို ခက်ခဲပင်ပန်းစေကာ ဦးနှောက်ခြောက်အောင် စဉ်းစားရင်း၊ စဉ်ဆက်မပြတ် အလုပ်များနေသည်- သို့သော်၊ သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ငါ၏ အလိုအတွက် စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း တစ်ခုတစ်လေမျှ မပြပေ။ ငါ့ထံမှ ရရှိဖို့ သင်တို့ မျှော်လင့်ကြသေးသည်မှာ မည်သည့်အရာနည်း။

ငါသည် အမှုပြုသောအခါ မည်သည့်အခါတွင်မျှ အလျင်စလိုမဖြစ်ပေ။ လူတို့က ငါ့နောက် မည်သို့လိုက်ကြသည်ကို ပဓာနမထားဘဲ၊ ငါသည် ငါ၏ အမှုကို အဆင့်အသီးသီးနှင့်အညီ၊ ငါ၏ အစီအစဉ်နှင့်အညီ လုပ်ဆောင်သည်။ ထို့ကြောင့်၊ ငါ့ကို သင်တို့၏ ဆန့်ကျင်ပုန်ကန်မှုအားလုံး ရှိလင့်ကစား၊ ငါသည် ရပ်နားခြင်းမရှိဘဲ အမှုပြုနေဆဲဖြစ်ပြီး၊ ငါပြောရမည့်နှုတ်ကပတ်တော်များကို ငါဆက်လက်ပြောနေဆဲ ဖြစ်သည်။ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းခံရသောသူများသည် ငါ၏ နှုတ်ကပတ်တော်များကို နားဆင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ငါ့အိမ်တော်သို့ ငါဆင့်ခေါ်၏။ ငါ၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံသူများ၊ ငါ၏ နှုတ်ကပတ်တော်များကို တမ်းတသူများအားလုံးကို၊ ငါ၏ပလ္လင်ရှေ့သို့ ငါ ခေါ်ဆောင်၏။ ငါ၏ နှုတ်ကပတ်တော်များကို ကျောခိုင်းသောသူများ၊ ငါ့ကိုမနာခံသောသူများနှင့် ငါ့ကို အတိအလင်း ဖီဆန်သူများအားလုံးကို ၎င်းတို့၏ နောက်ဆုံးအပြစ်ဒဏ်ပေးခြင်းကို စောင့်ဆိုင်းရန် တစ်ဖက်သို့ ငါ ဖယ်ထား၏။ လူအားလုံးသည် ဖောက်ပြန်ပျက်စီးခြင်း အလယ်နှင့် မာရ်နတ်၏ လက်အောက်တွင် အသက်ရှင်ကြ၏၊ ထို့ကြောင့် ငါ့နောက်လိုက်သောသူများထဲမှ သမ္မာတရားကို အောက်မေ့သူ မများပေ။ ယင်းမှာ အများစုသည် ငါ့ကို အမှန်တကယ် မကိုးကွယ်ကြဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် ငါ့ကို သမ္မာတရားဖြင့် မကိုးကွယ်ကြဘဲ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းမှတဆင့်၊ လှည့်ဖြား တတ်သော နည်းလမ်းများဖြင့် ငါ၏ယုံကြည်မှုကိုရယူရန် ကြိုးစားကြလေသည်။ ဤအကြောင်းရင်းကြောင့် ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူ နည်းသည်ဟု ငါပြောရခြင်း ဖြစ်သည်။ ခေါ်တော်မူခြင်း ခံရသောသူများသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း ခံကြရပြီးဖြစ်ကာ ၎င်းတို့အားလုံး တစ်ခေတ်တည်းတွင် အသက်ရှင်ကြသည်- သို့သော်၊ ရွေးကောက် ခြင်းခံရသောသူတို့သည် ၎င်းတို့၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြပြီး၊ ၎င်းတို့သည် သမ္မာတရားကို ယုံကြည်ကာ အသိအမှတ်ပြုကြသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသောသူများ ဖြစ်ကြသည်။ ဤလူများသည် တစ်ခုလုံး၏ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး၊ ၎င်းတို့အလယ်မှ ငါသည် ဘုန်းအသရေ သာ၍ ရရှိပေလိမ့်မည်။ ဤနှုတ်ကပတ်တော်များနှင့်ယှဉ်၍ တိုင်းတာရာတွင်၊ သင်တို့သည် ရွေးကောက်ခံရသူများထဲတွင် ရှိသည်မရှိသည်ကို သိကြပါသလော။ သင်တို့၏ နိဂုံးသည် မည်သည့်အရာနှင့် တူလိမ့်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၃

နေ့စဉ်ရက်တိုင်း လူတိုင်း၏ လုပ်ဆောင်ချက်များနှင့် အတွေးများသည် ဘုရားသခင်၏ စောင့်ကြည့်မှု ခံနေရပြီး၊ တစ်ချိန်တည်းတွင် သူတို့၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၆

ပုံမှန်လူတစ်ဦးနှင့် တူအောင် ထိန်းသိမ်းရန်အတွက်၊ ဆိုလိုသည်မှာ ပုံမှန်လူသားသဘာဝကို ရရှိစေရန်၊ လူတို့သည် သူတို့ စကားလုံးများဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၈

တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းအသရေသည် စကြဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၇

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရ တည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။