ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၀

20.08.2020

ဘုရားသခင်၏ သြဇာအာဏာကို ကျယ်ပြန့်သည့်ရှုထောင့်နှင့် အနုစိတ်ရှုထောင့်များမှ သိနားလည်ခြင်း

ဘုရားသခင်၏ သြဇာအာဏာသည် အတုမဲ့ဖြစ်၏။ ၎င်းသည် ဘုရားသခင်ကိုယ်တိုင်၏ ထူးခြားသည့် ပင်ကို လက္ခဏာဆိုင်ရာ ဖော်ပြချက်၊ ထူးခြားသည့် အနှစ်သာရနှင့် ဝိသေသ လက္ခဏာဖြစ်သည်။ မည်သည့် ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်း မခံရသည့်အရာကမျှ ထိုကဲ့သို့သော အရာကို မပိုင်ဆိုင်ပေ။ ဖန်ဆင်းရှင်သာ ဤသို့သော သြဇာအာဏာမျိုးကို ပိုင်ဆိုင်သည်။ ဆိုလိုသည်မှာ အတုမရှိသည့် ဘုရားသခင်ဖန်ဆင်းရှင်သာ ဤနည်းလမ်းဖြင့်ဖော်ပြခံရပြီး ဤအနှစ်သာရရှိပေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ သြဇာအာဏာအကြောင်းကို ငါတို့ အဘယ်ကြောင့် ဆွေးနွေးသင့်သနည်း။ ဘုရားသခင်ကိုယ်တိုင်၏ သြဇာအာဏာသည် လူသား၏ စိတ်ထဲ၌ အကြံရသည့် “သြဇာအာဏာ” နှင့် မည်သို့ ကွာခြားသနည်း။ ၎င်းနှင့်ပတ်သက်ပြီး မည်သည့်အရာ ထူးခြားသနည်း။ ထိုအကြောင်းကို ဤနေရာတွင် ပြောဖို့ အဘယ်ကြောင့် အထူးသဖြင့် အရေးပါသနည်း။ သင်တို့ တစ်ဦးချင်းစီသည် ဤကိစ္စကို ဂရုတစိုက် စဉ်းစားသုံးသပ်ရမည်။ လူအများစုအတွက်၊ “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည်မှာ သိနားလည်ရန် အားထုတ်မှုများစွာ လိုအပ်သည့် အရာတစ်ခုဖြစ်ပြီး ထိုအရာကို ဆွေးနွေးခြင်းတစ်ခုတစ်လေသည် စိတ်ကူးသက်သက် ဖြစ်ဖို့များသည့် မသဲကွဲသော ထင်မြင်ယူဆချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် လူသားက ပိုင်ဆိုင်နိုင်စွမ်းရှိသည့် ဘုရားသခင်၏ သြဇာအာဏာနှင့် သက်ဆိုင်သော အသိပညာနှင့် ဘုရားသခင်၏ သြဇာအာဏာနှင့် သက်ဆိုင်သော အနှစ်သာရတို့ကြား အစဉ် ကွာဟမှုတစ်ခု ရှိပေလိမ့်မည်။ ဤကွာဟမှုကို ဖြည့်ဆည်းဖို့ လူသားက လက်လှမ်းမှီသည့်၊ ၎င်းတို့၏ တကယ့်ဘဝများတွင် လူသားတို့ နားလည်ရန် ၎င်းတို့ တတ်စွမ်းနိုင်မှုအတွင်းတွင်ရှိသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများ သို့မဟုတ် ဖြစ်ရပ်များမှတဆင့် ဘုရားသခင်၏ သြဇာအာဏာကို အယောက်တိုင်း တဖြည်းဖြည်းချင်း သိလာရပါမည်။ “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည့် စကားရပ်သည် ဉာဏ်မမှီနိုင်ဟု ထင်ရသော်လည်း ဘုရားသခင်၏ သြဇာအာဏာသည် စိတ်ကူးသက်သက် လုံးဝ မဟုတ်ပေ။ ဘုရားသခင်သည် နေ့စဉ် သူ့ကိုဦးဆောင်ပေးလျက် လူသားဘဝ၏ မိနစ်တိုင်းတွင် သူနှင့်အတူရှိနေ၏။ ထို့အတွက်ကြောင့် တကယ့် ဘဝတွင် လူတိုင်းသည် ဘုရားသခင့် သြဇာအာဏာ၏ လက်ဆုပ်လက်ကိုင် ပြ၍အရနိုင်ဆုံးသော လက္ခဏာသွင်ပြင်ကို သေချာပေါက် မြင်ပြီး တွေ့ကြုံရပေလိမ့်မည်။ ဤလက်ဆုပ်လက်ကိုင် ပြ၍ရနိုင်သော လက္ခဏာသွင်ပြင်သည် ဘုရားသခင်၏ သြဇာအာဏာ အမှန်တကယ် တည်ရှိကြောင်း လုံလောက်သည့် သက်သေဖြစ်ပြီး၊ ဘုရားသခင်က ထိုသို့သော သြဇာအာဏာအား ပိုင်ဆိုင်သည်ကို အပြည့်အဝ သိမြင်ပြီး နားလည်သဘောပေါက်ခွင့်ပေးလေသည်။

ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး ယင်းကို ဖန်ဆင်းလျက် အရာခပ်သိမ်းအပေါ် အုပ်စိုးမှု ရှိလေသည်။ အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းအပြင် သူသည် အရာအားလုံးကို ထိန်းချုပ်ထား၏။ “ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်” ဆိုသည့် အယူအဆက မည်သည်ကို ဆိုလိုသနည်း။ မည်သို့ရှင်းပြ၍ ရနိုင်သနည်း။ ယင်းသည် လက်တွေ့ဘဝနှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်ဆိုသည့် အချက်ကို သိနားလည်ခြင်းက ဘုရားသခင်၏ သြဇာအာဏာကို သိနားလည်မှုဆီသို့ အဘယ်သို့ ဆိုက်ရောက်စေသနည်း။ “ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်ထားသည်” ဆိုသည့် တကယ့်စကားရပ်မှ၊ ဘုရားသခင် ထိန်းချုပ်သည့်အရာမှာ လူသားမျိုးနွယ် တစ်စိတ်တစ်ပိုင်း မပြောနှင့်၊ ဂြိုဟ်များ၏ တစ်စိတ်တစ်ပိုင်း မဟုတ်သကဲ့သို့ ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ဒေသမဟုတ်ဘဲ အရာအားလုံးဖြစ်သည်ကို ငါတို့ သိသင့်၏။ ထူးကဲကြီးမားသည်မှ သေးငယ်မှုန်မွှားသည့်အရာအထိ၊ မြင်နိုင်သည့်အရာများမှ မမြင်နိုင်သည့်အရာအထိ၊ စကြဝဠာအတွင်းက ကြယ်များမှ ကမ္ဘာမြေကြီးပေါ်က သက်ရှိများအထိအပြင် ပကတိမျက်စိနှင့် မမြင်နိုင်သည့် အဏုဇီဝရုပ်များနှင့် တစ်ခြားပုံသဏ္ဌာန်များဖြင့် တည်ရှိနေသည့် သတ္တဝါများအထိဖြစ်ပေသည်။ ဤကား ဘုရားသခင်က “ထိန်းချုပ်ထားသည်” ဆိုသည့် “အရာအားလုံး” ၏ တိကျသည့် ဖွင့်ဆိုချက်ဖြစ်၏၊ ယင်းသည် သူ၏ သြဇာအာဏာနှင့်ဆိုင်သော နယ်ပယ်၊ သူ၏ အချုပ်အခြာအာဏာနှင့် အုပ်စိုးမှုတို့၏ အတိုင်းအတာ ဖြစ်သည်။

ဤလူသားမျိုးနွယ် ဖြစ်တည်မလာမီတွင်၊ စကြဝဠာတည်း ဟူသော ဂြိုဟ်အားလုံး၊ မိုးကောင်းကင်မှ ကြယ်များအားလုံးသည် တည်ရှိနှင့်ပြီးဖြစ်သည်။ ကျယ်ပြန့်သည့်ရှုထောင့်အဆင့်တွင် မိုးကောင်းကင်တွင်ရှိသည့် ဤအစုအဝေးများသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် သူတို့ဖြစ်တည်နေသည့် တစ်လျှောက်လုံး နှစ်ပေါင်းမည်မျှ ကြာပြီဖြစ်သော်လည်း ပုံမှန်လည်ပတ်နေခဲ့သည်။ မည်သည့်ဂြိုဟ်က သီးသန့် မည်သည့်အချိန်တွင် မည်သည့် အရပ်ကိုသွားသည်၊ မည်သည့် ဂြိုဟ်က မည်သည့်အလုပ်ကို လုပ်ပြီး မည်သည့်အချိန်တွင် လုပ်သည်၊ မည်သည့် ဂြိုဟ်က မည်သည့် ဂြိုဟ်ပတ်လမ်းကြောင်းတစ်လျှောက် လည်ပတ်သည်၊ ပြီးလျှင် မည်သည့်အချိန်တွင် ပျောက်ကွယ်သည် သို့မဟုတ် အစားထိုး ခံရသည်- ဤအရာအားလုံးသည် အမှားအယွင်း အနည်းငယ်မျှ မရှိဘဲ ဆက်ဖြစ်နေပေသည်။ ဂြိုဟ်များ၏ တည်နေရာများနှင့် ၎င်းတို့ကြားထဲက အကွာအဝေးအားလုံးက တိကျသည့် ပုံစံများကို လိုက်နာကြသည်၊ အားလုံးကို တိကျသည့်အချက်အလက်နှင့် ဖော်ပြ၍ရသည်။ ၎င်းတို့ ခရီးနှင်သည့် လမ်းကြောင်းများ တစ်လျှောက်၊ ၎င်းတို့၏ လည်ပတ်မှု မြန်နှုန်းနှင့် ပုံစံများ၊ အနေအထား အမျိုးမျိုးဖြင့်၄င်းတို့ရှိသည့်အချိန်- ဤအရာ အားလုံးကို တိကျစွာ တိုင်းတာနိုင်ပြီး အထူးနိယာမများဖြင့် ဖော်ပြနိုင်သည်။ အလွန်ရှည်လျားသည့် ကာလများစွာ ကြာဂြိုဟ်များသည် အနည်းငယ်မျှ သွေဖည်သွားခြင်းမရှိဘဲ ဤနိယာမများကို လိုက်နာခဲ့ကြသည်။ ၎င်းတို့၏ပတ်လမ်းများ သို့မဟုတ် ၎င်းတို့လိုက်နာသည့်ပုံစံများကို မည်သည့်တန်ခိုးကမျှ မပြောင်းလဲနိုင် သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ ရွေ့လျားမှုကို ထိန်းချုပ်သည့် အထူးနိယာမများနှင့် ၎င်းတို့ကို ဖော်ပြသည့် တိကျသည့် အချက်အလက်တို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြင့် ကြိုတင်ပြဌာန်းပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် ဤနိယာမများကို သူတို့ဘာသာ နာခံကြလေသည်။ ကျယ်ပြန့်သည့် ရှုထောင့်အဆင့်တွင်၊ တစ်ချို့သော ပုံစံများ၊ တစ်ချို့ အချက်အလက်များ၊ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် အချို့သော နိယာမများ သို့မဟုတ် ဖြစ်ရပ်များကို ရှာဖွေတွေ့ရှိရန် လူသားတို့အတွက် မခက်ပေ။ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ် မပြုသော်လည်း၊ စကြဝဠာထဲက အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံ သဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်ပြီး မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးကာ ထိန်းချုပ် ထားသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒ ပညာရှင်များ နှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်၌ အရာအားလုံးကို စီစဉ်ညွှန်ကြား နေသည့် အနန္တတန်ခိုးရှင်တစ်ပါး ရှိသည်ကို ဤအချက်က လူသားကို လက်ခံစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အုပ်စိုးကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားစုကမျှ သူ၏ အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ၊ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်သည်ကို လူသားသည် အသိအမှတ်ပြုရပေမည်။ ဤနိယာမတို့ကို လူသားတို့ အပြည့်အဝ နားမလည်နိုင်သကဲ့သို့ ၎င်းတို့သည် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာရှင်တစ်ဦးက သတ်မှတ်ပေးခြင်း ဖြစ်သည်ကိုလည်း ဝန်ခံရပေမည်။ ဤ အရာအားလုံးသည် ကျယ်ပြန်သည့်အဆင့်တွင် လူသားမျိုးနွယ် သတိပြုနိုင်သည့် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။

အနုစိတ် အဆင့်တွင် ကမ္ဘာမြေကြီးပေါ်၌ လူသားတို့ ရှုမြင်နိုင်သည့် တောင်များ၊ မြစ်များ၊ ကန်များ၊ ပင်လယ်များနှင့် ကုန်းမြေထုများအားလုံး၊ ၎င်းတွေ့ကြုံရသည့် ရာသီဥတုအားလုံး၊ အပင်များ၊ တိရစ္ဆာန်များ၊ အဏုဇီဝရုပ်များနှင့် လူသားများပါဝင်သည့် ကမ္ဘာမြေကြီးပေါ် နေထိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုတို့ကို ခံရကြလေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ အကြံအစည်များနှင့်အညီ ဖြစ်တည်လာသည် သို့မဟုတ် ပျောက်ကွယ်လေသည်၊ ၎င်းတို့၏ တည်ရှိခြင်းကို ထိန်းချုပ် သည့် နိယာမများ ပေါ်ထွက်လာပြီး ၎င်းတို့သည် ထိုနိယာမများနှင့်အညီ ကြီးထွားပြီး ပွားများကြသည်။ မည်သည့်လူသားမျှ သို့မဟုတ် မည်သည့်အရာမျှ ဤနိယာမများ၏ အထက်တွင် မရှိပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ တစ်ခုတည်းသောအဖြေမှာ ဤသို့ဖြစ်၏- ယင်းသည် ဘုရားသခင်၏ အခွင့်အာဏာကြောင့်ဖြစ်သည်။ သို့မဟုတ် တစ်ခြားနည်းနှင့် ပြောရလျှင် ဘုရားသခင်၏ အကြံအစည်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချက်များကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဤနိယာမတွေကို ဖြစ်ပေါ်စေသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏စိတ်ဖြစ်ပေသည်။ ထိုနိယာမများသည် သူ၏ အကြံအစည်များနှင့်အညီ ရွေ့ကာ ပြောင်းလဲပြီး ရွေ့ခြင်းနှင့် ပြောင်းလဲခြင်းအားလုံးသည် သူ၏ အစီအစဉ်အဖို့ဖြစ်ပေါ် သို့မဟုတ် လျော့ပါးပျောက်ကွယ်လေသည်။ ဥပမာ ကူးစက်ရောဂါများကို ကြည့်ပါ။ ၎င်းတို့သည် သတိပေးခြင်း မရှိဘဲ ရုတ်တရက်ဖြစ်ပေါ်သည်။ မည်သူကမျှ ၎င်းတို့၏ အရင်းအမြစ် သို့မဟုတ် အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် တိကျသည့်အကြောင်းရင်းများကို မသိသကဲ့သို့ နေရာတစ်ခုသို့ ကူးစက်ရောဂါများ ရောက်သည့်အချိန်တိုင်းတွင် ကံဆိုးမိုးမှောင် ကျသော သူများသည် ဘေးဒုက္ခကို မလွတ်မြောက်နိုင်ကြချေ။ လူသားတို့၏ သိပ္ပံပညာက ကူးစက်ရောဂါများသည် ကြောက်စရာကောင်းသည့် သို့မဟုတ် အန္တရာယ်ရှိသည့် ရောဂါပိုးမွှားများအားဖြင့် ဖြစ်ပေါ်ပြီး ၎င်းတို့၏ ကူးစက်မှုနှုန်း၊ အတိုင်းအတာနှင့် နည်းစနစ်များကို လူသားတို့၏ သိပ္ပံပညာအားဖြင့် ကြိုတင်မခန့်မှန်းနိုင် သို့မဟုတ် မထိန်းချုပ်နိုင်သည်ကို နားလည် ပေသည်။ လူတို့သည် ကူးစက်ရောဂါများကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ခုခံသော်လည်း ကူးစက်ရောဂါ ရုတ်တရက် ဖြစ်ပွားသည့်အခါလူများ သို့မဟုတ် တိရစ္ဆာန်များသည် မလွဲမရှောင်သာ ကူးစက်ခံရသည်ကို မထိန်းချုပ်နိုင်ကြချေ။ လူသားတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာက ၎င်းတို့ကို ကာကွယ်ရန်၊ ခုခံရန်နှင့် သုတေသနပြုရန် ကြိုးစားခြင်းဖြစ်သည်။ သို့သော်လည်း ကူးစက်ရောဂါတစ်ခုစီတိုင်း၏ အစ သို့မဟုတ် အဆုံးသတ်ကို ရှင်းပြသည့် ဖြစ်ရသည့်အကြောင်းရင်းကို မည်သူမျှမသိသကဲ့သို့ ထိုအရာတို့ကိုမည်သူမျှ မထိန်းချုပ်နိုင်ပေ။ ကူးစက်ရောဂါဖြစ်ပေါ်ခြင်းနှင့် ပျံ့ပွားခြင်းကို ရင်ဆိုင်ရလျက်၊ လူသားတို့လုပ်သည့် ပထမဆုံး စီမံချက်မှာ ဖြေဆေးတစ်ခု ဖော်ထုတ်ဖို့ ဖြစ်သည်၊ သို့သော် ဖြေဆေး အဆင်သင့်မဖြစ်မီတွင် ကူးစက်ရောဂါက မကြာခဏ ကွယ်ပျောက်လေသည်။ အဘယ်ကြောင့် ကူးစက်ရောဂါက ကွယ်ပျောက်သနည်း။ တစ်ချို့က ရောဂါပိုးများကို ထိန်းချုပ်နိုင်လိုက်သည်ဟု ဆိုကြစဉ် တစ်ချို့က ရာသီဥတု အပြောင်းအလဲကြောင့် ပြီးဆုံးသွားသည်ဟု ဆိုသည်။ ဤပရမ်းပတာထင်ကြေးပေးချက်များက ယုတ္တိတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ သိပ္ပံပညာက ရှင်းပြချက် မပေးနိုင်သကဲ့သို့ တိကျသည့် အဖြေကို မပေးနိုင်ပေ။ လူသားမျိုးနွယ်သည် ဤထင်ကြေးပေးချက်များကိုသာ ရင်ဆိုင်ရမည်မဟုတ်ဘဲ လူသားမျိုးနွယ်၏ သိနားလည်မှုနည်းပါးခြင်းနှင့် ကူးစက် ရောဂါများကို ကြောက်ရွံ့ခြင်းနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ နောက်ဆုံး စိစစ်တွေ့ရှိချက်တွင် အဘယ်ကြောင့် ကူးစက်ရောဂါများ စတင်သည် သို့မဟုတ် အဘယ်ကြောင့် အဆုံးသတ်သွားသည် ဆိုတာကို မည်သူမျှမသိပေ။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် သိပ္ပံကိုသာ ယုံကြည်ကာ ၎င်းကို လုံးလုံးလျားလျား အားထားပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသိအမှတ်မပြုသောကြောင့် သို့မဟုတ် သူ၏ အချုပ်အခြာ အာဏာကို လက်မခံသောကြောင့် ၎င်းတို့သည် ဘယ်သောအခါမျှ အဖြေရမည် မဟုတ်ပေ။

ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အရာအားလုံးသည် သူ၏သြဇာအာဏာနှင့် စီမံခန့်ခွဲမှုကြောင့် ဖြစ်တည်ပြီး ပျက်စီးလေသည်။ တစ်ချို့သောအရာများသည် လာပြီး ထွက်သွားကြသည်၊ ၎င်းတို့ လာပြီး ထွက်သွားရသည့် အကြောင်းရင်းကို လူသည် နားလည်ဖို့မပြောနှင့်၊ ၎င်းတို့မည်သည့် အရပ်ကလာသည်ကို မပြောနိုင် သို့မဟုတ် ၎င်းတို့ လိုက်နာသည့် ပုံစံများကို သဘောမပေါက်နိုင်ပေ။ လူသားသည် အရာအားလုံးက ဖြစ်ပျက်သည့် အရာခပ်သိမ်းကို မိမိမျက်လုံးများဖြင့် မြင်နိုင်၊ မိမိနားများဖြင့် ကြားနိုင်ပြီး မိမိကိုယ်ခန္ဓာဖြင့် ကြုံတွေ့ နိုင်သော်လည်း၊ ထိုအရာအားလုံးသည် လူသားနှင့် ဆက်နွယ်မှုရှိသော်လည်း၊ လူသားသည် ဖြစ်ရပ် အမျိုးမျိုးတို့၏ တမူထူးခြားမှု၊ ပုံမှန်ဖြစ်ပေါ်မှု သို့မဟုတ် ထူးဆန်းမှုကိုပင် မသိစိတ်၏ စေ့ဆော်မှုအရ သဘောပေါက်သော်လည်း ဤအရာများ နောက်မှာတည်ရှိသည့် အရာဖြစ်သော ဖန်ဆင်းရှင်၏ အလိုနှင့် စိတ်အကြောင်းကို ဘာမျှမသိသေးပေ။ ဤဖြစ်ရပ်များနောက်တွင် အဖြစ်အပျက်များစွာ၊ ဖုန်းကွယ်ထားသည့် အမှန်တရားများစွာ ရှိ၏။ လူသားသည် ဖန်ဆင်းရှင်ထံမှ ဝေးရာ ထွက်သွားခဲ့သောကြောင့်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာက အရာအားလုံးကို အုပ်စိုးသည် ဆိုသည့်အချက်ကို လက်မခံသောကြောင့်၊ ၎င်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာ အာဏာအောက်၌ ဖြစ်ပျက်သည့် အရာရာတိုင်းကို ဘယ်သောအခါမှ သိကာ နားလည်သဘောပေါက်မည် မဟုတ်ပေ။ အများအားဖြင့် ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာသည် လူသား၏ စိတ်ကူးစိတ်သန်း၊ လူသား၏ အသိပညာ၊ လူသား၏ သိနားလည်မှု၊ လူသား၏ သိပ္ပံပညာတို့က ရရှိနိုင်သည့် နယ်ပယ်များကို ကျော်လွန်၏။ ယင်းသည် ဖန်ဆင်းခံ လူသားမျိုးနွယ်က ဉာဏ်မမီသောအရာ ဖြစ်သည်။ လူအချို့တို့ကပြော၏၊ “ဘုရားသခင်၏ အချုပ်အခြာ အာဏာကို သင်ကိုယ်တိုင် မမြင်တွေ့ ရသည့်အတွက် အရာရာတိုင်းက သူ၏သြဇာအာဏာကို ခံစားရ သည်ဟု သင်မည်သို့ယုံနိုင်သနည်း။” မြင်တွေ့ခြင်းက အစဉ်အမြဲ ယုံကြည်ခြင်း မဟုတ်သကဲ့သို့ အစဉ်အမြဲ သိမြင်ခြင်းနှင့် နားလည်ခြင်းလည်း မဟုတ်ပါ။ သို့လျှင် ယုံကြည်မှုသည် မည်သည့်နေရာမှ လာသနည်း။ “ယုံကြည်ခြင်းက အမှုအရာများ၏ ဖြစ်ရသည့် စစ်မှန်မှုနှင့် ဖြစ်ရသည့် အကြောင်းရင်းတို့အပေါ် လူတို့၏ သဘောပေါက်မှု၊ တွေ့ကြုံမှုတို့၏ အဆင့်နှင့် အတိမ်အနက်မှ လာသည်” ဟု သေချာမှုဖြင့် ငါ ပြောနိုင်၏။ ဘုရားသခင် တည်ရှိသည်ဟု သင်ယုံကြည်သော်လည်း အရာအားလုံးအပေါ် ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာကို သတိပြုမိဖို့ နေနေသာသာ၊ အသိအမှတ်မပြုနိုင်ပါက၊ ဘုရားသခင်က ဤသြဇာအာဏာမျိုးရှိပြီး ဘုရားသခင်၏ သြဇာအာဏာသည် အတုမရှိဖြစ်သည်ဆိုသည်ကို သင်၏ စိတ်နှလုံးထဲတွင် ဘယ်သောအခါမျှ သင်ဝန်ခံလိမ့်မည်မဟုတ်။ သင်သည် ဖန်ဆင်းရှင်ကို သင်၏သခင်၊ သင်၏ဘုရားအဖြစ် ဘယ်သောအခါမျှ အမှန်တကယ် လက်ခံမည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။