ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၄

ယောဘကို စာတန် နောက်ထပ်တဖန် စုံစမ်းနှောင့်ယှက်လေ၏ (ယောဘ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ဆိုးသောအနာစိမ်းများ စွဲကပ်ခြင်း) (လက်ရွေးစင် ကျမ်းပိုဒ်များ)

က။ ဘုရားသခင် ပြောသော စကားများ

ယောဘ ၂:၃ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်၊ အကြောင်းမရှိဘဲ သူ့ကို ဖျက်ဆီးရန် သင်သည် ငါ့ကို သူနှင့်ဆန့်ကျင်စေသော်လည်း သူသည် သူ၏တည်ကြည်မှုကို မြဲမြံစွာ စွဲကိုင်လျက်ရှိသေး၏ဟု မိန့်တော်မူ၏။

ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။

ခ။ စာတန် ပြောသော စကားများ

ယောဘ ၂:၄-၅ စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။

ပြင်းထန်လွန်းသော ဒုက္ခဆင်းရဲကြားမှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စောင့်ရှောက်မှုကို စစ်မှန်စွာ ယောဘ သဘောပေါက်လာခြင်း

ယေဟောဝါဘုရားသခင်သည် စာတန်အား မေးခွန်းများကို မေးပြီးနောက် စာတန်သည် တိတ်တဆိတ် ပျော်ခဲ့သည်။ ဤအရာမှာ အဘယ်ကြောင့်ဆိုသော် စာတန်သည် ဘုရားသခင်၏ အမြင်တွင် စုံလင်သော လူသားတစ်ဦးကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် အခွင့်ရရှိမည်ကို သိခြင်းကြောင့် ဖြစ်သည်၊ ၎င်းမှာ စာတန်အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ စာတန်သည် ယောဘ၏ ခံယူချက်ကို လုံးလုံးလျားလျား လျော့ပါးစေရန်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျက်စေကာ ဘုရားသခင်အား ဆက်လက်၍ မကြောက်ရွံ့စေရန် သို့မဟုတ် ယေဟောဝါ၏ နာမကို ကောင်းချီးပေးခြင်း မရှိတော့စေရန် ဤအခွင့်အရေးကို အသုံးပြုလိုခဲ့သည်။ ဤအရာသည် စာတန်အား အခွင့်အရေးတစ်ခုကို ပေးလိမ့်မည် ဖြစ်သည်၊ မည်သည့်အချိန် သို့မဟုတ် နေရာတွင်မဆို ၎င်းသည် ၎င်း၏ အမိန့်ပေးခြင်းအောက်တွင် ယောဘအား ကစားစရာ တစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့လိမ့်မည် ဖြစ်သည်။ စာတန်သည် ၎င်း၏ ကောက်ကျစ်စဉ်းလဲသော အကြံအစည်များကို သဲလွန်စ မကျန်စေဘဲ ဝှက်ခဲ့သော်လည်း ၎င်းသည် ၎င်း၏ ဆိုးယုတ်သော သဘာဝကိုမူ မပေါ်လွင်အောင် ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပေ။ ဤအမှန်တရားသည် သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ခဲ့သည်နှင့်အညီ ယေဟောဝါဘုရားသခင်၏ စကားများကို အဖြေပြန်ပေးသော ၎င်း၏ အဖြေထဲတွင် အရိပ်အမြွက်ပြထားသည်၊ “စာတန်ကလည်း၊ အရေအဖို့အရေ ဆိုသကဲ့သို့ လူသည် သူ၏အသက်အတွက် ပိုင်ဆိုင်သမျှတို့ကို အမှန်စင်စစ် ပေးပါလိမ့်မည်။ သို့သော် ယခု ကိုယ်တော်၏လက်ကို ဆန့်ကာ သူ၏အရိုးနှင့် အသွေးအသားတို့ကို ထိပါလော့၊ သူသည် ကိုယ်တော်၏ မျက်နှာကို စေ့စေ့ကြည့်ကာ ကျိန်ဆဲလိမ့်မည်ဟု ယေဟောဝါကို ဖြေကြားလေသည်။” (ယောဘ၂:၄-၅) ဘုရားသခင်နှင့် စာတန်အကြား အပြန်အလှန်ပြောသော ဤစကားထဲမှ စာတန်၏ အငြိုးထားခြင်းအကြောင်း အခြေအမြစ်ရှိသော သိခြင်းနှင့် အသိတစ်ခုကိုရရန် ဖြစ်နိုင်ခြေရှိသည်။ စာတန်၏ မှားယွင်းသော ဤအတွေးများကို ကြားပြီးနောက်၊ သမ္မာတရားကို ချစ်မြတ်နိုးပြီး မကောင်းမှုကို ရွံမုန်းသောသူအားလုံးသည် စာတန်၏ ယုတ်ညံ့ခြင်းနှင့် အရှက်ကင်းမဲ့ခြင်းကို လွန်စွာ မုန်းတီးကြမည်မှာ သိသာပြီး၊ စာတန်၏ မှားယွင်းသောအတွေးများကြောင့် စိတ်ပျက်ပြီး စက်ဆုပ်ရွံ့ရှာကြလိမ့်မည်ဖြစ်၍ တစ်ချိန်တည်းတွင် ယောဘအတွက် အတွင်းကျသော ဆုတောင်းချက်များနှင့် အလွန်လေးနက်သော တောင်းဆုများကို ပေးကာ၊ ဖြောင့်မတ်သော ဤလူသားသည် စုံလင်ခြင်းကို ရနိုင်မည့်အကြောင်း ဆုတောင်း၍ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော ဤလူသားသည် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို အစဉ် အောင်မြင်မည့်အကြောင်းနှင့် အလင်းထဲတွင် အသက်ရှင်ကာ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးမင်္ဂလာများအကြားတွင် အသက်ရှင်ရမည့်အကြောင်း ဆန္ဒပြုကြသည်၊ ထို့အပြင် ယောဘ၏ ဖြောင့်မတ်သော လုပ်ဆောင်ချက်များသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် လမ်းခရီးကို လေ့လာလိုက်စားသော သူအပေါင်းကို အစဉ် လှုံ့ဆော်ပေးပြီး တိုက်တွန်းအားပေးနိုင်မည့်အကြောင်း ဆန္ဒပြုကြလိမ့်မည်။ ဤထုတ်ဖော်ပြောဆိုချက်ထဲတွင် စာတန်၏ အငြိုးထားသော အကြံကို မြင်နိုင်သော်လည်း ဘုရားသခင်သည် စာတန်၏ “တောင်းဆိုချက်” ကို အပူအပင်ကင်းစွာ ခွင့်ပြုခဲ့သော်လည်း သူ၌ သတ်မှတ်ချက်တစ်ခု ရှိခဲ့သည် “သူသည် သင်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့” (ယောဘ ၂:၆) အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် စာတန်သည် သူ၏လက်ကို ဆန့်တန်းကာ ယောဘ၏ ခန္ဓာကိုယ်နှင့် အရိုးများကို အန္တရာယ်ပေးရန် တောင်းဆိုခဲ့ပြီး ဘုရားသခင်က “သူ၏ အသက်ကို ချန်ထားလော့” ဟု ဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤစကားများ၏ အဓိပ္ပာယ်မှာ သူသည် ယောဘ၏ ခန္ဓာကိုယ်ကို စာတန်အား ပေးခဲ့သော်လည်း သူသည် ယောဘ၏ အသက်ကို ထိန်းသိမ်းထားခဲ့ကြောင်းကို ဆိုလိုသည်။ စာတန်သည် ယောဘ၏ အသက်ကို မနုတ်ယူနိုင်ခဲ့သော်လည်း ဤအရာမှလွဲ၍ စာတန်သည် ယောဘကို အန္တရာယ်ပေးရန် မည်သည့် နည်းလမ်း သို့မဟုတ် ပုံစံမျိုးကိုမဆို အသုံးပြုနိုင်ခဲ့သည်။

ဘုရားသခင်၏ ခွင့်ပြုချက်ကို ရပြီးနောက် စာတန်သည် ယောဘထံ အလျင်အမြန် သွား၍ ၎င်း၏ လက်ကို ဆန့်ကာ သူ၏အရေပြားကို နှိပ်စက်၍ သူ၏တစ်ကိုယ်လုံး၌ ဆိုးသောအနာစိမ်းများ ပေါက်စေသဖြင့် ယောဘသည် သူ၏ အရေပြားပေါ်တွင် နာကျင်မှုကို ခံစားခဲ့ရလေ၏။ ယောဘသည် ယေဟောဝါဘုရားသခင်၏ အံ့သြဖွယ်နှင့် သန့်ရှင်းခြင်းကို ချီးမွမ်းခဲ့သည်၊ ယင်းသို့ ချီးမွမ်းခြင်းသည် စာတန်အား သူ၏ ရဲတင်းမှုကို ပို၍ပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်ရန် အကြောင်းဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူသားအား နာကျင်စေရသည်ကို ဝမ်းသာသဖြင့် စာတန်သည် ၎င်း၏လက်ကိုဆန့်၍ ယောဘ၏ ခန္ဓာကိုယ်ကို မွှေနှောက်ခဲ့ပြီး သူ၏ ဆိုးသောအနာစိမ်းများကို ပြည်တည်စေခဲ့သည်။ ယောဘသည် နှိုင်းယှဉ်စရာ မရှိအောင်ပင် သူ၏ ခန္ဓာကိုယ်ပေါ်၌ နာကျင်မှုနှင့် နှိပ်စက်မှုကို ချက်ချင်း ခံစားရခဲ့ပြီး သူသည် ဦးခေါင်းမှ ခြေထောက်တိုင်အောင် သူ၏ လက်ဖြင့် မနှိပ်နယ်ဘဲ မနေနိုင်ခဲ့ပေ၊ ဤသို့နှိပ်နယ်ခြင်းမှာ ဤခန္ဓာကိုယ် နာကျင်မှုမှတစ်ဆင့် သူ၏ ဝိညာဉ်အား ထိုးနှက်မှုကို သက်သာရာရစေသကဲ့သို့ ဖြစ်သည်။ ဘုရားသခင်သည် သူ၏နံဘေး၌ နေ၍ သူ့အား စောင့်ကြည့်နေကြောင်း သူသဘောပေါက်ခဲ့ပြီး သူ့ကိုယ်သူ စိတ်တင်းထားရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သူသည် မြေပေါ် နောက်တစ်ကြိမ် ဒူးထောက်ပြီး၊ ကိုယ်တော်သည် လူသား၏ အတွင်းစိတ်နှလုံးကို ကြည့်တော်မူ၏၊ ကိုယ်တော်သည် သူ၏ နာကျင်မှုဝေဒနာကို သိတော်မူ၏၊ သူ၏ အားနည်းခြင်းသည် ကိုယ်တော်နှင့် အဘယ်သို့ သက်ဆိုင်သနည်းဟု ဆိုခဲ့သည်။ ယေဟောဝါဘုရားသခင်၏ နာမသည် ချီးမွမ်းခြင်းခံထိုက်ပေ၏။ စာတန်သည် ယောဘ၏ သည်းမခံနိုင်လောက်သော နာကျင်မှုကို မြင်ခဲ့သော်လည်း ၎င်းသည် ယေဟောဝါဘုရားသခင်၏ နာမကို ယောဘ စွန့်ပစ်ခဲ့ခြင်းကို မမြင်ခဲ့ပေ။ ထို့ကြောင့် ၎င်းသည် ၎င်း၏ လက်ကို အလျင်အမြန် ဆန့်ကာ ယောဘ၏ အရိုးများကို နှိပ်စက်ကာ ခြေလက်အင်္ဂါ တစ်ပိုင်းနှင့် တစ်ပိုင်း ဆုတ်ဖြဲပစ်ရန် အသည်းအသန် ဖြစ်လေ၏။ ချက်ချင်းဆိုသလိုပင် ယောဘသည် မကြုံစဖူးသော နှိပ်စက်ခြင်းကို ခံစားခဲ့ရသည်၊ ထိုနှိပ်စက်ခြင်းမှာ သူ၏ ခန္ဓာကိုယ်သည် အရိုးများမှ ပြဲထွက်သည့်အလား၊ သူ၏ အရိုးများသည် အပိုင်းပိုင်း ရိုက်ချိုးခြင်းကို ခံရသည့်အလား ဖြစ်ခဲ့သည်။ မချိမဆန့်ခံစားရသော ဤနှိပ်စက်ညှဉ်းပန်းမှုသည် သူ့အား သေဆုံးခြင်းမှာ ပို၍ပင်ကောင်းကြောင်း တွေးစေခဲ့သည်...သူ၏ သည်းခံနိုင်စွမ်းသည် အဆုံးစွန်ရောက်ခဲ့ပြီး ဖြစ်သည်...သူ အော်ဟစ်လိုခဲ့သည်၊ နာကျင်မှု သက်သာစေရန် သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို ဆုတ်ခွာလိုခဲ့သည်၊ သို့သော် သူ၏ အော်သံများကို သူချုပ်တည်းခဲ့ပြီး သူ၏ ကိုယ်ခန္ဓာပေါ်မှ အရေပြားကို မဆုတ်ခွာခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အားနည်းချက်ကို စာတန်အား မမြင်စေလိုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူနောက်ထပ်တစ်ကြိမ် ဒူးထောက်ခဲ့သော်လည်း ဤအကြိမ်တွင် သူသည် ယေဟောဝါ ဘုရားသခင်၏ မျက်မှောက်ကို မခံစားခဲ့ရပေ။ သူသည် မကြာခဏ သူ၏ အရှေ့၊ အနောက်နှင့် နံဘေးတစ်ဖက်ဖက်တွင် ရှိခဲ့ကြောင်းကို သူသိသည်။ သို့သော်လည်း သူ၏ နာကျင်မှုကာလအတွင်း ဘုရားသခင်သည် မည်သည့်အခါမျှ စောင့်ကြည့်ခဲ့ခြင်း မရှိပါ၊ သူသည် သူ၏မျက်နှာကို ကာ၍ ပုန်းကွယ်နေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် လူသားကို သူဖန်ဆင်းခြင်း၏ အဓိပ္ပာယ်မှာ လူသားအပေါ် ဒုက္ခဆင်းရဲကို ယူဆောင်လာရန် မဟုတ်ခြင်းကြောင့် ဖြစ်သည်။ ဤအကြိမ်တွင် ယောဘသည် ငိုကြွေးလျက်နေခဲ့ပြီး ဤရုပ်ပိုင်းဆိုင်ရာ မချိမဆံ့ဝေဒနာကို တောင့်ခံရန် သူအကောင်းဆုံး ကြိုးပမ်းနေခဲ့သော်လည်း ဘုရားသခင်အား ကျေးဇူးတော် ဆက်၍ မချီးမွမ်းဘဲ မနေနိုင်ခဲ့ပေ၊ လူသည် ပထမ ထိုးနှက်ချက်တွင် ကျဆုံးသည်၊ သူသည် အားနည်း၍ တန်ခိုး မရှိပေ၊ သူသည် ငယ်ရွယ်ပြီး ပညာမဲ့သည်၊ ကိုယ်တော်သည် အဘယ်ကြောင့် သူ့အပေါ် အလွန်ဂရုစိုက်၍ ကြင်နာရန် ဆန္ဒရှိသနည်း။ ကိုယ်တော်သည် ကျွန်ုပ်ကို ရိုက်နှက်သော်လည်း ထိုသို့ရိုက်နှက်ခြင်းသည် ကိုယ်တော့်အား စိတ်ထိခိုက်စေပြီ။ လူသားသည် ကိုယ်တော်၏ ဂရုစိုက်ခြင်းနှင့် စိုးရိမ်ခြင်းကို အဘယ်သို့ ခံထိုက်သနည်း။ ယောဘ၏ ဆုတောင်းသံများကို ဘုရားသခင်ကြားခဲ့ပြီး ဘုရားသခင်သည် နှုတ်ဆိတ်ကာ အသံမပြုဘဲ ကြည့်ရုံသာကြည့်နေခဲ့သည်...စာအုပ်ထဲမှ လှည့်ကွက်အမျိုးမျိုးကို အချည်းနှီး စမ်းသုံးခဲ့ပြီးနောက် စာတန်သည် တိတ်ဆိတ်စွာ ထွက်သွားခဲ့လေပြီ၊ သို့သော်လည်း ဤအရာသည် ယောဘအပေါ် ဘုရားသခင်၏ စမ်းသပ်မှု၏ ဆုံးခန်းသို့ ရောက်စေခဲ့ခြင်း မရှိပေ။ ယောဘ၌ ထုတ်ဖော်ခဲ့သော ဘုရားသခင်၏ တန်ခိုးသည် လူသိရှင်ကြား မပြုခဲ့သေးခြင်းကြောင့် ယောဘ၏ ဇာတ်လမ်းသည် စာတန်၏ နောက်ဆုတ်ခြင်းဖြင့် အဆုံးမသတ်သွားခဲ့ပေ။ အခြားဇာတ်ကောင်များ ဝင်ရောက်လာခဲ့ခြင်းကြောင့် ပို၍ ခမ်းနားကြီးကျယ်သော အဖြစ်အပျက်များ မရောက်လာခဲ့သေးပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၁

နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် ကျယ်ပြန့်လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖြစ်တည်လာလျက် ရှိနေပြီး၊ ယင်းသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၁၇

လောက၌ ငါလုပ်ဆောင်သည့် အလုပ်၏ ရည်ရွယ်ချက်သည် မည်သည့်အရာဖြစ်ကြောင်းကို လူသားများအားလုံး သိဖို့လိုသည်။ ငါ၏ အဆုံးသတ် ရည်ရွယ်ချက်နှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၇

ရုပ်ဝတ္ထုလောကအတွက် လူတို့သည် အချို့သောအရာများ သို့မဟုတ် သဘာဝဖြစ်စဉ်များကို နားမလည်ပါက သက်ဆိုင်ရာအချက်အလက်များကို ၎င်းတို့ ရှာဖွေနိုင်ကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၀

လူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ ၎င်းတို့ မည်သည့်အခြေအနေ၌ ရှိကြမည်ကို သင် သိနားလည်ခြင်းရှိဖို့ လိုသည်။ အထူးသဖြင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။