ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၄

လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်ဘာသိသင့်သနည်း။ လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဝိညာဉ်တော်၊ ပုဂ္ဂိုလ်တော်နှင့် နှုတ်ကပတ်တော်တို့ ပေါင်းစပ်ထားသည့်သူ ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ အနက်အမှန် ဖြစ်သည်။ အကယ်၍ သင်သည် ပုဂ္ဂိုလ်တော်ကိုသာ သိပြီး၊ သူ၏ အလေ့အကျင့်များနှင့် ပင်ကိုအရည်အသွေး တို့ကိုသာ သိပြီး၊ ဝိညာဉ်တော်၏ အလုပ်ကိုမသိလျှင် သို့မဟုတ် လူ့ဇာတိတွင် ဝိညာဉ်တော် အဘယ်အလုပ် လုပ်သည်ကို သင်မသိလျှင်၊ ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်ကိုသာ သင်အာရုံစိုက်ပြီး လက်တွေ့ကျသော ဘုရားသခင်၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်းကို မသိဘဲ ဝိညာဉ်တော် ရှေ့တွင်သာ သင်ဆုတောင်းလျှင် ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်ကို သင်မသိကြောင်း သက်သေပင်ဖြစ်ပါသည်။ လက်တွေ့ကျသော ဘုရားသခင်အကြောင်းသိခြင်းတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သိခြင်းနှင့် တွေ့ကြုံခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းများနှင့် ဥပဒေသများကို နားလည်ခြင်း၊ လူ့ဇာတိထဲတွင် ဘုရားသခင်၏ ဝိညာဉ်တော် မည်ကဲ့သို့ အလုပ်လုပ်ပုံကို နားလည်ခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိထဲတွင် ပြုလုပ်သည့် အမှုအရာတိုင်းကို ဝိညာဉ်တော်က စီမံခန့်ခွဲကြောင်းနှင့် ကိုယ်တော်မိန့်တော်မူသော စကားတို့မှာ ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြချက် ဖြစ်ကြောင်းတို့ကို သိရမည် ဖြစ်ကြောင်းလည်း ပါဝင်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်သိလိုပါက လူ့သဘာဝအားဖြင့်ဖြစ်စေ၊ ဘုရားသခင်၏ သဘောသဘာဝ အားဖြင့်ဖြစ်စေ ဘုရားသခင် မည်သို့ အလုပ်လုပ်သည် ဆိုသည်ကို ရှေးဦးစွာ သင်သိရမည်ဖြစ်ပြီး၊ ထို့ကြောင့်ပင် လူသားများအားလုံး ဆက်ဆံရသည့် ဝိညာဉ်တော်၏ ဖော်ပြချက်များကို ဤအချက်က အလေးထားခြင်း ဖြစ်သည်။

ဝိညာဉ်တော်၏ ဖော်ပြချက်များတွင် မည်သည့်အရာများ ပါဝင်သနည်း။ လက်တွေ့ကျသော ဘုရားသခင်သည် တစ်ခါတစ်ရံ လူ့သဘာဝအားဖြင့် အလုပ်လုပ်ပြီး တစ်ခါတစ်ရံ ဘုရား၏ သဘောသဘာဝအားဖြင့် အလုပ်လုပ်သည်။ သို့သော် ယေဘုယျအားဖြင့် ထိုနှစ်ချက်စလုံးတွင် ဝိညာဉ်တော်မှာ အချက်အချာဖြစ်သည်။ လူသားတို့အထဲတွင်ရှိသော မည်သည့် ဝိညာဉ်မဆိုသည် ၎င်းတို့၏ အပြင်ပန်း ဖော်ပြခြင်းဖြစ်သည်။ ဝိညာဉ်တော်သည် ပုံမှန်အားဖြင့် အလုပ်လုပ်သည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်တော်၏ ဦးတည်ချက် နှစ်ပိုင်းရှိသည်။ တစ်ပိုင်းမှာ လူ့သဘာဝ အားဖြင့် ကိုယ်တော်၏ အလုပ်ဖြစ်ပြီး အခြားတစ်ပိုင်းမှာ ဘုရား၏ သဘောသဘာဝ အားဖြင့် ကိုယ်တော်၏ အလုပ်ဖြစ်သည်။ သင်သည် ဤအချက်ကို ရှင်းလင်းစွာ သိသင့်သည်။ ဝိညာဉ်တော်၏ အလုပ်မှာ အခြေအနေများအလိုက် ကွဲပြားသည်။ ကိုယ်တော်၏ လူသားအလုပ်ကို လိုအပ်လာသောအခါ ဝိညာဉ်တော်က ဤလူသားအလုပ်ကို ညွှန်ပြပြီး၊ ကိုယ်တော်၏ ဘုရားသဘောသဘာဝနှင့် ဆိုင်သော အလုပ်က လိုအပ်လာသောအခါ ထိုအမှုကို တိုက်ရိုက်လုပ်ဆောင်ရန် ဘုရား၏ သဘောသဘာဝက ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူ့ဇာတိအထဲတွင် အလုပ်လုပ်ပြီး လူ့ဇာတိအထဲတွင် ပေါ်လာသောကြောင့် သူသည် လူ့သဘာဝအားဖြင့် လည်းကောင်း၊ ဘုရား၏ သဘောသဘာဝ အားဖြင့်လည်းကောင်း နှစ်မျိုးလုံးအားဖြင့် အလုပ်လုပ်သည်။ လူသားတို့၏ သွေးသားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လည်းကောင်း၊ လူသားနှင့် ကိုယ်တော်ကြား ဆက်ဆံရေးကို လွယ်ကူချောမောစေရန် အတွက်လည်းကောင်း၊ ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့် သာမန်ဖြစ်မှုတို့ကို ၎င်းတို့ရှုမြင်ခွင့်ကို ပေးရန်အတွက် လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိထဲသို့ ဆင်းကြွလာကာ၊ လူသားတို့ အကြားတွင် ရှိပြီး၊ လူသားတို့နှင့်အတူ နေထိုင်ကာ၊ လူသားတို့နှင့် ဆက်ဆံသည်ကို ၎င်းတို့ တွေ့မြင်ခွင့်ကို ပေးရန်အတွက် လည်းကောင်း၊ လူ့သဘောသဘာဝရှိ ကိုယ်တော်၏အလုပ်ကို ဝိညာဉ်တော်က လမ်းညွှန်ပေးသည်။ ကိုယ်တော်၏ ဘုရား သဘောသဘာဝရှိ အလုပ်သည် လူသားတို့အတွက် အသက်ကို ထောက်ပံ့ပေးရန်၊ လူသားတို့၏ စိတ်သဘောထားများကို ပြောင်းလဲ၍ လူ့ဇာတိထဲ၌ ဝိညာဉ်တော်၏ ပေါ်ပေါက်လာမှုကို အမှန်အတိုင်း ရှုမြင်ဖို့ အခွင့်ပေးခြင်းအားဖြင့် အပြုသဘော ဆောင်သည့်ဘက်မှ လူသားတို့ကို အရာရာအတွက် လမ်းညွှန်ပေးရန် ဖြစ်သည်။ အဓိကမှာ လူသားတို့၏ အသက်တာ၌ ကြီးထွားမှုသည် ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များမှ တစ်ဆင့် တိုက်ရိုက် စွမ်းဆောင်ရရှိ နိုင်သည်။ လူများသည် ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကို လက်ခံမှသာ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထား ပြောင်းလဲခြင်းများကို စွမ်းဆောင်ရရှိ နိုင်ပါလိမ့်မည်။ ထိုအခါမှသာ ၎င်းတို့၏ ဝိညာဉ်ထဲတွင် ဆန္ဒပြည့်ဝနိုင်ပါသည်။ ဘုရားသခင်၏ ဦးဆောင်လမ်းပြမှု၊ ပံ့ပိုးမှုနှင့် လူ့သဘာဝထဲရှိ ထောက်ပံ့မှုများဖြစ်သော လူ့သဘာဝထဲရှိ အလုပ်ကို ပေါင်းစပ်မှသာလျှင် ဘုရားသခင်၏ အလိုဆန္ဒကို လူသားတို့ ပြည့်စေနိုင်ပါသည်။ ယနေ့ပြောသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်မှာ လူ့သဘာဝ အားဖြင့်ရော ဘုရား၏ သဘောသဘာဝ အားဖြင့်ပါ အလုပ်လုပ်သည်။ လက်တွေ့ကျသော ဘုရားသခင် ပေါ်လာခြင်းဖြင့် ကိုယ်တော်၏ ပုံမှန် လူသားအလုပ်နှင့် အသက်တာ၊ ကိုယ်တော်၏ ပြီးပြည့်စုံသည့် ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်တို့ကို ရရှိအောင်မြင်သည်။ ကိုယ်တော်၏ လူ့သဘာဝနှင့် ဘုရား၏ သဘောသဘာဝတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားပြီး၊ ထိုနှစ်ခုလုံး၏ အလုပ်မှာ နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်သည်။ လူ့သဘာဝတွင်ဖြစ်စေ၊ ဘုရား၏ သဘောသဘာဝတွင် ဖြစ်စေ ကိုယ်တော်သည် နှုတ်ကပတ်တော်များကို မြွက်ဆိုသည်။ ဘုရားသခင်သည် လူ့သဘာဝထဲတွင် အလုပ်လုပ်သောအခါ လူသားမျိုးနွယ်၏ ဘာသာစကားကို ပြောသည်။ သို့မှသာ လူသားတို့ စိတ်ဝင်စားပြီး နားလည်ကြပါလိမ့်မည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို ရိုးရှင်းစွာ ပြောထားပြီး၊ နားလည်ရလွယ်သည့်အတွက် ယင်းတို့ကို လူအားလုံးတို့ထံ ထောက်ပံ့ပေးနိုင်သည်။ ဤလူများသည် အသိပညာ ကြွယ်ဝသည်ဖြစ်စေ၊ ပညာရေးအားနည်းသည် ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သူတို့အားလုံး လက်ခံရရှိနိုင်ကြသည်။ ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကို နှုတ်ကပတ်တော်များမှ တစ်ဆင့် ဆောင်ရွက်သည်။ ထိုအလုပ်မှာ ထောက်ပံ့ခြင်းနှင့် ပြည့်ဝသည်။ အသက်နှင့် ပြည့်ဝသည်။ ထိုအလုပ်၌ လူသားတို့ အကြံဉာဏ်များဖြင့် စွန်းထင်းခြင်းမရှိ။ လူသားတို့ နှစ်သက်မှုများ မပါဝင်။ ထို့ပြင် လူသားတို့၏ အကန့်အသတ်များ မပါရှိ။ သာမန် လူ့သဘာဝ၏ ဘောင်အတိုင်းအတာ အပြင်ဘက်တွင် ရှိ၏။ ထိုအလုပ်ကို လူ့ဇာတိထဲ၌လည်း ဆောင်ရွက်သည်။ သို့သော် ၎င်းသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ အကယ်၍ လူသားတို့သည် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကိုသာလျှင် လက်ခံပါက၊ ၎င်းတို့သည် အချို့သော နယ်ပယ်အတွင်းတွင် မိမိကိုယ်မိမိ ကန့်သတ်ထားလိမ့်မည် ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့တွင် အနည်းငယ် ပြောင်းလဲသွားဖို့ရာ ရေရှည် ကိုင်တွယ်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ လိုပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် မပါလျှင် သူတို့သည် လမ်းဟောင်းများကိုသာ အမြဲတမ်း ခိုကိုးနေပါလိမ့်မည်။ ဘုရားသဘောသဘာဝ၏ အလုပ်ဖြင့်သာ ဤရောဂါများနှင့် ချို့တဲ့ခြင်းတို့ကို ပြုပြင်နိုင်ပါလိမ့်မည်။ ထိုအခါမှသာ လူသားများ ပြီးပြည့်စုံနိုင်ပါသည်။ ကိုင်တွယ်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို အားဖြည့်ခြင်းအစား၊ အပြုသဘောဆောင်သည့် အထောက်အပံ့သာ လိုပါသည်။ ချို့ယွင်းချက်များကို ပြန်လည်ပြုပြင်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၊ လူသားတို့၏ အခြေအနေတိုင်းကို ဖော်ပြရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၊ လူသားတို့၏ အသက်တာများ၊ လူသားတို့၏ ဖွင့်ဟချက်တိုင်း၊ လူသားတို့၏ အပြုအမူတိုင်းကို လမ်းညွှန်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၊ လူသားတို့၏ ကြံရွယ်ချက်များ ရည်ရွယ်ချက်များကို ဖော်ထုတ်ပြသရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းတို့ လိုအပ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်အစစ်အမှန် ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အပေါ် သင့်သဘောထားတွင် သင်သည် ကိုယ်တော်၏ လူ့သဘာဝ ရှေ့မှောက်တွင် အညံ့ခံပြီး ကိုယ်တော့်ကို အသိအမှတ်ပြု လက်ခံသင့်သည်။ ထို့အပြင် ဘုရား၏ သဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်နှင့် နှုတ်ကပတ်တော်များကိုလည်း လက်ခံကာ နာခံသင့်သည်။ ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်လာမှု ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော် အားလုံးတို့သည် ကိုယ်တော်၏ ပုံမှန်လူ့သဘာဝနှင့် ကိုယ်တော် ခံယူသော ဇာတိခန္ဓာမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကိုယ်တော်၏ လူသားအလုပ်ကို လမ်းညွှန်ပြီး လူ့ဇာတိထဲရှိ ဘုရားသဘောသဘာဝ၏ အလုပ်ကို လုပ်ဆောင်သည်။ လူ့ဇာတိကို ခံယူသော ဘုရားသခင်ထံတွင် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အကြွင်းမဲ့ဖြစ်သော အလုပ်၊ ဤနှစ်မျိုးလုံးကို သင်တွေ့နိုင်သည်။ ဤသည်မှာ လူ့ဇာတိ၌ လက်တွေ့ကျသော ဘုရားသခင် ပေါ်လာမှု၏ အမှန်တကယ် အရေးပါမှုပင် ဖြစ်ပါသည်။ ဤအချက်ကို သင်ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက၊ ဘုရားသခင်၏ အမျိုးမျိုးသော ကဏ္ဍအားလုံးတို့နှင့် သင်ဆက်သွယ်နိုင်ပါ လိမ့်မည်။ ဘုရား၏ သဘောသဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အကောင်းဆုံး အလွန်အကျွံရှုမြင်ခြင်းနှင့် လူ့သဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အထင်အမြင် အလွန်သေးခြင်းတို့ကို သင်ရပ်တန့်လိမ့်မည် ဖြစ်ပြီး၊ အစွန်းမရောက်ဘဲ လမ်းမလွဲသွားဘဲ နေမည်ဖြစ်သည်။ ယေဘုယျအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အနက်အဓိပ္ပာယ်မှာ ဝိညာဉ်တော်က လမ်းညွှန်ပေးသော ကိုယ်တော်၏ လူ့သဘာဝ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အလုပ်တို့ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် လူသားများက ကိုယ်တော်သည် ထင်ရှားကြောင်း၊ အသက်ရှိကြောင်းနှင့် စစ်မှန်ကြောင်း၊ အမှန်တကယ်ဖြစ်ကြောင်း မြင်တွေ့ရမည် ဖြစ်ပါသည်။

လူ့သဘာဝထဲရှိ ဘုရားသခင် ဝိညာဉ်တော်၏ အလုပ်တွင် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်မှု အဆင့်များရှိသည်။ လူ့သဘာဝကို ပြီးပြည့်စုံအောင် ပြုလုပ်ခြင်းဖြင့် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို သူ၏ လူ့သဘာဝမှ လက်ခံရရှိနိုင်ရန် ကိုယ်တော်လုပ်ဆောင်သည်။ ထို့နောက်တွင် ကိုယ်တော်၏ လူ့သဘာဝသည် အသင်းတော်များကို ပံ့ပိုးခြင်းနှင့် ဦးဆောင်လမ်းပြခြင်းတို့ကို လုပ်ဆောင်နိုင်၏။ ယင်းမှာ ဘုရားသခင်၏ ပုံမှန်အလုပ်၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လူ့သဘာဝထဲရှိ ဘုရားသခင် အလုပ်၏ စည်းမျဉ်းဥပဒေသများကို သင်ရှင်းရှင်းလင်းလင်း မြင်နိုင်မှ၊ လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်အကြောင်းနှင့် ပတ်သက်သည့် အယူအဆများရှိရန် သင်၌အလားအလာ မရှိမည်ဖြစ်သည်။ အခြား မည်သည့်အရာကိုမျှ အမှုထားရန်မလို၊ ဘုရားသခင်၏ ဝိညာဉ်တော်မှာ မမှားယွင်းနိုင်။ ကိုယ်တော်သည် အမှားအယွင်းမရှိ မှန်ကန်ပါ၏။ ကိုယ်တော်သည် မည်သည့်အရာကိုမျှ မမှန်မကန် လုပ်မည်မဟုတ်။ ဘုရား၏ သဘောသဘာဝနှင့် ဆိုင်သော အလုပ်သည် လူ့သဘာဝ၏ စွက်ဖက်ချက်မပါသော ဘုရားသခင် အလိုတော်၏ တိုက်ရိုက် ဖော်ပြ မှုဖြစ်သည်။ ပြီးပြည့်စုံအောင် မပြုလုပ်ထားဘဲ ဝိညာဉ်တော်မှ တိုက်ရိုက်လာခြင်းဖြစ်သည်။ ကိုယ်တော်သည် ဘုရား၏ သဘောသဘာဝ၌ အလုပ်လုပ်နိုင်ခြင်းမှာ ကိုယ်တော်၏ ပုံမှန် လူ့သဘာဝ ကြောင့်ဖြစ်သည်။ သဘာဝလွန်ဖြစ်ရပ် စိုးစဉ်းမျှပင် မဟုတ်ပါချေ။ သာမန်လူသား တစ်ယောက်က လုပ်ဆောင်ထားသည့်ပုံရသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံမှ မြေကြီးပေါ် ကြွလာသည့် အဓိက အကြောင်းရင်းမှာ လူ့ဇာတိမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြရန်နှင့် လူ့ဇာတိကို အသုံးပြုခြင်းအားဖြင့် ဘုရားသခင် ဝိညာဉ်တော်၏ အလုပ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့ကျသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၁

ဘုရားသခင်သည် လူသားကိုဖန်ဆင်းပြီးကတည်းက သူ့အမှုတော်ကို သူလုပ်လျက်နေတော်မူ၏။ အစပိုင်းမှာ အမှုသည် အလွန်ရိုးရှင်းခဲ့သော်လည်း ထိုအမှု၌...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၂၅

လက်တွေ့တွင်၊ ပညတ်တော်များကို စောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်နေသင့်ပေသည်။ ပညတ်တော်များကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၆၁

ယခုကာလတွင် များစွာသောလူတို့သည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်ရာ၌ မည်သည့်သင်ခန်းစာများ သင်ယူသင့်သည်ကို ဂရုမပြုကြပေ။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၉

စာတန်၏ နက်ရှိုင်းစွာဖျက်ဆီးခံခဲ့ရသော လူသားမျိုးနွယ်သည် ဘုရားသခင်တစ်ဆူ ရှိသည်ကိုမသိဘဲ ဘုရားသခင်ကို ကိုးကွယ်ခြင်းအား ရပ်စဲခဲ့သည်။ ကနဦးအစ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။