ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၀

အမှုအဆင့်သုံးဆင့်ကို ဘုရားသခင် တစ်ပါးတည်းကသာ ဆောင်ရွက်ခဲ့၏။ ဤသည်မှာ အကြီးမားဆုံးသော အမြင်ဖြစ်၍ ဘုရားသခင်ကို သိရှိခြင်းအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို ဘုရားသခင် ကိုယ်တိုင်သာလျှင် ဆောင်ရွက်နိုင်ခဲ့သည်ဖြစ်၍ မည်သည့်လူသားမျှ သူ့ကိုယ်စား ဆောင်ရွက်နိုင်မည် မဟုတ်ပေ— ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင် သာလျှင် သူ၏အမှုကို အစမှ ယနေ့တိုင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုလိုသည်။ ဘုရားသခင်၏ အမှု၏ အဆင့်သုံးဆင့်ကို ကွဲပြားသည့်ခေတ်များ၊ ကွဲပြားသည့် တည်နေရာများတွင် လုပ်ဆောင်ခဲ့သော်လည်း၊ ထို့အပြင် တစ်ခုစီ၏အမှုသည် ကွဲပြားသော်လည်း၊ ဤသည်မှာ တစ်ပါးတည်းသော ဘုရားသခင်မှ ဆောင်ရွက်ခဲ့သည့် အမှုအားလုံးဖြစ်၏။ အမြင်အားလုံးတွင်၊ ဤသည်မှာ လူသားအနေဖြင့် သိသင့်သည့် အကြီးမားဆုံးသော အမြင်ဖြစ်ကာ၊ လူသားမှ ဤသည်ကို လုံးဝနားလည်နိုင်ပါက သူသည် ခိုင်မြဲစွာ ရပ်တည် နိုင်မည်ဖြစ်၏။ ယနေ့ အမျိုးမျိုးသော ဘာသာတရားနှင့် အမျိုးမျိုးသောဂိုဏ်းတို့ ရင်ဆိုင်နေရသည့် အကြီးဆုံးပြဿနာမှာ ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မသိခြင်းဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုမဟုတ်သည့် အရာတို့အကြား မခွဲခြားနိုင်ခြင်းဖြစ်၏— ထို့ကြောင့် အမှု၏ လွန်ခဲ့သော အဆင့်နှစ်ဆင့်ကဲ့သို့ အမှု၏ ဤအဆင့်သည်လည်း ယေဟောဝါဘုရားမှ ဆောင်ရွက်ခဲ့သည်ကို ထိုသူတို့မပြောနိုင်ပေ။ လူတို့သည် ဘုရားသခင်နောက် လိုက်သော်လည်း ဤသည်မှာ လမ်းမှန်ဟုတ်၊ မဟုတ်ကို အများစုမှ မပြောနိုင်ဘဲ ရှိနေကြသေးသည်။ ဤလမ်းသည် ဘုရားသခင်ကိုယ်တိုင်မှ လမ်းပြသည့် လမ်း ဟုတ်၊ မဟုတ်နှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ဖြစ်ရပ်မှန် ဟုတ်၊ မဟုတ်ကို လူသားမှ စိုးရိမ်၍၊ လူအများစုသည် ဤကဲ့သို့သော အရာများနှင့် ပတ်သက်လာပါက မည်သို့ မြင်ရမည်ဟူသည့်အပေါ် လုံးဝမသိသေးပေ။ ဘုရားသခင်၏နောက် လိုက်သောသူတို့သည် လမ်းကို မဆုံးဖြတ်နိုင်ကြသောကြောင့် ပြောဆိုလိုက်သည့် သတင်းစကားများသည် ထိုသူတို့အကြားတွင် တစ်စိတ်တစ်ပိုင်းသာ သက်ရောက်မှု ရှိကာ၊ အပြည့်အဝ သက်ရောက်နိုင်စွမ်း မရှိသောကြောင့် ဤသည်မှာ ထိုကဲ့သို့သောသူတို့၏ ဘဝဝင်ရောက်ခြင်းအပေါ် သက်ရောက်လေသည်။ အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်ကိုယ်တိုင်မှ ကွဲပြားသောအချိန်များ၊ ကွဲပြားသောနေရာများနှင့် ကွဲပြားသောလူများတွင် အကောင်အထည်ဖော်သည့်အမှုဟု လူသားမှမြင်နိုင်ပါက၊ အမှုသည် ကွဲပြားသော်လည်း တစ်ပါးတည်းသော ဘုရားသခင်မှ ဆောင်ရွက်သည့် အမှုအားလုံးဖြစ်သည်ကို လူသားမှ မြင်နိုင်ပါက၊ တစ်ပါးတည်းသော ဘုရားသခင်မှ ဆောင်ရွက်သည့်အမှု ဖြစ်သည့်အတွက် မှန်ကန်ရမည်ဖြစ်၍ အမှားကင်းစင်ကာ၊ လူသား၏ အတွေးအခေါ်များနှင့် မကိုက်ညီသော်လည်း တစ်ပါးတည်းသော ဘုရားသခင်၏ အမှုဖြစ်သည်ကို လုံးဝမငြင်းဆိုနိုင်ဟု လူသားမှမြင်နိုင်ပါက၊ ဤသည်မှာ တစ်ပါးတည်းသော ဘုရားသခင်၏ အမှုဖြစ်ကြောင်းကို လူသားမှာ အသေအချာပြောနိုင်ပါက လူသား၏ အတွေးအခေါ်များသည် အသေးအဖွဲများ၊ ပြောဆိုရန် ထိုက်သင့်ခြင်းမရှိသော အရာများမျှသာ ဖြစ်သွားလိမ့်မည်။ လူသား၏ အမြင်များ မရှင်းသောကြောင့်နှင့် လူသားသည် ယေဟောဝါကိုသာ ဘုရားအဖြစ်၊ ယေရှုကို သခင်အဖြစ်သိ၍ ယနေ့ လူ့ဇာတိခံယူသော ဘုရားသခင်အကြောင်း စိတ်နှစ်မျိုးဖြစ်နေသဖြင့် များစွာသော လူတို့သည် ယေဟောဝါနှင့် ယေရှုတို့၏အမှုအပေါ် ဆက်လက်ဆက်ကပ်လျက်ရှိ၍၊ ယနေ့အမှုအကြောင်း အတွေး အခေါ်များနှင့် အဘက်ဘက်မှ ဝန်းရံတိုက်ခိုက်ခံရကာ၊ လူအများစုမှာ အစဉ် သံသယရှိလျက် ယနေ့၏အမှုကို အလေးအနက်ခံယူခြင်းမရှိပေ။ မြင်နိုင်ခြင်းမရှိသည့် နောက်ဆုံးအဆင့် နှစ်ဆင့်အပေါ် လူသားသည် အတွေးအခေါ် လုံးဝမရှိပေ။ ဤသည်မှာ လူသားသည် နောက်ဆုံးအဆင့် နှစ်ဆင့်၏ အမှန်တရားကို နားမလည်ခြင်းကြောင့်နှင့် ၎င်းတို့ကို ကိုယ်တိုင်မြင်တွေ့ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ လူသားသည် သူသဘောကျသည့်အတိုင်း စိတ်ကူးယဉ်သဖြင့် ၎င်းတို့ကို မမြင်နိုင်ခြင်းဖြစ်၏။ သူသည် မည်သည့်စိတ်ကူး ပေါ်လာသည်ဖြစ်စေ၊ ၎င်းကို သက်သေပြရန် အချက်များ မရှိဘဲ ပြုပြင်မည့်သူလည်း မရှိပေ။ ၎င်းကို အတည်ပြုရန် အချက်အလက်များ မရှိသဖြင့် လူသားသည် သူ၏သဘာဝ ပင်ကိုစရိုက်ကို အထိန်းအကွပ်မဲ့ လွှတ်ထားပေး၍၊ မည်သည့်အရာကိုမျှ သတိမမူတော့ဘဲ၊ စိတ်ကူးယဉ်ချင်တိုင်း ယဉ်စေ တော့သည်။ ထို့ကြောင့် လူ၏စိတ်ကူးယဉ်များသည် သက်သေပြချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ “အမှန်တရား” ဖြစ်သွား၏။ ထို့ကြောင့် လူသားသည် သူ့စိတ်ထဲရှိ သူကိုယ်တိုင် စိတ်ကူးယဉ်ထားသည့် ဘုရားသခင်ကို ယုံကြည်၍ အမှန်တရား၏ ဘုရားသခင်ကို မရှာဖွေပါ။ လူတစ်ဦးတွင် ယုံကြည်ခြင်းတစ်မျိုး ရှိပါက လူတစ်ရာအကြားတွင် ယုံကြည်ခြင်း အမျိုးတစ်ရာရှိ၏။ လူသားသည် ဤသို့သော ယုံကြည်ချက်များ ရှိခြင်းမှာ သူသည် ဘုရားသခင်အမှု၏ အမှန်တရားကို မတွေ့ရသေးသောကြောင့်၊ သူ၏နားများဖြင့်သာ ကြားရသေး၍ သူ၏မျက်စိများဖြင့် မမြင်ရသေးသောကြောင့် ဖြစ်၏။ လူသားသည် ဒဏ္ဍာရီများနှင့် ပုံပြင်များကြားခဲ့ရသော်လည်း ဘုရားသခင်အမှု၏ အချက်အလက်များ သိခြင်းကို ကြားရခဲ၏။ ထို့ကြောင့် ယုံကြည်သူများအဖြစ် တစ်နှစ်သာရှိသေးသော လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးအခေါ်များမှ တစ်ဆင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်၍၊ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့သူများ အတွက်လည်း ထိုသို့ပင်ဖြစ်သည်။ အချက်အလက်များကို မမြင်နိုင်သူများသည် ဘုရားသခင်အပေါ် အတွေးအခေါ်များရှိသည့် ယုံကြည်ခြင်းမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်ခြင်း ရှိမည် မဟုတ်ပေ။ လူသားသည် သူ၏အတွေးအခေါ် အဟောင်းများ၏ အချုပ်အနှောင်များမှ သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်ခဲ့ပြီး၍ နယ်မြေသစ်အတွင်း ဝင်ရောက်ခဲ့ပြီးဖြစ်သည်ဟု ယုံကြည်သည်။ ဘုရားသခင်၏ စစ်မှန်သောမျက်နှာကို မမြင်နိုင်သူများ၏ အသိဉာဏ်သည် အတွေးအခေါ်များနှင့် တစ်ဆင့် စကားများသာ ဖြစ်သည်ကို လူသားမသိသလော။ လူသားသည် သူ၏အတွေးအခေါ်များသည် မှန်ကန်၍ အမှားကင်းသည်ဟု ထင်ကာ ဤအတွေးအခေါ်များသည် ဘုရားသခင်ထံမှ လာသည်ဟုထင်၏။ ယနေ့၊ လူသားသည် ဘုရားသခင်၏အမှုကို မြင်သည့်အခါ နှစ်ပေါင်းများစွာ စုစည်းလာသော အတွေးအခေါ်များကို လွှတ်ပေးလိုက်၏။ အတိတ်မှ စိတ်ကူးယဉ်များနှင့် အကြံများသည် ဤအဆင့်၏အမှုတွင် အတားအဆီး ဖြစ်လာခဲ့၍ လူသားအတွက် ထိုသို့သော အတွေးအခေါ်များကို လက်လွှတ်ရန်နှင့် ထိုကဲ့သို့သော အကြံများကို ချေပရန် ခက်ခဲလာသည်။ ယနေ့အထိ ဘုရားသခင်နောက်သို့ လိုက်ခဲ့သူအများအပြား၏ ဤတစ်ဆင့်ပြီး တစ်ဆင့် အမှုအပေါ် အတွေးအခေါ်များသည် ပို၍ဆိုးရွားလာကာ ဤလူတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ခေါင်းမာသော ရန်လိုမှုအဖြစ် ဖွဲ့စည်းလာခဲ့ကာ ဤမုန်းတီးမှု၏ အရင်းအမြစ်မှာ လူသား၏ အတွေးအခေါ်များနှင့် စိတ်ကူးယဉ်မှုများဖြစ်သည်။ ဤသည်မှာ အတိအကျအားဖြင့် အမှန်တရားသည် လူသားကို အထိန်းအချုပ်မရှိ စိတ်ကူးယဉ်ခွင့် မပေးသောကြောင့် ဖြစ်သည့်အပြင် လူသားမှ အလွယ်တကူ ချေပနိုင်ခြင်း မရှိသောကြောင့်အပြင် လူသား၏ အတွေးအခေါ်များနှင့် စိတ်ကူးယဉ်မှုများသည် အမှန် တရား၏ အချက်အလက်များ တည်ရှိခြင်းကို ခွင့်မပြုသည့်အပြင် လူသားသည် အချက်အလက်များ၏ မှန်ကန်မှုအပေါ် စဉ်းစားခြင်းမရှိဘဲ သူ့အတွေးအခေါ်များကို တဇောက်ထိုး လွှတ်ပေးရုံသာ လွှတ်ပေး၍ သူ၏ကိုယ်ပိုင် စိတ်ကူးကို အသုံးပြုသဖြင့် လူသား၏ အတွေးအခေါ်များနှင့် စိတ်ကူးယဉ်မှုများသည် လူသား၏အတွေးအခေါ်များနှင့် မကိုက်ညီသော ယနေ့အမှု၏ ရန်သူဖြစ်သွားခဲ့သည်။ ဤသည်မှာ လူသား၏ အတွေးအခေါ်များ၏ အပြစ်ဟုသာပြောနိုင်၍ ဘုရားသခင်အမှု၏ အပြစ်ဟု မပြောနိုင်ပေ။ လူသားသည် သူဆန္ဒရှိသည့်အတိုင်း စိတ်ကူးယဉ်နိုင်သော်လည်း ဘုရားသခင်အမှု၏ မည်သည့်အဆင့် သို့မဟုတ် မည်သည့်အစိတ်အပိုင်းကိုမျှ လွတ်လပ်စွာ အငြင်းပွားနိုင်ခြင်း မရှိပေ။ ဘုရားသခင်အမှု၏ အမှန်တရားကို လူသားမှ ချိုးဖောက်နိုင်ခြင်း မရှိပေ။ သင်သည် သင်၏စိတ်ကူးကို အထိန်းအချုပ်မရှိ လွတ်လပ်ခွင့် ပေးချင်ပေး၍ ယေဟောဝါနှင့် ယေရှုတို့အကြောင်း ပုံပြင်ကောင်းများကိုပင် စုဆောင်းချင်စုဆောင်းမည် ဖြစ်သော်လည်း ယေဟောဝါနှင့် ယေရှုတို့၏အမှု အဆင့်တစ်ဆင့်စီ၏ အမှန်တရားကိုမူ သင်ချေပနိုင်ခြင်း မရှိပေ။ ဤသည်မှာ အခြေခံသဘောတရား တစ်ရပ်ဖြစ်၍ စီမံခန့်ခွဲမှုဆိုင်ရာ အမိန့်တစ်ရပ်လည်းဖြစ်ကာ သင်တို့သည် ဤကိစ္စတို့၏ အရေးပါပုံကို နားလည်သင့်သည်။ အမှု၏ ဤအဆင့်သည် လူသား၏ အတွေး အခေါ်များနှင့် မကိုက်ညီဟု လူသားမှယုံကြည်၍ အမှု၏ယခင်အဆင့် နှစ်ဆင့်အတွက် ဤသို့မဟုတ်ဟု ယုံကြည်သည်။ သူ၏စိတ်ကူးတွင် ယခင်အဆင့်နှစ်ဆင့်၏ အမှုသည် ယနေ့အမှုနှင့် မတူကြောင်း သေချာသည်ဟု လူသားယုံကြည်သည်— သို့သော် ဘုရားသခင်အမှု၏ အခြေခံ သဘောတရားများသည် အားလုံးအတူတူပင် ဖြစ်ကြောင်း၊ သူ၏အမှုသည် အစဉ်လက်တွေ့ကျကြောင်း၊ ထို့နောက် မည်သည့် ခေတ်ပင်ဖြစ်စေ သူ၏အမှုကို ခုခံ၍ဆန့်ကျင်သူ မြောက်များစွာ အစဉ်ရှိမည်ဆိုကြောင်းကို သင်စဉ်းစားဖူး ပါသလော။ ဤအမှုအဆင့်ကို ယနေ့ခုခံ၍ဆန့်ကျင်သူ အားလုံးတို့သည် အတိတ်ကာလများကလည်း ဘုရားသခင်ကို ဆန့်ကျင်ခဲ့သည်မှာ သံသယမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော သူများသည် ဘုရားသခင်၏ ရန်သူများ အစဉ်ဖြစ်လိမ့်မည်ဖြစ်၍ ဖြစ်သည်။ ဘုရားသခင်အမှု၏ အမှန်တရားကို သိသူများသည် ဤအမှု၏အဆင့် သုံးဆင့်ကို တစ်ပါးတည်းသော ဘုရားသခင်၏ အမှုဟုမြင်၍ ၎င်းတို့၏ အတွေးအခေါ်များကို လက်လွှတ်ကြလိမ့်မည်။ ဤသူတို့သည် ဘုရားသခင်ကို သိသူများဖြစ်၍ ထိုကဲ့သို့သော သူများသည် ဘုရားသခင်နောက်ကို စစ်မှန်စွာ လိုက်သူများဖြစ်ကြ၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး ပြီးဆုံးခါနီးချိန်၌ ဘုရားသခင်သည် အရာခပ်သိမ်းကို အမျိုးအစားအလိုက် အတန်းအစားခွဲခြားမည်။ လူသားကို ဖန်ဆင်းရှင်၏ လက်များနှင့် ပြုလုပ်ခဲ့ကာ အဆုံးတွင် သူသည် လူသားကို သူ၏ စိုးမိုးမှုအောက် လုံးဝ ပြန်ပို့ရမည်ဖြစ်သည်။ ဤသည်မှာ အမှုအဆင့်သုံးဆင့်၏ အဆုံးဖြစ်သည်။ နောက်ဆုံးသောကာလအမှု၏ အဆင့်နှင့် ဣသရေလနှင့် ယုဒနယ်တို့ရှိ ယခင်အမှုအဆင့် နှစ်ဆင့်တို့သည် စကြဝဠာတစ်ခုလုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ပင်ဖြစ်သည်။ ဤသည်ကို မည်သူမျှ မငြင်းဆိုနိုင်ပေ။ ထို့အပြင် ဤသည်မှာ ဘုရားသခင်အမှု၏ အမှန်တရားဖြစ်သည်။ လူတို့သည် ဤအမှုကို အတော်များများ တွေ့ကြုံခြင်း သို့မဟုတ် မြင်ခြင်း မရှိသော်လည်း၊ အမှန်တရားတို့သည် အမှန်တရားများသာ ဖြစ်ဆဲဖြစ်ကာ ဤသည်ကို မည်သည့်လူသားမျှ ငြင်းဆိုနိုင်ခြင်းမရှိပေ။ စကြဝဠာ၏ တိုင်းပြည်တိုင်းရှိ ဘုရားသခင်ကို ယုံကြည်သူ အားလုံးတို့သည် အမှု၏အဆင့်သုံးဆင့်ကို လက်ခံကြလိမ့်မည်။ သင်သည် အမှု၏သီးခြားအဆင့် တစ်ဆင့်ကိုသာသိ၍ အမှု၏အခြားအဆင့်နှစ်ဆင့်ကို နားမလည်ပါက၊ အတိတ်အချိန်များက ဘုရားသခင်၏ အမှုကို နားမလည်ပါက၊ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု၏ အစီအစဉ်တစ်ရပ်လုံး၏ သမ္မာတရား တစ်ရပ်လုံးကို ပြောနိုင်ခြင်းမရှိပါ။ ထို့အပြင် ဘုရားသခင်အပေါ် သင်၏သိခြင်းသည်လည်း တစ်ဖက်သတ် သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင်ယုံကြည်ရာတွင် သင်သည် သူ့ကိုမသိ၊ သို့မဟုတ် သူ့ကို နားမလည်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်အတွက် သက်သေခံရန် မသင့်တော်ပေ။ ဤအရာများအပေါ် သင်လက်ရှိ သိရှိခြင်းသည် လေးနက်သည်ဖြစ်စေ၊ အပေါ်ယံသာဖြစ်စေ၊ အဆုံးတွင် သင်တို့တွင် အသိဉာဏ်ရှိရမည်ဖြစ်၍ မခြွင်းမချန် အခိုင်အမာ ယုံကြည်ရမည်ဖြစ်ကာ လူအားလုံးတို့သည် ဘုရားသခင်အမှုတစ်ရပ်လုံးကို မြင်တွေ့၍ ဘုရားသခင်၏ စိုးမိုးမှုအောက်တွင် နာခံလိမ့်မည်။ ဤအမှု အဆုံးတွင် ဘာသာတရားအားလုံးသည် တစ်ခုတည်းဖြစ်လာ၍ သတ္တဝါအားလုံးသည် ဖန်ဆင်းရှင်၏ စိုးမိုးမှု အောက်သို့ ပြန်လာကြလိမ့်မည်။ သတ္တဝါအားလုံးသည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်၍ ခေတ်စားနေသော ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ကျင့်စဉ်အားလုံး ဘာမျှမဟုတ်တော့ဘဲ မည်သည့် အခါမျှ တစ်ဖန်ပြန်ပေါ်လာတော့မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၅

ယနေ့ ဆုံတွေ့ပွဲ၏အစ၌ ငါ့အား အံ့အားသင့်စေခဲ့သည့် သင်တို့ပြုလုပ်ခဲ့သော အရာတစ်ခုအကြောင်းကို သင်တို့ကို ငါပြောချင်သည်။ သင်တို့ထဲမှ အချို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၄၃

သင်တို့သည် ယခု မည်သည့်အရာနှင့် ပြင်ဆင်ထားဖို့ လိုအပ်သည်ကို သင်တို့ သိကြသလော။ ယင်း၏ ရှုထောင့်တစ်ခုတွင် အမှုနှင့်ပတ်သက်သည့် ရူပါရုံများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၅၄

ယေရှုသည် သူ၏ကိုယ်ရေးကိုယ်တာအစီအစဉ်များနှင့် ကိုယ့်အကျိုးကိုထည့်သွင်းမစဉ်းစားဘဲ ဘုရားသခင်၏ အလိုတော်ကို လေးနက်စွာ ဆောင်ရွက်ခဲ့သောကြောင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၆

နောက်တစ်ခုမှာ အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာဖြစ်၏။ အစေခံသူများ၏ ဇာစ်မြစ်များအကြောင်းကို ငါတို့ပြောဆိုခဲ့ကြပြီ၊ ဆိုလိုသည်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။