Christian Dance (ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်ဖြစ်သည်)
30.06.2025
၁
ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည်
ထိုအိမ်ကို ဘုရားသခင်၏ လူများအားလုံးက ပိုင်ဆိုင်သည်။
ခရစ်တော်သည် အသင်းတော်၌ လမ်းလျှောက်တော်မူ၍ မိန့်မြွက်တော်မူကာ၊
ကျွန်ုပ်တို့နှင့်အတူတကွ နေထိုင်တော်မူသည်။
ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် ဤနေရာတွင်ရှိသည်။
သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုသည်လည်း ထို့အတူပင်။
ကျွန်ုပ်တို့ ဘ၀များအား ရှင်သန် ကြီးထွားလာစေသည်မှာ
ဘုရားနှုတ်ကပတ်တော်၏ ရေလောင်းခြင်း၊ ပံ့ပိုးခြင်း၊ လမ်းပြခြင်းတို့ဖြစ်သည်။
ဤသည်ကား ခရစ်တော် အုပ်စိုးတော်မူသော နိုင်ငံတော်ဖြစ်ပြီး၊
တရားမျှတ၍ ဖြောင့်မတ်သော ကမ္ဘာလည်း ဖြစ်ပေသည်။
ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်။
၂
ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည်
ထိုအိမ်သည် ဘုရားသခင်၏ လူများအတွက် ချစ်မြတ်နိုးဖွယ်ဖြစ်သည်။
ဘုရားသခင်၏ နူတ်ကပတ်တော် သည် အသင်းတော်အတွင်း ကြီးစိုးကာ
ကျွန်ုပ်တို့သည် သမ္မာတရားကို အမှီပြု၍ ကျင့်ဆောင်ကာ၊
မိမိတို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုကြသည်။
အချင်းချင်း ထိုးနပ်သတ်ပုတ်ခြင်း၊ လျို့၀ှက်ကြံစည်ခြင်းများ နောက်ထပ် မရှိတော့ဘဲ၊
ခုခံကာကွယ်ရန် နှင့် ကြောက်ရွံ့ရန်လည်း မလိုအပ်တော့ပါ။
ခရစ်တော်သည် လူသား၏ ၀ိညာဥ် နားခိုရာ နေရာ၊
ကျွန်ုပ် နောက်တစ်ဖန် လှည့်လည်လျှောက်သွားရန် မလိုအပ်တော့ပါ။
ဤသည်ကား လူသားထုက တောင့်တမျှော်လင့်နေကြသော ခရစ်တော်၏ နိုင်ငံတော်ပင်ဖြစ်ပြီး၊
၎င်းတို့၏ ကောင်းမြတ်သော ပန်းတိုင်လည်း ဖြစ်ပေသည်။
ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်။
၃
ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည်
ဘုရားသခင်၏ လူတိုင်း ထိုအိမ်ကို တန်ဖိုးထားကြသည်။
ဤနေရာ၌ ကျွန်ုပ်သည် ဘုရားသခင်၏ စမ်းသပ်မှုများကို တွေ့ကြုံရ၍၊
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ သန့်စင်ကာ ပြောင်းလဲသွားပေသည်။
နောက်ဆုံးသော ကာလ၏ ခရစ်တော်၊ ကျွန်ုပ်တို့၏ ချစ်ခင်နှစ်လိုဖွယ်ရာ ချစ်ရသောသူ
ကျွန်ုပ်တို့သည် ကိုယ်တော်အား ထာဝရ ချစ်ခင်မြတ်နိုး၍ ချီးမွမ်းပါမည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဤနေရာ၌ ရှိသကဲ့သို့၊
သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်လည်း ရှိပေသည်။
ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်။
ဤနေရာ၌ ကျွန်ုပ်၏ အသက် ကြီးထွားမှု ဇာတ်ကြောင်း ရှိသည်။
ကျွန်ုပ်နှင့်ဘုရားသခင်၏ တိတ်ဆိတ်သော စကားများသည်လည်း ဤနေရာတွင် ရှိသည်။
ဤနေရာ၌ ကျွန်ုပ်၏ မမေ့နိုင်သော အမှတ်တရများ တည်ရှိပြီး၊
၎င်းတို့သည် ဘုရားသခင် စိုက်ထုတ်တော်မူသော အလွန်တရာ ကြိုးပမ်းအားထုတ်ခြင်းကို ဖော်ပြသော မှတ်တမ်းတစ်ခု ဖြစ်ပေသည်။
ဤနေရာတွင် အရာအားလုံး ကျွန်ုပ်အား တို့ထိ ခံစားရစေသည်။
စကားလုံးများက ကျွန်ုပ်၏ စိတ်ရင်းမှန်သော၊ နှလုံးသားမှလာသော ခံစားချက်များကို မဖော်ပြနိုင်ပါ။
ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ