Gospel Choir Song "လူတို့ သမ္မာတရား လိုက်စားပြီး ရှင်သန်ဖို့ ဘုရားသခင် အလိုတော်ရှိ"
16.07.2025
၁
လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း။
အဓိကအကျဆုံး အကြောင်းရင်းမှာ ဘုရားသခင်၏ အမြင်ရှုထောင့်မှ ကြည့်ရလျှင်
သမ္မာတရား လိုက်စားခြင်းသည် လူသားမျိုးနွယ်အပေါ် သူ၏ စီမံခန့်ခွဲမှု၊
လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များနှင့်လည်းကောင်း၊
လူသားမျိုးနွယ်အပေါ် သူထားရှိသည့် မျှော်လင့်ချက်များနှင့်လည်းကောင်း ဆက်နွှယ်လေသည်။
ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
သင် မည်သူဖြစ်စေ၊ ဘုရားသခင်ကို သင် မည်မျှကြာအောင် ယုံကြည်ပြီးသည်ဖြစ်စေ
သမ္မာတရားကို သင် မလိုက်စားပါက၊ သို့မဟုတ် ထိုသမ္မာတရားကို မချစ်ပါက
အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်း၏ ပစ်မှတ်တစ်ခု မလွဲမသွေ ဖြစ်လိမ့်မည် ဖြစ်သည်။
ဤသည်မှာ အလွန် သိသာထင်ရှားပေသည်။
၂
ဘုရားသခင်သည် အမှုတော်၏ အဆင့်သုံးဆင့်ကို လုပ်ဆောင်သည်။
သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကတည်းက စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုရှိပြီး
သူသည် လူသားမျိုးနွယ်အပေါ် ထိုစီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်အသီးသီးကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပြီး
ဖြစ်ကာ လူသားမျိုးနွယ်ကို မျက်မှောက်နေ့ရက်အထိ တစ်လှမ်းချင်း ဆက်လက်ဦးဆောင်ပြီး ဖြစ်သည်။
လူသားမျိုးနွယ်ကို သူဖော်ပြထားသည့် သမ္မာတရားများနှင့်
သူပြောထားသည့် သူတောင်းဆိုသော စံသတ်မှတ်ချက်များ၏ ရှုထောင့်တိုင်းတို့ကို လူတို့အတွင်း သွတ်သွင်းပြီး
ယင်းတို့ကို လူ၏ အသက်နှင့် လက်တွေ့ကျမှုအဖြစ် ပြောင်းလဲဖို့ ဖြစ်သည့် နောက်ဆုံးရည်မှန်းချက်ဖြင့်
ဘုရားသခင်သည် သူ၏ ကြီးမားသည့် အဖိုးအခများစွာကို
အသုံးပြုပြီးဖြစ်ကာ အချိန်ကြာမြင့်စွာပင် သူ ခါးစည်းခံပြီးဖြစ်သည်။
ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ အင်မတန် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပြီး
ဘုရားသခင်သည် ထိုအရာနှင့်ပတ်သက်၍ ထိုသို့ အလေးအနက်ထားပေသည်။
၃
သင်၏ အစွမ်းအစ၊ အသက်အရွယ်၊ သို့မဟုတ်
ဘုရားသခင်ကို သင်ယုံကြည်ခဲ့သည့် နှစ်ကာလအရေအတွက်
မည်မျှဖြစ်စေ လူတစ်ဦးချင်းစီနှင့်ပတ်သက်ပါက
သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအတွက် အားထုတ်မှုများပြုသင့်ပေသည်။
သင်သည် ဓမ္မဓိဋ္ဌာန်ကျသော မည်သည့် ဆင်ခြေများကိုမျှ အလေးမထားသင့်ပေ။
သင်သည် သမ္မာတရားကို အကြွင်းမဲ့ လိုက်စားသင့်၏။ ဖြစ်သလို မနေနှင့်။
သင်သည် သမ္မာတရား လိုက်စားခြင်းကို သင်၏ အသက်တာတွင် ကြီးမားသည့် ကိစ္စတစ်ခုအဖြစ် ခံယူပြီး
ယင်းအတွက် ကြိုးစားမှုနှင့် သင်၏ အားထုတ်မှုများ ပြုသည်ဆိုပါစို့၊
အဆုံး၌ သင်၏ လိုက်စားမှုတွင် သင် ရရှိပြီး လက်လှမ်းမီနိုင်သည့် သမ္မာတရားသည်
သင် ဆန္ဒရှိခဲ့သည့်အရာ မဟုတ်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော် ဘုရားသခင်က သမ္မာတရား လိုက်စားမှုအပေါ်
သင်၏ သဘောထားနှင့် သင်၏ရိုးသားစစ်မှန်မှုတို့ကို ထောက်ရှု၍
သင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင်တစ်ခုကို သူပေးမည်ဟု ပြောပါက
ယင်းမှာ ကောင်းလိုက်မည့် ဖြစ်ခြင်းပါတကား။
၄
ယခုအခါတွင်မူ သင်၏ ခရီးပန်းတိုင်၊
သို့မဟုတ် အဆုံးသတ်က မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်ကိုဖြစ်စေ၊
မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်ဆိုသည်နှင့် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်ကိုဖြစ်စေ၊
ကပ်ဘေးကို သင် ရှောင်ရှားနိုင်ကာ သေမည် ဟုတ်မဟုတ်ဟူသည်ကိုဖြစ်စေ အာရုံမစိုက်နှင့်။
ဤအရာများကို မတွေးနှင့်၊ သို့မဟုတ် ဤအရာများနှင့် စပ်လျဉ်း၍ တောင်းဆိုမှုများ မပြုနှင့်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကိုသာ အာရုံစိုက်လော့၊
ပြီးလျှင် သမ္မာတရားကို လိုက်စားခြင်းသို့ ရောက်လော့၊ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လော့၊
ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်စေလော့၊
ဘုရားသခင်၏ အနှစ်ခြောက်ထောင် စောင့်ဆိုင်းခဲ့ရခြင်းကိုလည်းကောင်း၊
သူ၏ အနှစ်ခြောက်ထောင် မျှော်လင့်စောင့်စားခဲ့ရခြင်းကိုလည်းကောင်း စိတ်ပျက်အောင် လုပ်ခြင်းမှ ရှောင်ကြဉ်လော့။
ဘုရားသခင်ကို နှစ်သိမ့်မှုအချို့ ပေးလော့။ သူ့အား သင့်ထဲတွင် မျှော်လင့်ချက်အချို့ကို မြင်ခွင့်ပေးပြီး
သူ၏ ဆန္ဒများ သင့်အထဲ၌ အကောင်အထည် ဖော်ခွင့်ပေးလော့။
ငါ့ကို ပြောလော့၊ ထိုသို့ သင်လုပ်ဆောင်ခဲ့ပါက ဘုရားသခင်သည် သင့်ကို မတရားသဖြင့် ဆက်ဆံမည်လော။
အဆုံးသတ် ရလဒ်များသည် သင်က ဆန္ဒရှိခဲ့မည့်အရာကဲ့သို့ မဟုတ်လျှင်ပင် သင်သည်
ဖန်ဆင်းခံတစ်ဦးအနေဖြင့် မည်သည့် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တစ်ခုမျှမရှိဘဲ
အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်ပေသည်။
ဤစိတ်ထားရှိခြင်းသည် မှန်ကန်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ