Christian Dance (လူတို့ သမ္မာတရား လိုက်စားပြီး ရှင်သန်ဖို့ ဘုရားသခင် အလိုတော်ရှိ)

31.07.2025

လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း။ အဓိကအကျဆုံး အကြောင်းရင်းမှာ ဘုရားသခင်အမြင်တွင် သမ္မာတရား လိုက်စားခြင်း၌ လူသားမျိုးနွယ်အပေါ် သူ၏ စီမံခန့်ခွဲမှု၊ လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များနှင့် လူသားမျိုးနွယ်အပေါ် သူထားရှိသည့် မျှော်လင့်ချက်များ ပါဝင်ပတ်သက်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သင် မည်သူဖြစ်စေ၊ ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်ပြီးသည်ဖြစ်စေ သမ္မာတရားကို သင် မလိုက်စားပါက၊ သို့မဟုတ် ထိုသမ္မာတရားကို မချစ်ပါက သင်သည် အဆုံးတွင် ဖယ်ရှားခံရမည့်သူ မလွဲမသွေ ဖြစ်သွားလိမ့်မည်။ ဤသည်မှာ အလွန် သိသာထင်ရှားပေသည်။

ဘုရားသခင်သည် အမှုတော်၏ အဆင့်သုံးဆင့်ကို လုပ်ဆောင်သည်။ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကတည်းက စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုရှိပြီး သူသည် လူသားမျိုးနွယ်၌ ထိုအဆင့် အသီးသီးကို တစ်ခုချင်း ဆက်လက်အကျိုးသက်ရောက်စေပြီး ဖြစ်ကာ လူသားမျိုးနွယ်ကို မျက်မှောက်အထိ တစ်လှမ်းချင်း ဆက်လက်ဦးဆောင်ပြီး ဖြစ်သည်။ လူသားမျိုးနွယ်ကို သူဖော်ပြထားသည့် သမ္မာတရားများနှင့် သူပြောသည့် သူ့တောင်းဆိုချက်များ၏ စံသတ်မှတ်ချက်များ၏ ရှုထောင့်တိုင်းတို့ကို လူတို့အတွင်း သွတ်သွင်းပြီး ယင်းတို့ကို လူ၏ အသက်နှင့် လက်တွေ့ကျမှုအဖြစ် ပြောင်းလဲဖို့ ဖြစ်သည့် နောက်ဆုံးရည်မှန်းချက်ဖြင့် ဘုရားသခင်သည် ထိုသို့ကြီးမားသော အဖိုးအခများကို ပြုပြီးဖြစ်ကာ အချိန်ကြာမြင့်စွာပင် သူ ခါးစည်းခံပြီးဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ အင်မတန် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာနှင့်ပတ်သက်၍ ထိုသို့ အလေးအနက်ထားပေသည်။

ထို့ကြောင့် သင်၏ အစွမ်းအစ၊ အသက်အရွယ်၊ သို့မဟုတ် ဘုရားသခင်ကို သင်ယုံကြည်ခဲ့သည့် နှစ်ကာလအရေအတွက် မည်မျှဖြစ်စေ လူတိုင်းသည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအတွက် အားထုတ်မှုများပြုသင့်ပေသည်။ သင်သည် ဓမ္မဓိဋ္ဌာန်ကျသော မည်သည့် အကြောင်းပြချက်ကိုမျှ အလေးမထားသင့်ပေ။ သင်သည် သမ္မာတရားကို အကြွင်းမဲ့ လိုက်စားသင့်၏။ သင်၏ နေ့ရက်ကာလများကို မဖြုန်းနှင့်။ သင့်ဘဝ၏ ကြီးမားသည့် ကိစ္စတစ်ခုအဖြစ် သမ္မာတရား လိုက်စားခြင်းအတွက် သင်သည် လိုက်စားပြီး အားထုတ်မှုများပြုပါက သင်၏ လိုက်စားမှုတွင် သင် ရရှိပြီး လက်လှမ်းမီနိုင်သည့် သမ္မာတရားသည် သင် ဆန္ဒရှိသည့်အရာ မဟုတ်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သင့်ကို သင်၏ လိုက်စားမှုနှင့် ရိုးသားစစ်မှန်မှုအပေါ်ရှိ သင်၏ သဘောထားအပေါ် မူတည်လျက် သင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင်တစ်ခု ပေးမည်ဟု ပြောပါက ယင်းမှာ ကောင်းလိုက်မည့် ဖြစ်ခြင်းပါတကား။

ယခုအခါတွင်မူ သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အဆုံးသတ်က မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်ကိုဖြစ်စေ၊ မည်သည့်အရာ ဖြစ်လိမ့်မည်ဆိုသည်နှင့် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်ကိုဖြစ်စေ၊ ကပ်ဘေးကို သင် ရှောင်ရှားနိုင်ကာ သေမည် ဟုတ်မဟုတ်ဟူသည်ကိုဖြစ်စေ အာရုံမစိုက်နှင့်။ ဤအရာများကို မတွေးနှင့်၊ သို့မဟုတ် မမေးနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကိုသာ အာရုံစိုက်လော့၊ ပြီးလျှင် သမ္မာတရားကို လိုက်စားခြင်းသို့ ရောက်လော့၊ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လော့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်စေလော့၊ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စောင့်ဆိုင်းခဲ့ရခြင်းကိုလည်းကောင်း၊ သူ၏ အနှစ်ခြောက်ထောင် မျှော်လင့်စောင့်စားခဲ့ရခြင်းကိုလည်းကောင်း စိတ်ပျက်အောင် လုပ်ခြင်းမှ ရှောင်ကြဉ်လော့။ ဘုရားသခင်ကို နှစ်သိမ့်မှုအချို့ ပေးလော့။ သင့်အတွက် မျှော်လင့်ချက်အချို့ကို မြင်စေပြီး သူ၏ ဆန္ဒများ သင့်အထဲ၌ အကောင်အထည် ဖော်ခွင့်ပေးလော့။ ထိုသို့ သင်လုပ်ဆောင်ပါက ဘုရားသခင်သည် သင့်ကို ဆိုးရွားစွာ ဆက်ဆံမည်လော။ အဆုံးသတ် ရလဒ်များသည် သင် ဆန္ဒရှိခဲ့မည့် အရာမဟုတ်လျှင်ပင် အဖန်ဆင်းခံတစ်ဦးအနေဖြင့် မည်သည့် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တစ်ခုမျှမရှိဘဲ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို ရိုသေကျိုးနွံသင့်ကြပေသည်။ ယင်းမှာ မှန်ကန်သည့် စိတ်ဓာတ်ဖြစ်သည်။

နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။