Gospel Choir Song "ဘုရားသခင် သင့်စိတ်နှလုံးသားနှင့် ဝိညာဉ်ကို ရှာဖွေနေ" ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ
20.01.2026
၁
အနန္တတန်ခိုးရှင်၏ အသက် ထောက်ပံ့ပေးသနားခြင်းထံမှ လမ်းလွဲပြီးနောက် လူသားမျိုးနွယ်သည် တည်ရှိမှု၏ ရည်ရွယ်ချက်ကို မသိနားမလည်ကြသော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ ကြ၏။ ၎င်းတို့သည် အကူအညီ သို့မဟုတ် အားကိုးရာမရှိကြသည့်တိုင် မျက်စိမှိတ်သွားရန် ဝန်လေးနေကြဆဲဖြစ်ကာ ဝိညာဉ်ရေးရာ ခံစားမှု တစ်စုံတစ်ရာ ကင်းမဲ့သော မိမိတို့၏ ဇာတိပကတိ ခန္ဓာဝန်ကို ထောက်မထားရန် အားတင်းလျက် ဤလောက၌ ယုတ်ညံ့သော ဖြစ်တည်မှုဖြင့် ဆက်လက် ရှင်သန်နေကြ၏။ သင်သည် အခြားသူများနည်းတူ မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက် ကိုယ်တော်၏ ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ထိုသို့သော ယုံကြည်လက်ခံမှုသည် အသိစိတ် မရှိသောသူတို့ထဲတွင် ဖြစ်မြောက်ခြင်းမရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ၎င်းတို့သည် ယင်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။
၂
အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူတို့ထံမှ အဖြေတစ်ခုကို လက်ခံရရှိခြင်း မရှိမီ စောင့်ဆိုင်းနေခဲ့သည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိစိတ်လုံးဝမရှိသော ဤလူများကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။ သင်နိုးထပြီး ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းမရှိတော့ရန်အတွက် သူသည် ရှာဖွေရန်၊ သင့်စိတ်နှလုံးနှင့် သင့်ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံသို့ ရေနှင့်အစားအစာကို ယူဆောင်ပေးရန် လိုလားလေသည်။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ ခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို ခံစားရသောအခါ၊ လမ်းပျောက်သည်ဟု မခံစားနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ရင်ဝယ်ပိုက်လိမ့်မည်။ ကိုယ်တော်သည် သင်၏ ဘေးတွင် စောင့်ကြည့်လျက်၊ သင် ပြန်လှည့်လာရန်ကိုလည်းကောင်း၊ သင် ရုတ်တရက် ပြန်လည်အမှတ်ရလာမည့် နေ့ရက်ကိုလည်းကောင်း စောင့်မျှော်လျက် ရှိ၏။ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိသော အချိန်အခါတစ်ခု၌ လမ်းပျောက်ခဲ့ကြောင်း၊ မသိသော အချိန်အခါတစ်ခု၌ လမ်းပေါ်တွင် သတိလစ်သွားခဲ့ကြောင်းနှင့် မသိသော အချိန်အခါတစ်ခု၌ သင်၌ “အဖ” တစ်ဦး ရှိခဲ့ကြောင်းတို့ကို သိရှိလာသောအချိန်၊ ထို့အပြင် အနန္တတန်ခိုးရှင်သည် သင်၏ ပြန်လာခြင်းကို အစဉ်အမြဲ စောင့်ကြည့်လျက်၊ အလွန့်အလွန် ကြာမြင့်သောအချိန်တိုင်အောင် ထိုနေရာ၌ စောင့်မျှော်နေခဲ့ကြောင်းကိုလည်း သိရှိလာသောအချိန်ဖြစ်သည်။ ကိုယ်တော်သည် ပြင်းပြစွာ တောင့်တလျက်၊ အဖြေမရသည့် တုံ့ပြန်မှုတစ်ခုကို စောင့်မျှော်လျက် ရှိ၏။ ကိုယ်တော်၏ စောင့်ကြည့်ခြင်းသည် အဘယ်တန်ဖိုးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ဘဲ လူသား၏ စိတ်နှလုံးနှင့် လူသား၏ ဝိညာဉ်အလို့ငှာ ဖြစ်ပေ၏။ ကိုယ်တော်၏ စောင့်ကြည့်ခြင်းသည် အကန့်အသတ်မဲ့လည်း ဖြစ်ကောင်းဖြစ်မည် သို့မဟုတ် အဆုံးတိုင်ခဲ့ပြီလည်း ဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် သင်၏ ဝိညာဉ်တို့မှာ အတိအကျ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင် သိသင့်ပေသည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်း မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ