Christian Movie - ဘုရားသခင်သည်@ကျွန်မ၏ စိတ်နှလုံးအတွင်းထဲမှ သီချင်းဖြစ်ပေ

12.05.2025

ချန်ကျင်းသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် တရုတ်ကွန်မြူနစ်ပါတီက ဖမ်းဆီးခြင်းနှင့် ရက်စက်စွာ နှိပ်စက်ခြင်းကို ခံရသည်။ ဆိုးယုတ်သော ရဲအရာရှိတစ်ဦးက သူမ၏ခေါင်းကို တုတ်ဖြင့် ရိုက်လိုက်၍ သူမ၏ ကိုယ်ခန္ဓာတစ်ခြမ်းသေသွားသည်။ ချန်ကျင်းသည် ထောင်သို့ ဝင်ရောက်ပြီးနောက်တွင် ကုသမှုမခံယူသကဲ့သို့ ထောင်စောင့်များ၏ နှိပ်စက်ခြင်းကိုလည်း ခံရသောကြောင့် သူမ၏ ရောဂါအခြေအနေက ပိုဆိုးလာသည်။ သူမသည် စိတ်မမှန်ဖြစ်လာသည်။ မှတ်ဉာဏ်ပျောက်ဆုံးသည်။ သူမကိုယ်သူမ ဂရုမစိုက်နိုင်ပေ။ သူမသည် နှစ်လ၊ သုံးလကို ကျော်၍ အသက်မရှင်နိုင်ဟု ထောင်ဆရာဝန်က ရှာဖွေတွေ့ရှိသည်။ စိတ်ပျက်အားငယ်ချိန်တွင် ဘုရားနှုတ်ကပတ်တော်တို့က ချန်ကျင်း၏ တစ်ခုတည်းသော အားကိုးရာဖြစ်လာသည်။ အခြားထောင်ကျခံရသော ညီအစ်မများက ရွတ်ဖတ်သော ဘုရားနှုတ်ကပတ်တော်များက သူမကို ယုံကြည်ခြင်းနှင့် ခွန်အားပေးပြီး သူမ၏ လေဖြတ်နေသော ခြေထောက်က ခံစားမှုကို ပြန်လည်ရရှိသည်။ အလုပ်ကြမ်းစခန်းထောင်မှူးက ထောင်ထဲတွင် သူမသေမည်စိုးသောကြောင့် သူမကို ဆေးကုသရန် လွတ်ငြိမ်းခွင့်ကိုပေးလိုက်သည်။ ချန်ကျင်းသည် အိမ်ပြန်လာပြီးနောက် ဆရာဝန်နှင့် တွေ့ဆုံရန် ပိုက်ဆံမရှိပေ။ သို့သော် သူမသည် ဘုရားသခင်ကို ဆက်လက်အားကိုးသည်။ ထူးဆန်းစွာဖြင့် နှစ်နှစ်ကြာပြီးနောက်တွင် သူမသည် လုံးဝ ပျောက်ကင်းသွားသည်။ ဤလမ်းခရီးတစ်လျှောက်တွင် သူမသည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် အချုပ်အခြာအာဏာကိုလည်းကောင်း၊ ဘုရားသခင်ကသာ လူသားအသက်၏ အရင်းအမြစ်ဖြစ်သည်ကိုလည်းကောင်း အမှန်တကယ် ခံစားရသည်။ ထို့နောက်တွင် သူမသည် ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန်အတွက် ဆက်လက်၍ ဧဝံဂေလိဟောပြီး ဘုရားသခင်ကို သက်သေခံသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။