ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၅၂

03.09.2020

အနန္တတန်ခိုးရှင်ဘုရားသခင်။ သူ၏ဘုန်းအာနုဘော်နှင့်ပြည့်စုံသော ကိုယ်ခန္ဓာသည် ပွင့်လင်းစွာပင်ပေါ်ထွန်းကာ သန့်ရှင်းသော ဝိညာဉ်ခန္ဓာသည် ထမြောက်ပြီး သူသည် စုံလင်သော ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်။ လောကီနှင့် ဇာတိပကတိ နှစ်မျိုးစလုံးတို့သည် ပြောင်းလဲခြင်းခံရကာ တောင်ပေါ်တွင် သူ၏ပုံသဏ္ဌာန်တော် ပြောင်းလဲခြင်းသည် ဘုရားသခင်၏ပုဂ္ဂိုလ်တော်ပင် ဖြစ်သည်။ သူ၏ဦးခေါင်းတော်ပေါ်တွင် ရွှေသရဖူကို ဆောင်း၍၊ သူ၏အဝတ်သည် ဖြူစင်လျက်၊ ရင်တော်၌ရွှေ ခါးပန်းကိုစည်းလျက်၊ ကမ္ဘာပေါ်ရှိအရာအားလုံး သည်သူ၏ခြေတင်ရာခုံ ဖြစ်သည်။ သူ၏မျက်စိတော်တို့သည် မီးလျှံကဲ့သို့ ဖြစ်၍ အသွားနှစ်ဘက်ထက်သော သံလျက် သည် ခံတွင်းတော် ထဲတွင်ရှိကာ၊ သူ၏လကျာ်လက်ထဲ၌ ကြယ်ခုနှစ်လုံးတို့ ရှိကြသည်။ နိုင်ငံတော်ဆီသို့သွားသောလမ်းသည် အတိုင်းအဆမဲ့ လင်းလက်၍ သူ၏ဘုန်းတော်သည် ပေါ်ထွန်း၍တောက်ပ၏၊ တောင်တို့သည် ဝမ်းမြောက်လျက်၊ ရေတို့သည် ရယ်မောလျက်၊ နေ၊ လ၊ ကြယ်တို့သည် ၎င်းတို့၏ စနစ်ကျသောအစီအစဉ်ထဲတွင် လည်ပတ်လျက်၊ အတုမဲ့၍ စစ်မှန်သောဘုရားသခင်ကို ကြိုဆိုလျက် ထိုဘုရား၏ အောင်မြင်ခြင်းနှင့် ပြန်လည် ကြွလာခြင်းသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အောင်မြင်ပြီးစီးခြင်းကို ကြေညာသည်။ အားလုံး ဝမ်းမြောက်ခြင်းနှင့် ကခုန်ကြလော့။ ဝမ်းမြောက်ကြလော့။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သူ၏ ဘုန်းနှင့်ပြည့်ဝသော ပလ္လင်တော်ပေါ်တွင်ထိုင်သည်။ သီချင်းဆို ကြလော့။ အနန္တတန်ခိုးရှင်၏ အောင်မြင်ခြင်းအလံကို ခမ်းနား ကြီးကျယ်သော ဇိအုန်တောင်ပေါ်တွင် မြင့်မားစွာ လွှင့်ထူထား၏။ တိုင်းနိုင်ငံအားလုံးတို့သည် ဝမ်းမြောက်နေကြ၏၊ လူအပေါင်းတို့သည် သီချင်းသီဆိုနေကြ၏၊ ဇိအုန်တောင်သည် ဝမ်းမြောက်စွာ ရယ်မောနေ၏၊ ဘုရားသခင်၏ ဘုန်းတော်သည် ပေါ်ထွန်းလာခဲ့ပြီ။ အိပ်မက်များထဲ၌ပင် ဘုရားသခင်၏ မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်ဟု မထင်ထားသော်လည်း ယနေ့ ကျွန်ုပ်မြင်တွေ့ခဲ့ရပြီ။ နေ့စဉ်နေ့တိုင်း ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်၍ ကျွန်ုပ်၏နှလုံးသားကို သူ့အား ဖော်ထုတ်ပြ၏။ စားသောက်သမျှသော အရာအားလုံးတို့ကို သူသည် ရက်ရောစွာ ပံ့ပိုးပေးသည်။ အသက်၊ စကားလုံးများ၊ အပြုအမူများ၊ အကြံအစည်များ နှင့် အတွေးအခေါ်များ အားလုံးတို့ကို သူ၏ ဘုန်းနှင့်ပြည့်စုံသော အလင်းက အလင်းပေးသည်။ သွားသည့်လမ်း ခြေလှမ်းတစ်လှမ်းစီကို သူက ဦးဆောင်၍၊ ပုန်ကန်တတ်သော နှလုံးသား တစ်စုံတစ်ရာ ရှိပါက သူ၏ တရားစီရင်ခြင်းသည် ချက်ချင်းပင် ကျရောက်လာမည်ဖြစ်သည်။

ဘုရားသခင်နှင့် အတူစားသောက်ခြင်း၊ အတူနေထိုင်ခြင်း၊ အတူအသက်ရှင်ခြင်း၊ သူနှင့်အတူရှိခြင်း၊ အတူလမ်းလျှောက်ခြင်း၊ အတူဝမ်းမြောက်ခြင်း၊ အတူ ဘုန်းစည်းစိမ်နှင့် ကောင်းချီးများ ခံစားခြင်း၊ ဘုရားသခင်နှင့် ဘုရင်ဖြစ်ခြင်းကို မျှဝေခံစားခြင်းနှင့် နိုင်ငံတော်ထဲတွင် အတူတကွရှိခြင်းတို့သည် မည်မျှကြည်နူးစရာ ကောင်းလိုက်သနည်း။ ချိုမြိန်လှစွာတကား။ နေ့စဉ် နေ့တိုင်း မျက်နှာချင်းဆိုင်လျက်၊ နေ့တိုင်း စကားပြောလျက်၊ အဆက်မပြတ်စကားပြောလျက်၊ အသစ်သော ဉာဏ်ပွင့်ခြင်းကို ရရှိလျက်၊ နေ့စဉ် အသစ်သော ထိုးထွင်းမြင်နိုင်စွမ်း ကို ရရှိလျက်နေမည်။ ကျွန်ုပ်တို့၏ ဝိညာဉ်မျက်စိတို့ပွင့်ပြီး အရာခပ်သိမ်းကို ကျွန်ုပ်တို့မြင်ကာ ဝိညာဉ်တော်၏ လျှို့ဝှက် ဆန်းကြယ်သောအရာများ အားလုံးတို့ကို ကျွန်ုပ်တို့အား ထုတ်ဖော်ပြသည်။ သန့်ရှင်းသော အသက်တာသည် အမှန်ပင်ပူပင်ကြောင့်ကြမဲ့လှသည်။ မရပ်မနားဘဲ မြန်မြန် ပြေးကာ ရှေ့သို့ တရစပ်ချီတက်ပါ။ ရှေ့တွင် ပိုမို အံ့သြဘွယ်ကောင်းသော အသက်တာ ရှိသည်။ ချိုမြိန်သောအရသာတွင်သာ ကျေနပ်၍မနေဘဲ ဘုရားသခင်ထံတော်သို့ ဝင်ရောက်ရန် အမြဲကြိုးစား ရှာဖွေပါ။ သူသည် အားလုံးကို လွှမ်းခြုံနိုင်ပြီး ရက်ရောသောသူ ဖြစ်ပြီး ကျွန်ုပ်တို့၌မရှိသော အရာ မျိုးစုံတို့သည် သူ၌ရှိသည်။ မိမိဘက်မှစ၍ တက်ကြွစွာ ပူးပေါင်းပါဝင်ပါ။ သူ့ထံသို့ ဝင်ပါ။ မည်သည့်အရာမျှ ရှေ့ကနှင့်တူတော့မည်မဟုတ်။ ကျွန်ုပ်တို့၏ အသက်တာသည် သာမန်ထက် သာလွန်ကောင်းမြတ်ခြင်းသို့ရောက်ပြီး မည်သူမျှ၊ မည်သည့်ကိစ္စနှင့် မည်သည့်အရာကမျှ ကျွန်ုပ်တို့အား နှောင့်ယှက်နိုင်မည်မဟုတ်ပါ။

သာမန်ထက်သာလွန်ကောင်းမြတ်ခြင်း။ သာမန်ထက်သာလွန် ကောင်းမြတ်ခြင်း။ စစ်မှန်သော သာမန်ထက် သာလွန်ကောင်းမြတ်ခြင်း။ ဘုရားသခင်၏ သာမန်ထက်သာလွန်ကောင်းမြတ်သော အသက်တာသည် အတွင်း၌ ရှိပြီး အရာအားလုံးတို့သည် သက်သာခြင်းသို့ အမှန်ပင် ရောက်ရှိလာသည်။ ကျွန်ုပ်တို့သည် လောကနှင့် လောကီနှင့်ဆိုင်သော အရာများကို ကျော်လွန်ပြီး ခင်ပွန်းတို့ သို့မဟုတ် သားသမီးတို့၏ သံယောဇဉ်တို့ မခံစားရပါ။ ကျွန်ုပ်တို့သည် နာဖျားခြင်းနှင့် ပတ်ဝန်းကျင်တို့၏ ထိန်းချုပ်မှုတို့ကိုလည်း ကျော်လွန်သည်။ စာတန်သည် ကျွန်ုပ်တို့ကို မနှောင့်ယှက်ဝံ့ပါ။ ဒုက္ခအားလုံးကို လုံးဝကျော်လွန်ခြင်း- ဤအရာသည် ဘုရားသခင်အား ဘုရင်နေရာကိုယူရန် အခွင့်ပေးခြင်းပင် ဖြစ်သည်။ စာတန်အား ကျွန်ုပ်တို့၏ခြေဖြင့် နင်းချေပြီး အသင်းတော်အတွက် သက်သေအဖြစ် ရပ်တည်ကာ စာတန်၏ အကျည်းတန်သော မျက်နှာကို လုံးလုံးလျားလျား ဖော်ထုတ်ကြသည်။ အသင်းတော်ကို တည်ဆောက်ခြင်းအမှုသည် ခရစ်တော်၌ရှိ၏၊ ဘုန်းနှင့်ပြည့်စုံသော ကိုယ်ခန္ဓာသည် ထမြောက်ပြီ။ ဤအရာသည် ချီဆောင်ခြင်းထဲတွင် အသက်ရှင်ခြင်းပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၅)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။