ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၃

30.09.2020

နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေ၌ ပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည် စတင်ရွေ့လာကြသည်။ ယခင်က ငါသည် ပရောဖက်ပြုခဲ့ပြီးဖြစ်သည်။ ကုန်းမြေမှ ကုန်းမြေသည် ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို အပိုင်းအစများအဖြစ်သို့ ထုချေပစ်မည့် အချိန်လည်းဖြစ်သည်။ ဤအချိန်တွင်၊ ငါသည် ဖန်ဆင်းခြင်း အလုံးစုံကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည်တစ်ဖန် ပိုင်းကန့်မည်ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို စနစ်တကျ စီစဉ်မည်ဖြစ်ပြီး၊ ၎င်း၏ ဟောင်းသောအခြေအနေကို အသစ်သို့ ပြောင်းလဲစေမည်ဖြစ်သည်။ ဤသည်မှာ ငါ၏အစီအစဉ်ပင်ဖြစ်သည်။ ဤအရာများမှာ ငါ၏အလုပ်များပင် ဖြစ်သည်။ လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေလိမ့်မည်။ သို့သော်လည်း လောကဟောင်း ဆက်လက်တည်ရှိနေသရွေ့ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာ တစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏တိုင်းနိုင်ငံနှင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဝတ်ပြုကိုးကွယ်သော တိုင်းနိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများအားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကို စီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားနောက်သို့ လိုက်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ကွဲပြားသော ပြစ်တင် ဆုံးမခြင်းများကို ခံယူကြရမည် ဖြစ်သည်။ ငါ့တစ်ဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်မိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။

ငါ၏အသံသည် ပြင်းပြထက်သန်ခြင်း၌ နက်ရှိုင်းလာသည်နှင့်၊ စကြဝဠာ၏ အခြေအနေကိုလည်း ငါသည် အကဲခတ်နေသည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ဖန်ဆင်းခြင်း၏ အသင်္ချေ များလှသောအရာများ အားလုံးသည် အသစ်ပြုပြင်ခြင်းကိုခံရမည်။ ကောင်းကင်သည် ပြောင်းလဲပြီး၊ ကမ္ဘာမြေကြီးသည်လည်း ပြောင်းလဲမည်။ လူသားမျိုးနွယ်သည် တဖြည်းဖြည်းနှင့် အသီးသီး ၎င်းတို့၏ အမျိုးအစားအလိုက် ၎င်းတို့၏ မူလပုံသဏ္ဌာန်အတိုင်း ထုတ်ဖော်ခြင်းခံရပြီး၊ လူများသည် သတိမပြုမိဘဲ ၎င်းတို့မိသားစုများ၏ ရင်ခွင်အောက်သို့ ပြန်ရာလမ်းကို ရှာတွေ့ကြမည်။ ဤအချိန်တွင် ငါသည် ကြီးစွာကျေနပ်မည်။ ငါသည် ပြိုကွဲပျက်စီးခြင်းနှင့် ကင်းလွတ်ပြီး၊ မည်သူမျှ သတိမပြုမိဘဲ ငါ၏ ကြီးမြတ်သော အလုပ်သည် ပြီးပြည့် စုံလင်လာကာ၊ မည်သူမျှ သတိမပြုမိလိုက်ဘဲနှင့် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် အသွင်ပြောင်းခြင်း ခံကြရသည်။ ကမ္ဘာလောကကြီးကို ငါဖန်ဆင်းခဲ့သောအခါ၊ အရာခပ်သိမ်းတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပုံသဏ္ဌာန်များနှင့် သတ်မှတ်လျက်၊ အရာခပ်သိမ်းတို့ကို ငါသည် ၎င်းတို့၏ အမျိုးအစားအလိုက် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ နိဂုံးအဆုံးသည် နီးကပ်လာသည်နှင့်၊ ငါသည် ဖန်ဆင်းခြင်း၏ ယခင်အခြေအနေကို ပြန်လည်တည်ထောင်မည်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလအခြေအနေများဆီသို့ ပြန်လည်ထူထောင်မည်၊ အရာခပ်သိမ်းကို ထူးကဲသာလွန်စွာ ပြောင်းလဲခြင်းအားဖြင့်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ ရင်ခွင်အောက်သို့ ပြန်လာကြလိမ့်မည်။ အချိန်ကျလာလေပြီ။ ငါ၏အစီအစဉ်ထဲမှ နောက်ဆုံးအဆင့်သည် ပြီးမြောက်အောင်မြင်လုနီးပြီဖြစ်သည်။ အို...ဟောင်းနွမ်း၍ မသန့်စင်သော လောကကြီး၊ သင်သည် ငါ့နှုတ်ကပတ်တော်များအောက်တွင် ဧကန်အမှန်ပင် ကျရှုံးလိမ့်မည်။ ငါ၏အစီအစဉ်အားဖြင့် သင်သည် ဗလာနတ္ထိအဖြစ်သို့ လျှော့ချခြင်း ဧကန်အမှန်ပင် ခံရလိမ့်မည်။ အိုး...ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများတို့၊ သင်တို့အားလုံးသည် ငါ့နှုတ်ကပတ်တော်များအထဲ၌ အသစ်သောအသက်ကို ရကြလိမ့်မည်၊ သင်တို့သည် သင်တို့၏ အကြွင်းမဲ့ပိုင်သအုပ်စိုးသော သခင်ရှိလိမ့်မည်။ အိုး...သန့်စင်၍ အပြစ်အနာအဆာမဲ့သော လောကသစ်ကြီး၊ သင်သည် ငါ့ဘုန်းအထဲတွင် ဧကန်အမှန်ပင် နှိုးထလိမ့်မည်။ အိုး...ဇိအုန်တောင်၊ ထပ်၍ တိတ်ဆိတ်မနေနှင့်။ ငါသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခြင်း၏အလယ်မှ၊ ကမ္ဘာမြေကြီးတစ်ခုလုံးကို ငါသည် စေ့စေ့စပ်စပ် စစ်ဆေး၏။ ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သောအသက်ကို စတင်ခဲ့ပြီး၊ မျှော်လင့်ခြင်းအသစ်ကို အောင်နိုင်လေပြီ။ အိုး...ငါ၏လူများတို့၊ အဘယ်သို့လျှင် သင်တို့သည် ငါ၏ အလင်းရောင်အထဲ၌ အသက်ထံသို့ လှမ်းမလာနိုင်ရသနည်း။ အဘယ်သို့လျှင် သင်တို့သည် ငါ၏လမ်းပြပို့ဆောင်မှုအောက်၌ ရွှင်လန်းခြင်းနှင့် မကခုန်နိုင်ရသနည်း။ ကုန်းမြေတို့သည် ဝမ်းသာရွှင်လန်းခြင်းနှင့် အော်ဟစ်ကြ၏၊ ရေတို့သည်လည်း အားရရွှင်လန်းသော ရယ်မောခြင်းနှင့် ရုန့်ကြမ်းကျယ်လောင်နေကြပါတကား။ အိုး...ရှင်ပြန်ထမြောက်သော ဣသရေလ၊ အဘယ်သို့နှင့် သင်သည် ငါ၏ ရှေးမဆွက ခွဲခန့်မှတ်သားခြင်းအကြောင်းကို ဂုဏ်မယူနိုင် ရသနည်း။ မည်သူသည် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပြီးသနည်း။ မည်သူသည် ငိုကြွေးမြည်တမ်းခဲ့ပြီးသနည်း။ ဟောင်းနွမ်းသော ဣသရေလသည် မတည်ရှိတော့ဘဲ၊ ယနေ့ကာလ၏ ဣသရေလသည် ထမြောက်လေပြီ၊ လောကကြီးတွင် ယင်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားပင် လူသားမျိုးနွယ် အားလုံးတို့၏ နှလုံးသားများထဲတွင် တည်ထားလျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလသည် ငါ၏လူများမှတစ်ဆင့် တည်ရှိဖြစ်တည်မှု၏ ရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။ အိုး...မုန်းတီးခြင်းနှင့်ပြည့်သော အဲဂုတ္တု၊ သင်သည် ဧကန်အမှန်ပင် ငါ့တဘက်၌ ထ၍မနေတော့သည် မဟုတ်လော။ သင်သည် ငါ၏ကရုဏာကို အခွင့်ကောင်းယူလျက် ငါ၏ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ရန် အဘယ်သို့လျှင် ကြိုးစားသနည်း။ သင်သည် ငါ၏ပြစ်တင်ဆုံးမခြင်းအတွင်း၌ အဘယ်သို့လျှင် တည်ရှိမနေနိင် ရသနည်း။ ငါချစ်သော ထိုသူအားလုံးသည် ထာဝရကာလတိုင် ဧကန်အမှန် ရှင်သန်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့တစ်ဘက်၌ထကြသော ထိုသူအားလုံးတို့သည်ကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝရကာလတိုင် ခံကြရပေလိမ့်မည်။ အကြောင်းမူကား၊ ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ၏။ ငါသည် လူအားလုံးကို သူတို့ပြုခဲ့သောအရာများကြောင့် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးအပေါ်သို့ စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။