Gospel Choir Song "ဘုရားသခင်သည် လူသားတို့အတွက် ပိုမိုလှပသည့် မနက်ဖြန်ကိုဖန်ဆင်းပေး" ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ

19.01.2026

ငါသည် ငါ၏အဖိုးတန်သောအသီးတို့ကို ငါ၏ပြန်လာခြင်းကို စိတ်ထက်သန်၍ စေ့စေ့စပ်စပ် ကြိုးစားပမ်းစား ကြိုဆိုသော ခါနာန်ပြည်မှ လုံ့လဝီရိယရှိသည့် လယ်သမားများကို အပ်နှင်းမည်။ ကောင်းကင် ထာဝရကာလကြာ တည်မြဲနေရန်နှင့် ထိုထက်ပို၍ လူသားသည် မည်သည့်အခါမျှ အိုမင်းခြင်းမရှိရန်၊ ကောင်းကင်နှင့်လူသား ထာဝရ ငြိမ်သက်ခြင်းချမ်းသာတွင်ရှိရန်၊ အစဉ်စိမ်းလန်းသော ထို “ထင်းရှူးနှင့် ကျောက်ပန်းပင်များ” က ဘုရားသခင်အား အစဉ်ထာဝရ အဖော်ပြုရန်နှင့် အကောင်းဆုံးခေတ်ထဲသို့ အတူတကွ ဝင်ရောက်ရာ၌ ကောင်းကင်ကို အစဉ်ထာဝရ အဖော်ပြုရန်သာ ငါဆန္ဒရှိ၏။

ငါသည် သူ့ထံ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ကို အပ်နှင်းပြီး ငါ၏ ကြွယ်ဝမှုအားလုံးကို လူသားထံ ချန်ထားသည်၊ ငါ၏အသက်ကို လူသားအပေါ် ကြဲချလိုက်သည်။ ငါ့အသက်၏မျိုးစေ့ကို လူသား၏ နှလုံးသားစိုက်ကွင်းတွင် စိုက်ပျိုးသည်၊ ထာဝရအမှတ်ရစရာများကို သူ့အား ချန်ထားပေးသည်၊ ငါ၏ချစ်ခြင်းမေတ္တာအားလုံးကို လူသားမျိုးနွယ်ထံ ချန်ထားပြီး ငါ့အထဲ၌ လူသား ချစ်ခင်မြတ်နိုးသော အရာအားလုံးကို လူသားအား ငါပေး၏။ ငါသည် လူသားမျိုးနွယ်အပေါ် ငါ၏အလုံးစုံ အပ်နှင်းနှင့်ပြီးဖြစ်သည်။ ငါ့အသက် တစ်ခုလုံးကို လူသားထံ ငါ ချန်ထားနှင့်ပြီးဖြစ်ကာ စကားတစ်ခွန်းမျှ မပြောဘဲ ငါသည် လူသားမျိုးနွယ်အတွက် လှပသော ချစ်ခြင်းမေတ္တာမြေကို ထွန်ယက်ရန် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ပြီးဖြစ်သည်။ ငါသည် လူသားအပေါ် မျှတသော တောင်းဆိုမှုတစ်ခုတလေကိုပင် မည်သည့်အခါမျှ မပြုဖူးဘဲ လူသား၏ စီမံခန့်ခွဲမှုများကိုသာ နာခံကာ လူသားမျိုးနွယ်အတွက် သာ၍လှပသော မနက်ဖြန်ကို ဖန်ဆင်းရုံမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်လေပြီ။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။