ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၉

06.08.2020

သင်သည် ငါ့အိမ်ထောင်ရှိ လူများထဲမှ တစ်ဦးဖြစ်သောကြောင့်နှင့် ငါ၏ နိုင်ငံတော်အပေါ်သင်သည် သစ္စာစောင့်သိသောကြောင့် သင်လုပ်သမျှ အရာအားလုံးသည် ငါသတ်မှတ်သော စံနှုန်းများနှင့် ပြည့်မီရမည်။ သင့်ကို လွင့်မျောနေသော တိမ်စိုင်မျှသာဖြစ်ရန် ငါမတောင်းဆိုဘဲ ဝင်းလက်တောက်ပသော နှင်းပွင့်ဖြစ်ရန်နှင့် ၎င်း၏ အနှစ်သာရကို ပိုင်ဆိုင်ရန် ထို့ထက်ပို၍ ၎င်း၏ တန်ဖိုးကို ပိုင်ဆိုင်ရန်သာ တောင်းဆိုသည်။ ငါသည် သန့်ရှင်းသောမြေမှ လာခဲ့သောကြောင့် သန့်ရှင်းသောမြေမှ မဟုတ်ဘဲ ရွှံ့နွံထဲမှ လာခဲ့သော အမည်သာရှိပြီး အနှစ်သာရ မရှိသည့် ကြာပဒုမ္မာကဲ့သို့ မဟုတ်။ အသစ်သော ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက် လာပြီး အသစ်သော ကမ္ဘာမြေကြီးသည် မိုးကောင်းကင် တစ်လွှားတွင် ပျံ့နှံ့လေသော အချိန်သည် လည်း လူသား အကြား၌ ငါသည် တရားဝင်အလုပ်လုပ်သော အချိန်ပင်ဖြစ်သည်။ လူသားတို့ထဲတွင် မည်သူသည် ငါ့အား သိကျွမ်းသနည်း။ မည်သူသည် ငါဆိုက်ရောက်လာခြင်း၏ အခိုက်အတန့်ကို ရှုမြင်ခဲ့သနည်း။ ငါ၌ အမည်သာ ရှိသည်မဟုတ်ဘဲ ထို့ထက်ပို၍ ငါ့တွင် အနှစ်သာရရှိသည်ကိုလည်း မည်သူသည် တွေ့မြင်ခဲ့သနည်း။ ဖြူသော တိမ်စိုင်များကို ငါသည် ငါ့လက်နှင့် ပယ်ရှင်းပြီး မိုးကောင်းကင်ကို စေ့စေ့ကြည့်ရှု စစ်ဆေးသည်၊ အာကာသ ဟင်းလင်းပြင်တွင် ငါ့လက်နှင့် မစီရင်သောအရာ ဘာမျှမရှိ၊ အာကာသ ဟင်းလင်းပြင် အောက်တွင်လည်း ငါ၏ တန်ခိုးကြီးလှသော လုပ်ငန်းကို ပြီးမြောက်ခြင်းအတွက် မိမိ၏ သေးငယ်သော လုံ့လကို မထည့်ဝင်သည့် လူသားတစ်ယောက်မျှမရှိ။ ငါသည် အစဉ်အမြဲပင် လက်တွေ့ကျသော ဘုရားသခင် ဖြစ်ကာ လူသားကို ဖန်ဆင်းခဲ့ပြီး လူသားကို ကောင်းစွာသိသော အနန္တတန်ခိုးရှင် ဖြစ်သောကြောင့် ငါသည် ကမ္ဘာမြေကြီးပေါ်ရှိ လူများကို ကြီးလေးသော တောင်းဆိုမှုများ မပြုပါ။ ခပ်သိမ်းသော လူတို့သည် အနန္တ တန်ခိုးရှင်၏ မျက်မှောက်၌ ရှိကြသည်။ ကမ္ဘာမြေကြီး၏ အဝေးလံဆုံးသော ချောင်ကျသည့် အရပ်များတွင်ရှိသော ထိုလူများတို့ပင် ငါ့ဝိညာဉ်၏ စိစစ်ခြင်းကို အဘယ်သို့ ရှောင်ရှားနိုင်မည်နည်း။ လူသားသည် ငါ၏ ဝိညာဉ်ကို သိကျွမ်းသော်ငြားလည်း သူသည် ငါ့ဝိညာဉ်ကိုပင် ပြစ်မှားသည်။ ငါ၏ နှုတ်ကပတ်တော်များသည် လူခပ်သိမ်းတို့၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ပြပြီး လူခပ်သိမ်းတို့၏ အတွင်းကျဆုံးသော အတွေးများကို ဖွင့်ချပြကာ ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံးကို ငါ့အလင်းအားဖြင့် ထင်ထင်ရှားရှား ဖြစ်စေပြီး ငါ၏ စိစစ်ခြင်းအလယ်၌ လဲကျကြလေသည်။ လူသားသည် လဲကျသော်ငြားလည်း သူ၏ နှလုံးသားသည် ငါ့ထံမှ ဝေးကွာစွာ လမ်းလွဲသွားရန် မဝံ့ရဲပေ။ ဖန်ဆင်းခံ သတ္တဝါများထဲတွင် မည်သူသည် ငါ၏ လုပ်ဆောင်ချက်များကြောင့် ငါ့ကို မချစ်လာဘဲ ရှိသနည်း။ မည်သူသည် ငါ့နှုတ်ကပတ်တော်များ၏ ရလဒ်အနေနှင့် ငါ့ကို မတမ်းတဘဲ ရှိသနည်း။ ငါ၏ ချစ်ခြင်းမေတ္တာကြောင့် မည်သူ့ထံတွင် ဆည်းကပ်လိုသော ခံစားချက်များ မဖြစ်ပေါ်လာသနည်း။ စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းကြောင့်သာ လူသားသည် ငါသတ်မှတ်ထားသည့် နယ်ပယ်သို့ ရောက်ရှိခြင်းငှာ မတတ်စွမ်း နိုင်ခြင်းဖြစ်သည်။ ယနေ့ကာလကို မဆိုထားနှင့် စာတန်က သောင်းကျန်းပြီး လွန်လွန်ကဲကဲ အာဏာရှင် ဆန်သည့် ခေတ်ကာလ သို့မဟုတ် လူသား၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် ညစ်ညူးခြင်းနှင့် ဖုံးသွားသည်အထိ စာတန်၏ အလွန်အမင်း နင်းခြေခြင်းကို ခံရသော အချိန်တွင် ငါသတ်မှတ်ထားတောင်းဆိုသည့် အနိမ့်ဆုံးသော စံနှုန်းများသည်ပင် လူသားထဲ၌ သံသယများ ဖြစ်စေသည်။ လူသား၏ ဆိုးယုတ်ခြင်းရလဒ်ကြောင့် ငါ့နှလုံးသားကို အရေးစိုက်ရန် သူ၏ ပျက်ကွက်ခြင်းသည် အဘယ်အချိန်တွင် ငါ့အား ပူဆွေးသောက မဖြစ်စေခဲ့သနည်း။ ယင်းမှာ ငါသည် စာတန်အား သနား၍ ဖြစ်နိုင်သလော။ ယင်းမှာ ငါသည် ငါ့ချစ်ခြင်းမေတ္တာ၌ မှားယွင်းခြင်း ဖြစ်နိုင်သလော။ လူသားသည် ငါ့ကို မနာခံသောအခါ ငါ၏ နှလုံးသားသည် တိတ်တဆိတ် ငိုကြွေး၏၊ လူသားသည် ငါ့ကို ဆန့်ကျင်သောအခါ ငါသည်သူ့ကို ပြစ်တင်ဆုံးမ၏၊ လူသားသည် ငါအားဖြင့် ကယ်တင်ခြင်းခံရပြီး သေခြင်းမှ ရှင်ပြန်ထမြောက်သောအခါ ငါသည် သူ့ကို အဆုံးစွန်သော ဂရုစိုက်ခြင်းနှင့် ကျွေးမွေး၏၊ လူသားသည် ငါ့ကို နာခံသောအခါ ငါ၏ နှလုံးသားသည် သက်သာစွာ အနားယူပြီး ငါသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့ထဲ၌ ကြီးစွာသော ပြောင်းလဲခြင်းများကို ရုတ်ခြည်းပင် သတိပြုမိ၏၊ လူသားသည် ငါ့ကို ချီးမွမ်းသောအခါ ငါသည် မဝမ်းမြောက်ဘဲ မည်သို့လျှင် နေနိုင်မည်နည်း။ လူသားသည် ငါ့ကို သက်သေခံ၍ ငါ့အားဖြင့် ရရှိခြင်းခံရသောအခါ ငါသည် ဘုန်းကြီးခြင်းမရှိဘဲ မည်သို့လျှင် နေနိုင်မည်နည်း။ လူသားတို့ လုပ်သမျှသည် ငါ၏ ထောက်ပံ့ပေးခြင်းနှင့် အစိုးရခြင်း မရှိခြင်း ဖြစ်နိုင်သလော။ ငါသည် ဦးတည်ရာကို မသတ်မှတ်ပေးသောအခါ လူတို့သည် အလုပ်မရှိ အားလပ်နေလျက်နှင့် ငြိမ်သက်လျက် ရှိကြပြီး ငါ၏ နောက်ကွယ်တွင် ၎င်းတို့သည် ထို “ချီးကျူးထိုက်သော” ယုတ်ညံ့သည့် အပေးအယူများကို ဆောင်ရွက်ကြ သည်။ ငါ့ကိုယ်ငါ လွှမ်းခြုံထားသော လူ့ဇာတိသည် သင်၏လုပ်ရပ်များ၊ သင်၏ အပြုအမူများ၊ သင်၏ စကားများနှင့် ပတ်သက်၍ ဘာကိုမျှမသိဟု သင်ထင်သလော။ နှစ်ပေါင်းများစွာတိုင် ငါသည် လေဒဏ်နှင့် မိုးဒဏ်ကို ကြံ့ကြံ့ခံခဲ့သည်၊ ထိုနည်းတူစွာ လူ့လောကကြီး၏ ခါးသီးမှုကိုလည်း ကိုယ်တွေ့ခံစားခဲ့သည်၊ သို့တိုင်အောင် သာ၍ စေ့စေ့စပ်စပ် ဆင်ခြင်ကြည့်သောအခါ မည်သို့သော ချိုမြိန်မှုကပင်လျှင် ဇာတိပကတိနှင့် လူသားကို ငါ့အပေါ် စိမ်းကားလာအောင်၊ စိတ်ပျက်လာအောင် သို့မဟုတ် အထင်အမြင် သေးလာအောင် လုပ်ဆောင်နိုင်ရန် ဝေးစွ၊ မည်မျှသော ဆင်းရဲဒုက္ခ ပမာဏကပင် ဇာတိ ပကတိနှင့် လူသားအား ငါ၌ထားရှိသော မျှော်လင့်ချက်ကို ဆုံးရှုံးသွားအောင် လုပ်ဆောင်နိုင်ခြင်းမရှိ။ ငါ့အတွက် ထားရှိသည့် လူသား၏ ချစ်ခြင်း မေတ္တာသည် ဝေဒနာ မခံရခြင်း သို့မဟုတ် ချိုမြိန်မှု မရှိခြင်းနှင့် ဧကန်အမှန်ပင် ကန့်သတ်ထားပါသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၉)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။