Gospel Choir Song "မြောက်မြားစွာသော နိုင်ငံများနှင့် လူမျိုးများအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း" ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ
16.01.2026
၁
ငါ၏ နိုင်ငံတော်သည် လုံးလုံးလျားလျား အမှန်တကယ် ဖြစ်ပေါ်လာပြီးဖြစ်ကာ ယင်းသည် ကမ္ဘာလောကထဲသို့ လူသိရှင်ကြား ဆင်းသက်လာပြီး ဖြစ်သည်။ ဤအရာက ငါ၏ တရားစီရင်ခြင်းသည် လုံးဝ ရောက်ရှိပြီဖြစ်သည်ကို ညွှန်ပြပေသည်။ ဘေးအန္တရာယ်မျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ နိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးအန္တရာယ်များ ကြုံတွေ့ရလိမ့်မည်။ ကပ်ရောဂါ၊ အစာခေါင်းပါးခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် နေရာတိုင်း၌ ဖြစ်လေ၏။ ဤဘေးအန္တရာယ်များသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် သာ၍ သာ၍ ကျယ်ပြန့်သော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင် ပိုးမွှားကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ မြောက်မြားစွာသော တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။
၂
အယောက်တိုင်းသည် ငါ၏ သန့်ရှင်းသောနာမကို သိကြပြီး ငါ့ကို သိနိုင်ကြဖို့အလို့ငှာ ငါ၏နာမသည် ဦးတည်ရာအားလုံးနှင့် နေရာအားလုံးတွင် တိုးချဲ့ရမည်။ ဘေးအန္တရာယ်များ ကျရောက်လာသည်နှင့်အမျှ ငါ၏နာမသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လိမ့်မည်ဖြစ်ပြီး သင်တို့ သတိမထားဘဲ ဂရုမစိုက်ပါက သင်တို့၏ ရထိုက်သော ဝေစုကို သင်တို့ ဆုံးရှုံးကြရလိမ့်မည်။ သင်တို့ မစိုးရွံ့ကြသလော။ ငါ၏နာမသည် ဘာသာတရားအားလုံး၊ လူ့အလွှာအားလုံး၊ တိုင်းနိုင်ငံအားလုံးနှင့် ဂိုဏ်းဂဏအားလုံးထံ တိုးချဲ့၏။ ဤသည်မှာ စနစ်ကျသောနည်းလမ်း၊ နီးကပ်သော အချိတ်အဆက်ဖြင့် လုပ်ဆောင်လျက်ရှိသည့် ငါ၏အမှု ဖြစ်သည်။ အားလုံးသည် ငါ၏ ဉာဏ်ပညာရှိသော အစီအစဉ်အားဖြင့် ဖြစ်ပျက်ပေသည်။ သင်တို့သည် ရှေ့ဆက် ငါ၏ ခြေလှမ်းများနောက် တစ်လှမ်းချင်း နီးကပ်စွာ လိုက်လျှောက်နိုင်ဖို့ကိုသာ ငါဆန္ဒရှိပေသည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅) မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ