Gospel Choir Song "ဘုရားသခင်ရဲ့ နိုင်ငံတော် မြေကြီးပေါ်တွင် ပေါ်ထွန်းပြီ" ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ
16.01.2026
၁
အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်၊ နန်းတက် ရှင်ဘုရင်သည် မြောက်မြားလှသော တိုင်းနိုင်ငံများနှင့် လူများအား မျက်နှာမူလျက် စကြဝဠာတစ်ခုလုံးကို စိုးစံပြီး တစ်ကမ္ဘာလုံးအပေါ် ဘုရားသခင်၏ ဘုန်းတော် ထိန်လင်းလျက်ရှိ၏။ စကြဝဠာနှင့် ကမ္ဘာ့အစွန်အဖျားရှိ သက်ရှိအပေါင်းတို့သည် မြင်ကြရမည်။ တောင်များ၊ မြစ်များ၊ ရေကန်များ၊ ကုန်းမြေများ၊ သမုဒ္ဒရာများနှင့် သက်ရှိသတ္တဝါအပေါင်းတို့သည် စစ်မှန်သော ဘုရားသခင်၏ မျက်နှာအလင်းတွင် ယင်းတို့၏ ကန့်လန့်ကာများ ဖွင့်လှစ်ပြီး အိပ်မက်မှ နိုးထလျက်ရှိကြသည့်အလား၊ မြေကို ထိုးဖောက်၍ အညှောင့်ထွက်သည့်အလား ပြန်လည်အသက်ဝင်လာကြသည်။ ဪ။ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်သည် ကမ္ဘာလောက၏ လူတို့ရှေ့၌ ပေါ်ထွန်းလေသည်။ မည်သူသည် ကိုယ်တော့်အား အတိုက်အခံလုပ်ခြင်းဖြင့် ချဉ်းကပ်ဝံ့သနည်း။ အားလုံးသည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြ၏။ အားလုံး လုံးဝ ယုံကြည်လက်ခံကြပြီး ခွင့်လွှတ်ခြင်းကို ထပ်ခါတလဲလဲ တောင်းခံကြ၏။ မြောက်မြားလှသော လူတို့သည် သူ၏ရှေ့တွင် ဒူးထောက်ကာ မြောက်မြားလှသော နှုတ်တို့သည် သူ့ကို ဝတ်ပြုကိုးကွယ်ကြလေသည်။
၂
တိုက်ကြီးများနှင့် သမုဒ္ဒရာများ၊ တောင်များ၊ မြစ်များနှင့် အရာခပ်သိမ်းတို့သည် ကိုယ်တော့်အား အတောမသတ် ချီးမွမ်းကြသည်။ နွေးထွေးသော လေပြေလေညှင်းတို့သည် နွေဦး၏အငွေ့အသက်နှင့်အတူ မစဲသော နွေဦးမိုးဖွဲဖွဲလေးများကို သယ်ဆောင်လာကြ၏။ တသွင်သွင် စီးဆင်းနေသော စမ်းချောင်းများနည်းတူ လူထုပရိသတ်တို့သည်လည်း ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နှက်လျက် အကြွေးတင်ခြင်းနှင့် မိမိကိုယ်ကို အပြစ်တင်ခြင်းတို့၏ မျက်ရည်များကို သွန်ချကြ၏။ မြစ်များ၊ ရေကန်များ၊ ကမ်းခတ်လှိုင်းနှင့် လှိုင်းတံပိုးထခြင်းများ အားလုံးသည် စစ်မှန်သော ဘုရားသခင်၏ သန့်ရှင်းသောနာမတော်ကို သီဆိုလျက်၊ ချီးမွမ်းထောပနာပြုလျက် ရှိနေကြသည်။ ချီးမွမ်းခြင်းအသံများမှာ အင်မတန် ကြည်လင်ပြတ်သားမှုဖြင့် မြည်ဟည်းထွက်သွား၏။ တစ်ချိန်က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသည့် ဟောင်းသောအရာများ တစ်ခုစီတိုင်းသည် အသစ်ပြုပြင်ခံရကာ ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး လုံးဝ သစ်လွင်သော နယ်ပယ် တစ်ခုထဲသို့ ဝင်ရောက်ကြလိမ့်မည်...
၃
ဤသည်မှာ မြင့်မြတ်သော တံပိုးဖြစ်ပြီး ယင်းသည် စတင် မြည်ဟည်းလေပြီ။ နားစိုက်ထောင် ကြလော့။ သာယာလှသော ထိုအသံသည် ပလ္လင်တော်၏ မိန့်မြွက်ချက်ဖြစ်၏။ ယင်းသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်းထံသို့ အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ နောက်ဆုံးသော ကာလ၏ အဆုံးသတ် ရောက်ပြီ ဖြစ်ကြောင်း၊ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်မှာ ပြီးမြောက်ပြီဖြစ်ကြောင်း၊ ငါ၏ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် လူပုံအလယ် ပေါ်ထွန်းပြီဖြစ်ကြောင်းနှင့် လောကီနိုင်ငံများသည် ဘုရားသခင်ဖြစ်သော ငါ၏ နိုင်ငံတော် ဖြစ်လာကြပြီဖြစ်ကြောင်း ကြေညာ၏။ ငါ၏ တံပိုးခုနှစ်လုံးသည် ပလ္လင်တော်မှ မြည်ဟည်း၍ ဤသို့သော အံ့ဩဖွယ် အရာများ ဖြစ်ပေါ်လိမ့်မည်။ ငါ၏အသံကို ကြားနိုင်ပြီး တိုင်းနိုင်ငံနှင့် နယ်မြေအားလုံးမှ စုဝေးနိုင်ကြကုန်သော ငါ၏ လူများအပေါ် ငါသည် ဝမ်းမြောက်စွာကြည့်၏။ စစ်မှန်သော ဘုရားသခင်ကို မိမိတို့၏ နှုတ်တွင် အစဉ်ထားရှိကြသော လူထုပရိသတ်တို့သည် အတောမသတ် ချီးမွမ်းကာ ခုန်ပေါက်ကြလေ၏။ ၎င်းတို့သည် ကမ္ဘာလောကကို သက်သေခံကြပြီး စစ်မှန်သော ဘုရားသခင်အား ၎င်းတို့၏ သက်သေခံချက်အသံသည် ရေများစွာ၏ မြည်ဟည်းနေသော အသံကဲ့သို့ဖြစ်သည်။ လူထုပရိသတ်သည် ငါ၏ နိုင်ငံတော်ထဲသို့ စုရုံးကြလိမ့်မည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၆) မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ