Gospel Choir Song "တစ်ပါးသောအမျိုးသား တိုင်းနိုင်ငံများအလယ်၌ ဘုရားသခင်၏ နာမတော်သည် ကြီးမြတ်ရာအဖြစ် ဧကန်မုချ ချီးမြှောက်ခြင်းခံရမည်" ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ

14.01.2026

ငါ၏တရားစီရင်ခြင်း၏ ရည်ရွယ်ချက်သည် လူသားအား ငါ့အပေါ်၌ ပိုမို ကျိုးနွံနာခံလာအောင် ထောက်ကူပေးဖို့အတွက်ဖြစ်ပြီး ငါ၏ ပြစ်တင်ဆုံးမမှု၏ ရည်ရွယ်ချက်သည် လူသားအနေနှင့် ပြောင်းလဲမှုကို ပို၍ကောင်းမွန်စွာ စွမ်းဆောင်ရရှိစေနိုင်ဖို့ဖြစ်သည်။ ငါလုပ်ဆောင်သမျှမှာ ငါ၏ စီမံခန့်ခွဲမှုအတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့် အလုပ်တစ်ခုကိုမျှ မည်သည့်အခါကမျှ ငါမလုပ်ဖူးပေ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံပြင်ပမှ လူမျိုးအားလုံးကို ဣသရေလ လူမျိုးများကဲ့သို့ပင် ကျိုးနွံနာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ ယင်းတို့ကို လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်ကာ ထိုသို့အားဖြင့် ဣသရေလနိုင်ငံပြင်ပရှိ နယ်မြေများ၌ ငါခြေကုပ်ယူနိုင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှုဖြစ်သည်၊ ယင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏ အမှုဖြစ်သည်။ ယခုတွင်ပင် လူများစွာက ငါ၏စီမံခန့်ခွဲမှုကို နားမလည်ကြသေးပေ။ အကြောင်းမှာ ဤကဲ့သို့သောအရာများကို သူတို့ ဂရုမစိုက်ကြဘဲ ထိုအစား သူတို့၏ ကိုယ်ပိုင်အနာဂတ်နှင့် သူတို့၏ပန်းတိုင်များ အကြောင်းကိုသာ အရေးစိုက်ကြသောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောသည်ဖြစ်စေ လူတို့သည် ငါလုပ်သည့်အမှုကို လျစ်လျူရှုကြဆဲပင်ဖြစ်သည်။ ထိုအစား သူတို့၏ အနာဂတ်ပန်းတိုင်များကိုသာ စိတ်နှလုံး အကြွင်းမဲ့ အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အမှု မည်သို့ပျံ့နှံ့နိုင်မည်နည်း။ ငါ၏ ဧဝံဂေလိကို ကမ္ဘာအနှံ့ မည်သို့တရားဟောနိုင်မည်နည်း။

ငါ၏အမှုကို ဖြန့်ဝေသောအခါ၌ ငါသည် သင်တို့ကို လူစုကွဲစေမည်ဖြစ်ပြီး ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်နှက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်နှက်မည်ဖြစ်ကြောင်းကို သင်တို့ သိသင့်သည်။ ကမ္ဘာအနှံ့၌ ငါ၏ ဧဝံဂေလိ ဖြန့်ဝေနိုင်ဖို့အတွက်လည်းကောင်း၊ ငါ၏ အမှုတော်သည် တစ်ပါးအမျိုးသားတိုင်းနိုင်ငံများအထိ ဖြန့်ဝေနိုင်ဖို့အတွက်လည်းကောင်း၊ လူကြီးများရော၊ ကလေးများ၏ အလယ်တွင်ပါ ငါ၏နာမတော် ကြီးမြတ်ခြင်းအဖြစ် ဂုဏ်ပြုခြင်းခံရစေဖို့အတွက်လည်းကောင်း၊ လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏နှုတ်တွင် ငါ၏သန့်ရှင်းသော နာမတော်ကို ချီးမြှောက်ကြစေဖို့အတွက်လည်းကောင်း ဖြစ်သည်။ ဤနောက်ဆုံးသော ခေတ်တွင် ငါ၏နာမတော်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌ ကြီးမြတ်သူအဖြစ် ချီးမြှောက်ကြစေလော့၊ ငါ၏လုပ်ဆောင်ချက်များကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ၏ လူများ မြင်ကြစေလော့၊ ငါ၏ လုပ်ဆောင်ချက်များကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်ကြစေလော့၊ ပြီးလျှင် ငါ၏နှုတ်ကပတ်တော်များသည် မကြာမီ အမှန်တကယ် ဖြစ်လာစေလော့။ ငါသည် ဣသရေလ လူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ဘဲ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံးမှ လူများ၏ ဘုရားသခင်လည်းဖြစ်ပြီး ငါကျိန်ဆဲခဲ့ဖူးသည့် လူမျိုးများ၏ ဘုရားသခင်ပင် ဖြစ်ကြောင်းကို လူအားလုံးကို ငါသိစေမည်။ ငါသည် ဖန်ဆင်းခံအားလုံး၏ ဘုရားသခင်ဖြစ်ကြောင်းကို လူအားလုံးကို မြင်စေမည်။ ဤသည်မှာ ငါ၏အကြီးမြတ်ဆုံးသော အမှုဖြစ်သည်၊ နောက်ဆုံးသောကာလအတွက် ငါ့အမှုအစီအစဉ်၏ ရည်ရွယ်ချက်ဖြစ်သည်။ ထို့အပြင် နောက်ဆုံးသောကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရန် ငါ ဆန္ဒရှိသည့် တစ်ခုတည်းသော အမှုလည်းဖြစ်သည်။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။