Christian Dance (ဘုရားသခင်၏ လူအားလုံးသည် ဘုရားသခင်အား အပြည့်အဝ ချီးမွမ်း)

04.04.2025

ဘုရားသခင်ရှေ့မှောက် ကျွန်ုပ်တို့ ချီဆောင်ခြင်းခံရပြီးဖြစ်ကာ

အလျှံပယ်ဖြစ်သော စားတော်ပွဲကို ကျွန်ုပ်တို့ တက်ရောက်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ပြီး သမ္မာတရားကို နားလည်၊

ကျွန်ုပ်တို့၏ ဝိညာဉ်များသည် လွတ်မြောက်ပြီး အလွန်လွတ်လပ်ခြင်းကို ခံစားရ။

ကျွန်ုပ်တို့သည် မိမိတို့၏ လောကီဆိုင်ရာနှင့် လူ့ဇာတိဆိုင်ရာအချုပ်အနှောင်များမှ

ရုန်းထွက်လွတ်မြောက်သောအခါ အသက်တာတွင် အလင်း၏လမ်းကြောင်းကို စတင်လျှောက်လှမ်း။

ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ကျေးဇူးနှင့် ချီးမွမ်းမှုတို့ဖြင့် ပြည့်ဝပြီး

ကျွန်ုပ်တို့သည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ဝမ်းမြောက်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်နေ့တိုင်း မွေ့လျော်၊

တရားစီရင်မှုကို လက်ခံပြီး ကိုယ့်အကြောင်းကိုယ် သိရှိလာ။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး

ဘုရားသခင်ထံတွင် နောင်တရကာ လူသစ်များ၏ ပုံသဏ္ဌာန်ကို အသက်ရှင် နေထိုင်။

တရားစီရင်မှုမှတစ်ဆင့် ကျွန်ုပ်တို့ သန့်စင်ခံရပြီး

ကျွန်ုပ်တို့သည် မိမိတို့၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှား။

ကျွန်ုပ်တို့သည် ယခုအခါ ဧကန်အမှန် ပြောင်းလဲပြီးဖြစ်ကာ

ယင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ကျေးဇူးတော်ကြောင့် လုံးလုံးဖြစ်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် စာတန်ကို နှိမ်နင်းပြီးဖြစ်။

စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများသည် လူတစ်စုကို စုံလင်စေကာ ၎င်းတို့ကို အောင်နိုင်သူများဖြစ်အောင် ပြုလုပ်။

ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် လုံးဝ ထုတ်ဖော်ခံရပြီး

ဘုရားသခင်ကို ခုခံသူအားလုံး ပျက်စီးမည်ဖြစ်။

ဘုရားသခင်ကို ဧကန်အမှန် ယုံကြည်သူများသည် သူ၏ ကျေးဇူးတော်ကို လက်ခံရရှိ၊

သမ္မာတရားကို လိုက်စားသူများသည် သူ၏ကယ်တင်ခြင်းကို ရရှိ။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဧကန်အမှန် ဖြောင့်မတ်သော စိတ်သဘောထားကို ချီးမွမ်းပြီး

ကျွန်ုပ်တို့၏ ချီးမွမ်းသီချင်းများသည် ကောင်းကင်အထက် ပြန့်သွား။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် ဧကန်အမှန် အံ့ဩဖွယ်ရာဖြစ်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ပြီးမြောက်အောင်မြင်။

လူတိုင်း ဘုရားသခင်ရှေ့မှောက်တွင် အရှုံးပေးအပ်နှံပြီး

ဘုရားသခင်၏ ကြီးမြတ်သော အမှုတော်သည် ပြီးမြောက်အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ချီးမွမ်း။

ကျွန်ုပ်တို့သည် အပြည့်အဝ ဝမ်းမြောက်စွာဖြင့် ချီးမွမ်းပြီး ပျော်ရွှင်စွာဟစ်အော်၊

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဂုဏ်အသရေနှင့် ဘုန်းတော်နှင့် ထိုက်တန်။

ဘုရားသခင်၏ အလိုတော်ကို ကမ္ဘာမြေပေါ်တွင် လုပ်ဆောင်ပြီး

ဘုရားသခင်၏ လူအားလုံးသည် ဘုရားသခင်အား အပြည့်အဝ ချီးမွမ်း။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။