Christian Dance (လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း အလွန် လက်တွေ့ကျပေ)

10.05.2025

ခရစ်တော်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်မှုကို ကျွန်ုပ်ခံစားရပြီးနောက်

ကျွန်ုပ်စိတ်နှလုံးသည် နောက်ဆုံးတွင် နိုးထ။

ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးမှုသည် မည်မျှကြီးမားကြောင်းနှင့်

ကျွန်ုပ်သည် စာတန်၏ သားသမီး ဧကန်အမှန်ဖြစ်ကြောင်း သိမြင်။

အခြားသူများက ကျွန်ုပ်ကို လေးစားပြီး မြတ်နိုးကိုးကွယ်ရန်အတွက်သာ

ကျွန်ုပ် အလုပ်လုပ်ပြီး ဒုက္ခခံခြင်းဖြစ်။

ကြွားဝါရန် ကျွန်ုပ် စကားကြီးစကားကျယ်ပြောပြီး

ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အခြားသူများနှင့် ပြိုင်ဆိုင်။

ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကျွန်ုပ် စိတ်နှလုံးအကြွင်းမဲ့ဖြင့် လိုက်စားပြီး

အမြဲ အခြားသူများ၏အထက်တွင် ရှိလို။

ကျွန်ုပ်သည် မိမိ၏လုပ်ရပ်များကို ဆင်ခြင်သုံးသပ်ပြီး မိမိက မည်မျှ မာနထောင်လွှာပြီး မိုက်မဲကြောင်း သိမြင်။

ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊

ကျွန်ုပ်သည် မိမိကိုယ်ကိုယ် သိနိုင်စွမ်း ရှိမည်မဟုတ်။

ကျွန်ုပ် အမှန်တကယ် နောင်တရပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့် ဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များက ပြင်းထန်သည်၊

ယင်းတို့က ကျွန်ုပ်၏ စိတ်နှလုံးကို ထိုးဖောက်ပြီး၊ ကျွန်ုပ်ဝိညာဉ်၏ နက်ရှိုင်းရာကို ထွင်းဖောက်သည်။

နာကျင်မှုကို ကျွန်ုပ်ခံစားရသော်လည်း၊

ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်သည်ကို ကျွန်ုပ်၏ စိတ်နှလုံးတွင် ကျွန်ုပ် နားလည်။

ဘုရားသခင်သည် အမြင့်မြတ်ဆုံးဖြစ်ပြီး ဂုဏ်ရှိသော်လည်း

သူသည် နှိမ့်ချပြီး သူ့အဆင့်အတန်းပေါ် အခြေပြု၍ သူ့ကိုယ်သူ ရဲတင်းခိုင်မာစွာ ပြောဆိုခြင်းမပြု။

ကျွန်ုပ်သည် နောက်ချေးလောက်ပင် တန်ဖိုးမရှိသော်လည်း အဆင့်အတန်းကို လိုက်စားဆဲဖြစ်။

ကျွန်ုပ်သည် ဆင်ခြင်တုံတရား ဧကန်အမှန် ကင်းမဲ့။

ဘုရားသခင်၏ အနှစ်သာရသည် အလွန်ကောင်းမွန်ပြီး လှပသည်ကို သိမြင်ကာ

ကျွန်ုပ်သည် မိမိကိုယ်ကို ပို၍ပင် ရွံရှာ။

ကျွန်ုပ်သည် အလွန်အမင်း ရှက်မိပြီး အဆုံးစွန်သော နောင်တတရားဖြင့် ဘုရားသခင်ရှေ့မှောက် လဲကျ။

သမ္မာတရားကို လက်ခံရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံရန် ကျွန်ုပ် ထပ်ငြင်းဆန်ပါက

ကျွန်ုပ်ကို လူသားဟု မခေါ်ထိုက်။

ကျွန်ုပ်သည် ခိုင်မြဲပြီး လက်တွေ့ကျသော စိတ်ဓာတ်ဖြင့်

ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရန်သာ မျှော်လင့်။

ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုကို ခံစားရသောအခါ

ကျွန်ုပ်သည် သမ္မာတရားများစွာကို နားလည်လာပြီဖြစ်။

ကျွန်ုပ်ကို အပြစ်လုပ်စေပြီး ဘုရားသခင်ကို အတိုက်အခံလုပ်စေသော အရာမှာ

စာတန်၏ စိတ်သဘောထားဖြစ်ကြောင်း ကျွန်ုပ်ရှင်းလင်းစွာ သိမြင်။

ဘုရားသခင်၏ တရားစီရင်မှုနှင့် သန့်စင်မှုကို ကျွန်ုပ်လက်မခံပါက

အဆုံးတွင် ကျွန်ုပ်ဖယ်ရှားရှင်းလင်းခံရနိုင်သည်သာဖြစ်။

ကျွန်ုပ်၏ မကောင်းမှုပြုသော ခြေလှမ်းများကို ရပ်တန့်ပေးခဲ့သည့်အရာမှာ

ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုဖြစ်။

လူသားကို ဘုရားသခင်၏ တရားစီရင်ခြင်းသည် သူ၏ဖြောင့်မတ်ခြင်းနှင့် ချစ်ခြင်းကို ထုတ်ဖော်။

ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုကို ကျွန်ုပ်လက်ခံနိုင်ခြင်းသည်

ဘုရားသခင်၏ ကယ်တင်ခြင်း ဧကန်အမှန်ဖြစ်။

ဘုရားသခင်နောက် လိုက်လျှောက်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုနိုင်ခြင်းသည်

ကျွန်ုပ်ဘဝ၏ အကြီးမြတ်ဆုံးသော ကောင်းချီးဖြစ်။

ဘုရားသခင်က လူသားကို ထိုကဲ့သို့သော လက်တွေ့ကျသည့်နည်းလမ်းဖြင့်

ကယ်တင်သည်ကို သိမြင်သောအခါ

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ်ကျေးဇူးတင်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။