Christian Song - ဘုရားသခင်၏ သိုးတို့သည် သူ၏ အသံကို ကြားကြ၏

02.05.2026

နေ့ရက်တို့သည် အဆုံးသတ်လိမ့်မည်၊ ဤလောကရှိ အရာခပ်သိမ်း အချည်းနှီးဖြစ်သွားပြီး အသစ် မွေးဖွားကြလိမ့်မည်။ ဤသည်ကို မှတ်သားလော့။ မှတ်သားလော့။ ဤအရာနှင့်ပတ်သက်၍ သင်တို့သည် ပေါ့ဆ၍မရပေ။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ ငါသည် သင်တို့ကို နောက်တစ်ကြိမ် တိုက်တွန်းနှိုးဆော်မည်။ အကျိုးမရှိဘဲ မပြေးလေနှင့်။ နိုးထလော့။ ပြန်လှည့်လော့။ ကမ်းခြေသို့ ရောက်လုနီးပြီ။ ငါသည် သင်တို့အလယ်တွင် ပေါ်ထွန်းနှင့်ပြီးဖြစ်ပြီး ငါ၏အသံတော်သည် ပေါ်ထွက်ပြီးဖြစ်သည်။

ငါ၏ အသံတော်သည် သင်တို့ မျက်မှောက်တွင် ပေါ်ထွက်ပြီးဖြစ်သည်၊ ယင်းသည် နေ့စဉ်နေ့တိုင်း သင်တို့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး ယင်းသည် နေ့ရက်အသီးသီးတွင် လန်းဆန်းကာ အသစ်ဖြစ်။ သင်သည် ငါ့ကို မြင်၊ ငါက သင့်ကို မြင်၊ ငါသည် သင့်အား စဉ်ဆက်မပြတ် ပြောဆိုပြီး သင်နှင့် မျက်နှာချင်းဆိုင် ရှိသည်။ သို့သော်လည်း သင်သည် ငါ့ကို ငြင်းပယ်ပြီး ငါ့ကို မသိပေ။ ငါ့သိုးတို့သည် ငါ့အသံတော်ကို ကြားနိုင်သည်၊ သို့တိုင်အောင် သင်တို့သည် တွေဝေကြသေးသည်။ သင်တို့၏ စိတ်နှလုံးတို့သည် မိုက်လျက် သင်တို့၏မျက်လုံးတို့သည် စာတန်၏ ကွယ်စေခြင်းကို ခံရကြသည်၊ ငါ၏ ဘုန်းကြီးသော မျက်နှာတော်ကို မမြင်နိုင်ပေ၊ သင်တို့သည် သနားဖွယ်ကောင်းလိုက်လေခြင်း။ သနားဖွယ်ကောင်းလိုက်လေခြင်း။

ငါ၏ ပလ္လင်တော်ရှေ့မှ ဝိညာဉ်ခုနစ်ပါးတို့သည် မြေကြီးတစ်ပြင်လုံးသို့ စေလွှတ်ခြင်းခံရပြီး ငါသည် ငါ၏ တမန်တော်ကို အသင်းတော်များသို့ စကားပြောရန် စေလွှတ်မည်။ ငါသည် ဖြောင့်မတ်ကာ သစ္စာရှိသည်၊ ငါသည် လူ့နှလုံးသား၏ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းများကို စိစစ်သော ဘုရားဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသည်၊ နားရှိသောသူအားလုံး ကြားနာသင့်သည်။ အသက်ရှင်နေသောသူအားလုံး လက်ခံသင့်သည်။ ယင်းတို့ကို စားသောက်ခြင်းသာ ပြုလော့၊ သံသယမရှိလေနှင့်။ ငါ့နှုတ်ကပတ်တော်များကို ကျိုးနွံနာခံ၍ နားထောင်သောသူ အားလုံးတို့သည် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိလိမ့်မည်။

ငါ့မျက်နှာတော်ကို ရိုးသားစစ်မှန်စွာ ရှာဖွေသော သူအားလုံးသည် အသစ်သောအလင်း၊ အသစ်သော ဉာဏ်အလင်းရရှိခြင်းနှင့် အမြင်သစ်များကို အကယ်စင်စစ် ရရှိလိမ့်မည်၊ အရာခပ်သိမ်းတို့သည် လန်းဆန်းကာ အသစ်ဖြစ်ကြလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များသည် သင့်ထံ အချိန်မရွေး ပေါ်ထွန်းလာပြီး ယင်းတို့သည် သင် ဝိညာဉ်ရေးရာနယ်ပယ်၏ နက်နဲရာများအားလုံးကို မြင်နိုင်ရန် သင်၏ ဝိညာဉ်မျက်လုံးကို ပွင့်စေလိမ့်မည်ဖြစ်သည်။ နိုင်ငံတော်သည် လူတို့အလယ်တွင် ရှိ၏။ ခိုလှုံရာသို့ ဝင်ရောက်လော့၊ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာအပေါင်းတို့သည် သင့်အပေါ်သို့ ကျရောက်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့သည် သင့်အနီးကို လာနိုင်လိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် ဝံပုလွေများ၊ မြွေများ၊ ကျားများနှင့် ကျားသစ်များတို့သည် သင့်ကို အန္တရာယ်ပြုနိုင်မည် မဟုတ်ပေ။ သင်သည် ငါနှင့်အတူ သွား၊ အတူ လျှောက်၊ အတူ ဘုန်းတော်ဝင်စားလိမ့်မည်။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၅) မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။