Christian Dance (ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ပြီ)
20.05.2025
နောက်ဆုံးသောကာလ၏ ခရစ်တော်နောက်လိုက်သော ကျွန်ုပ်တို့သည်
စကြဝဠာ တစ်ခုလုံးကို သက်သေခံကြသည်၊
ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ပြီ။
၁
အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူ့ဇာတိ၌ ပေါ်ထွန်း၍၊
လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားများကို ဖော်ပြတော်မူ၏။
ကျွန်ုပ်တို့သည် မင်္ဂလာဆောင်လုလင်၏ အသံကို ကြားရ၍ ဘုရားသခင့်ရှေ့တော်သို့ ခေါ်ဆောင်ခြင်းခံခဲ့ရပြီ။
နောက်ဆုံး၌ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ခဲ့ပြီး
နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ကြပြီ။
တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ အစပြုပြီ၊
ကိုယ်တော်၏ စိတ်သဘောထား အကြွင်းမဲ့ ထုတ်ဖော်ပြပြီ။
ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားသည် ကျွန်ုပ်တို့ကို သိမ်းပိုက်၏၊
ကျွန်ုပ်တို့အားလုံး ဘုရားသခင့်ရှေ့၌ ပျပ်ဝပ်ပြီး ကိုးကွယ်ကြ၏။
ကျွန်ုပ်တို့၏ အပြုအမူတိုင်း၊ အကြံအစည်နှင့် စိတ်ကူးတိုင်း
ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အကုန်အစင် ဖော်ထုတ်ခြင်းခံရ၏။
ဘုရားသခင်၏ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအား တွေ့ကြုံခြင်မှတစ်ဆင့်
ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခြင်းခံရပြီ။
ဘုရားသခင်၏ တရားစီရင်ခြင်းတွင်၊
ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို မြင်တွေ့ကြရ၏။
ဘုရားသခင်၏ လူများသည် ကိုယ်တော့်ရှေ့၌ ကျိုးနွံနာခံလျက်၊
သေသည်တိုင်အောင် သစ္စာစောင့်သိ၍ ကိုယ်တော်ကို သက်သေခံကြ၏။
ဘုရားသခင်သည် စာတန်ကို လုံးလုံးလျားလျား အနိုင်ယူတော်မူပြီး
အောင်မြင်သူတစ်စုကို ပြုလုပ်တော်မူပြီ။
နောက်ဆုံးသောကာလ၏ ခရစ်တော်နောက်လိုက်သော ကျွန်ုပ်တို့သည်
စကြဝဠာ တစ်ခုလုံးကို သက်သေခံကြသည်၊
ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ပြီ၊
ကိုယ်တော်သည် ဘုန်းအသရေ အပြည့်အဝ ရရှိတော်မူပြီ။
၂
နောက်ဆုံးသောကာလ၏ လူသားသည် သမ္မာတရားကို ဖော်ပြ၍၊
နိုင်ငံတော်ခေတ်ကို စတင်တော်မူပြီ။
ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးတို့သည် ဆိုးရွားသော ငတ်မွတ်ခေါင်းပါးမှုကို ကြုံတွေ့ကြရ၍
လူတို့သည် မှန်သော လမ်းခရီးကို မဖြစ်မနေ ရှာဖွေကြရ၏။
ပညာရှိသော သတို့သမီးတို့သည် ဘုရားသခင်၏ အသံတော်ကို နားထောင်၍၊
ဘေးအန္တရာယ်များမတိုင်မီ ဘုရားသခင့်ရှေ့တော်သို့ ခေါ်ဆောင်ခြင်းခံကြရ၏။
နောက်ဆုံးသောကာလ၏ ခရစ်တော်ကို လက်မခံသောသူ အပေါင်းတို့သည်
ဘေးအန္တရာယ်များထဲသို့ ကျရောက်ကြလိမ့်မည်။
ဘုရားသခင်၏ အမှုတော်သည် အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့ ရှိ၏၊
လူအားလုံးကို ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်သည်။
လူမျိုးတကာတို့နှင့် လူအပေါင်းတို့သည် အလင်းသို့ လာ၍ ဘုရားသခင်၏ ပလ္လင်တော်ရှေ့၌ အရှုံးပေးအပ်နှံကြ၏။
နိုင်ငံတော်၏ ရှေ့ရေးသည် အဆုံးမရှိ ထွန်းလင်းတောက်ပ၍
စိတ်အားထက်သန်သော မြင်ကွင်းတစ်ခုကို အားလုံး မြင်တွေ့ကြရ။
ဘုရားသခင်သည် ရန်လိုသော အင်အားစုအားလုံးကို ဖျက်ဆီး၍၊
သူ၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်တော်ကို ထုတ်ဖော်တော်မူလတ္တံ့။
ဘုရားနှုတ်ကပတ်တော်၏ ဝါကျတိုင်း ဖြစ်တည်ကာ ပြည့်စုံ၏။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အရာခပ်သိမ်းကို ပြီးမြောက်စေ၏။
ခရစ်တော်၏ နိုင်ငံတော်သည် မြေကြီးပေါ်တွင် အကောင်အထည် ပေါ်လာ၏။
ဘုရားသခင်သည် သူ၏ လူများ နှင့်အတူ အသက်ရှင်နေထိုင်တော်မူ၏။
နောက်ဆုံးသောကာလ၏ ခရစ်တော်နောက်လိုက်သော ကျွန်ုပ်တို့သည်
စကြဝဠာ တစ်ခုလုံးကို သက်သေခံကြသည်၊
ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးမြောက်ပြီ။
ကိုယ်တော်သည် ဘုန်းအသရေ အပြည့်အဝ ရရှိတော်မူပြီ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ