Christian Movie | လိမ်ညာခြင်းနှင့် လှည့်စားခြင်းပြဿနာကို မည်သို့ဖြေရှင်းရမည်နည်း (အသားပေးပြသချက်များ)
17.02.2020
သခင်ယေရှုက၊ "ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မ ရောက်ရကြ" (ရှင်မဿဲ ၁၈:၃) ဟု မိန့်တော်မူသည်။ ခရစ်ယာန်ဖြစ်သည့် ချင်နူသည် ဆရာဝန်တစ်ဦးဖြစ်သည်။ သူမဘဝတွင်၊ သူမသည် သခင့်နှုတ်ကပတ်တော်များနှင့်အညီ ရိုးသားသောလူတစ်ဦးဖြစ်ဖို့ သူမ ကြိုးစားလေသည်။ တစ်ကြိမ်တွင်၊ လူနာတစ်ဦးကို ကုသမှုအပေါ် ငြင်းခုံစဉ်အတွင်း၊ သူမသည် ဆေးရုံ၏ အမှားကို သေဆုံးသူ လူနာ၏ မိသားစုဝင်များအား ရိုးသားစွာ ဖွင့်ပြောသည်။ ဤအတွက်ကြောင့် ဆေးရုံ၏ ဂုဏ်သတင်းကို သက်ရောက်မှုရှိပြီး သူမသည် ဆေးပိုင်းဆိုင်ရာ မသမာမှုနှင့်ဆိုင်သော အကြောင်းပြချက်ဖြင့် ဆေးရုံက ထုတ်ပစ်ခံရလေသည်။ သူမ၏ "ဆိုးဝါးသည့် လုပ်သက်မှတ်တမ်း"ကြောင့် သူမ အလုပ်သစ်ရှာဖွေစဉ်အတွင်း ထပ်ကာတလဲလဲ ငြင်းပယ်ခြင်းကို ခံရသည်။ သူမသည် မိမိကိုယ်ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရသည်။ အမှန်တရားကို ပြောခြင်းက သူမ အလုပ်ကို မရနိုင်ခြင်း၏ အကြောင်းရင်းဖြစ်သည်၊ သို့သော် အမှန်တရားကို မပြောခြင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ချိုးဖောက်သည်........သူမသည် အဘယ်သို့ သခင့်နှုတ်ကပတ်တော်များကို လိုက်လျှောက်ပြီး ရိုးသားသည့်လူတစ်ဦးဖြစ်သင့်သနည်း။ ရှာဖွေခြင်းမှတဆင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသည့်လူတစ်ဦးဖြစ်ဖို့ နည်းလမ်းတစ်ခုကို နောက်ဆုံးတွင် သူမရှာတွေ့ပြီး ဖြစ်စဉ်တစ်လျှောက်တွင် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို မမျှော်လင့်ပဲ သူမ ရရှိလေသည်.....
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ