Christian Song - ဘုရားနှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်သည် - ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ
20.01.2026
၁
ဘုရားသခင်သည် သမ္မာတရားများစွာ ဖော်ပြရင်း၊
ကမ္ဘာမြေပေါ် လူသားနှင့်အတူ အသက်ရှင်ဖို့ ကြွလာလေပြီ။
ကျွန်ုပ်ကို လမ်းပြဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျွန်ုပ် ရှိသည့်အတွက်၊
မရေရာမှုဖြင့် ကျွန်ုပ် မရှာဖွေတော့ပြီ။
နေ့စဉ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် စားသောက်ပြီး
ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ် အသက်ရှင်။
သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်ကို အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေးသည်။
သမ္မာတရားကို ကျွန်ုပ် အစဉ် ပို၍ရှင်းလင်းစွာ နားလည်ပြီး
ကျွန်ုပ်၏ အသက်တာသည် နေ့စဉ်တိုးတက်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူ၏ ဖောက်ပြန်ပျက်စီးခြင်း၏ အဖြစ်မှန်တို့ကို
အပြည့်အဝဖော်ထုတ်ပြီး လူတိုင်းကို လုံးဝ ယုံကြည်လက်ခံစေသည်။
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် စမ်းသပ်မှုများစွာကို ဒုက္ခခံခြင်းမှတစ်ဆင့်
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်ရှင်းစေခြင်းခံရသည်။
ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ကြွယ်ဝမှုကို မွေ့လျော်ရင်း၊
အမှန်ပင် ကျွန်ုပ် အလွန်များစွာ ရရှိလေပြီ။
ဘုရားသခင့် စိတ်သဘောထား၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို တွေ့မြင်ရင်း၊
ဘုရားသခင်ကို ကျွန်ုပ်ကြောက်ရွံ့ပြီး ကြည်ညိုသည်။
ဘုရားနှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်သည်။
၂
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရင်း၊ သမ္မာတရားကို ကျွန်ုပ် သိနားလည်ကာ
ဇာတိပကတိ၏ ဘောင်ခတ်မှုများကို ကျော်လွန်သွားသည်။
ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သမ္မာတရားကို ရှာဖွေရင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံရင်း၊
ရိုးသားသော လူတစ်ဦး၏ ပုံသဏ္ဌာန်ကို ကျွန်ုပ် အသက်ရှင်နေထိုင်သည်။
သမ္မာတရားကို ကျွန်ုပ်နားလည်ပြီး
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားသည်။
ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားသည် အလွန်တန်ဖိုးရှိသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရင်း၊
သမ္မာတရားနှင့် အသက်ကို ကျွန်ုပ် ရရှိကာ
ကျွန်ုပ်၏ စိတ်နှလုံးသည် နောက်ထပ် မည်သည့်အရာကိုမျှ မတောင်းလျှောက်နိုင်လေပြီ။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မည်မျှ ကြီးမားသည်၊ မည်မျှ စစ်မှန်သည်ကို တွေ့မြင်ရင်း၊
ကျွန်ုပ်၏ စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ကျွန်ုပ် ဝမ်းမြောက်ဝမ်းသာ ပေးသည်။
ရှေ့တွင်ရှိသောလမ်းက မည်မျှကြမ်းတမ်းပြီး အဖုအထစ်များပါစေ
အကြီးဆုံး ယုံကြည်ခြင်းဖြင့် ဘုရားသခင်နောက်သို့ ကျွန်ုပ်လိုက်လျှောက်မည်။
ဘုရားသခင်ကို ချစ်ရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ရန်
ကျွန်ုပ် အားထုတ်ပြီး ရှေ့တွင်ရှိသော လမ်းက အစဉ် သာ၍ တောက်ပလေသည်။
ကျွန်ုပ်သည် ဘုရားသခင်၏ ပြုံးလျက်ရှိသော မျက်နှာအသွင်အပြင်ကို ကြိုဆိုရန်အတွက်
ခရစ်တော်နောက်သို့ အဆုံးထိအောင် လိုက်လျှောက်ပြီး ကျွန်ုပ်၏ သစ္စာစောင့်သိမှုကို ဖြည့်ဆည်းမည်။
ဘုရားနှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ