Myanmar Gospel Crosstalk (အသင်းတော်မှာရှိတဲ့ အန္တိခရစ်တစ်ယောက်)

12.11.2024

အစ်ကိုလီသည် အိမ်တွင်းအသင်းတော်သို့ တက်ရောက်သော ယုံကြည်သူတစ်ဦးဖြစ်သည်။ သူနှင့် သူ၏ ညီအစ်ကိုမောင်နှမများက မှန်သောလမ်းခရီးကို စူးစမ်းစဉ်တွင် သူတို့၏ သင်းအုပ်ဆရာက မှန်သောလမ်းခရီးကို ယုံကြည်သူများက ရှာဖွေစူးစမ်းခြင်းအား နှောင့်ယှက်ပြီး တားဆီးရန် “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်အားလုံးက ကျမ်းစာထဲမှာရှိတယ်။ ကျမ်းစာပြင်ပက ဘယ်ဟာမဆို မိစ္ဆာဒိဋ္ဌိအယူပဲ”၊ “သခင်က လူ့ဇာတိခံယူထားတဲ့ ဇာတိပကတိနဲ့ ပြန်ကြွလာတယ်လို့ တရားဟောတဲ့ ဘယ်သူမဆို မှားတယ်”ဟု ဆိုသည်။ သခင်ယေရှုက “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဟု ရှင်းလင်းစွာ ပြောခဲ့သည်။ ဗျာဒိတ်ကျမ်းကလည်း “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) ဟု ပရောဖက်ပြုခဲ့သည်။ သခင်က နောက်ဆုံးသောကာလ၌ ပြန်ကြွလာမည်။ လူတို့သည် သခင့်ခြေလှမ်းများကို အမီလိုက်နိုင်ရန်အတွက် သခင့်အသံကို အာရုံစိုက်နားထောင်ရမည်။ ဤသို့ဆိုလျှင် သူတို့၏ သင်းအုပ်ဆရာသည် အဘယ်ကြောင့် သခင့်စကားများကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်ပြီး ယုံကြည်သူများက သခင့်ကို ကြိုဆိုခြင်းအား တားဆီးရန် ကြိုးပမ်းသနည်း။ အဖြေများအတွက် အသင်းတော်မှာရှိတဲ့ အန္တိခရစ်တစ်ယောက်ဟူသည့် ဟာသပြဇာတ်ကို ကြည့်ပါ။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။