Christian Dance (အို ကျွန်ုပ်၏ချစ်သောအရှင်၊ ကျွန်ုပ်ကိုယ်တော်ကို ရှာနေ၏)

02.05.2025

လှပတောက်ပြောင်သည့် လကဲ့သို့ အလှပဆုံးသော ကျွန်ုပ်ချစ်ရသည့် ဘုရားသခင်။

အို ကျွန်ုပ်၏ ချစ်သောအရှင်၊

ကိုယ်တော့်အချစ်သည် ကျွန်ုပ်၏စိတ်နှလုံးကို ညှို့ယူဆွဲဆောင်။

ကိုယ်တော်မှလွဲ၍ အခြားချစ်ရသူ ကျွန်ုပ်တွင်မရှိ၊

ကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော့်အတွက် ထာဝရဖြစ်။

အို ကျွန်ုပ်ချစ်သော အရှင်၊ အခု ကိုယ်တော် မည်သည့်နေရာ၌ ရှိသနည်း။

ကိုယ်တော့်ကို ကျွန်ုပ် မည်သို့ လွမ်းဆွတ်နေသည်ကို သိပါသလော။

အလင်းမရှိသောနေ့ရက်များသည် နာကျင်ပြီး ခက်ခဲ။

မှောင်မိုက်ထဲမှာ ကိုယ်တော့်ကို ကျွန်ုပ်ရှာ။

ကျွန်ုပ်သည် စိတ်ဓာတ်မကျ၊ မျှော်လင့်ချက်မပျောက်ဆုံးသော်လည်း

ကိုယ်တော့်ကို ပို၍အဆောတလျင် ရှာဖွေ။

ကိုယ်တော်၏ ပြန်ကြွလာမှုကို ကျွန်ုပ် မက်မောစွာ စောင့်မျှော်ပြီး

ကိုယ်တော့်မျက်နှာတော်ကို မြင်နိုင်ရန် တောင့်တ။

လှပတောက်ပြောင်သည့် လကဲ့သို့ အလှပဆုံးသော ကျွန်ုပ်ချစ်ရသည့် ဘုရားသခင်။

အို ကျွန်ုပ်၏ ချစ်သောအရှင်၊

ကိုယ်တော့်အချစ်သည် ကျွန်ုပ်၏စိတ်နှလုံးကို ညှို့ယူဆွဲဆောင်။

ကိုယ်တော်မှလွဲ၍ အခြားချစ်ရသူ ကျွန်ုပ်တွင်မရှိ၊

ကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော့်အတွက် ထာဝရဖြစ်။

ကိုယ်တော့်ကို ခေါ်ဆိုနေသည့် ကျွန်ုပ်အသံကို ကိုယ်တော်ကြားပြီးဖြစ်၊

ကိုယ်တော်က တံခါးလာခေါက်ပြီး ကျွန်ုပ်ကို ခေါ်ဆို။

ကိုယ်တော့်အသံ ကျွန်ုပ်ကြားပြီး ကိုယ်တော့်ပြန်လာခြင်းကို ကျွန်ုပ်ကြိုဆိုရန် တံခါးကိုဖွင့်။

နှစ်များစွာ ကျွန်ုပ်မျှော်လင့်ခဲ့ရသောအရာသည် ယခု အတည်ဖြစ်လာ၊

ကျွန်ုပ်၏မျက်ရည်များသည် ဝမ်းမြောက်မှုနှင့် ရောယှက်။

ကိုယ်တော် သည် လူသားမျိုးနွယ်ကြားသို့ သမ္မာတရားကို ယူဆောင်လာ၊

စစ်မှန်သောအလင်း ပေါ်ထွန်းခြင်းကို ကျွန်ုပ်မြင်ပြီ။

လှပတောက်ပြောင်သည့် လကဲ့သို့ အလှပဆုံးသော ကျွန်ုပ်ချစ်ရသည့် ဘုရားသခင်။

အို ကျွန်ုပ်၏ ချစ်သောအရှင်၊

ကိုယ်တော့်အချစ်သည် ကျွန်ုပ်၏စိတ်နှလုံးကို ညှို့ယူဆွဲဆောင်။

ကိုယ်တော်မှလွဲ၍ အခြားချစ်ရသူ ကျွန်ုပ်တွင်မရှိ၊

ကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော့်အတွက် ထာဝရဖြစ်။

ကိုယ်တော့်မိသားစု အထဲ၌ ကျွန်ုပ်နေထိုင်ကာ၊

သိုးသူငယ်၏ ကြွယ်ဝသော စားသောက်ပွဲသို့ တက်ရောက်သည်။

ကိုယ်တော့်နှုတ်ကပတ်တော်များကို နေ့စဉ်မွေ့လျော်၍

ကျွန်ုပ်၏စိတ်နှလုံးသည် ချိုမြိန်မှုနှင့် ဝမ်းမြောက်မှုကို နှိုင်းယှဉ်လို့မရအောင် သိရှိ။

ကျွန်ုပ်လက်ကိုတွဲ၍ ကိုယ်တော်ဦးဆောင်ပါ။

ကိုယ်တော့်နောက်မှ ပြေးလိုက်ဖို့ ကျွန်ုပ်ကို မြန်စေတော်မူပါ။

ကိုယ်တော်၏ ရင်းနှီးသူဖြစ်ရန်၊

အမြဲအတူရှိနေရန်၊ ကျွန်ုပ်လိုလား တောင့်တသည်။

လှပတောက်ပြောင်သည့် လကဲ့သို့ အလှပဆုံးသော ကျွန်ုပ်ချစ်ရသည့် ဘုရားသခင်။

အို ကျွန်ုပ်၏ ချစ်သောအရှင်၊

ကိုယ်တော့်အချစ်သည် ကျွန်ုပ်၏စိတ်နှလုံးကို ညှို့ယူဆွဲဆောင်။

ကိုယ်တော်မှလွဲ၍ အခြားချစ်ရသူ ကျွန်ုပ်တွင်မရှိ၊

ကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော့်အတွက် ထာဝရဖြစ်။

ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်

ကိုယ်တော့် သန့်ရှင်းမှုနှင့် ဖြောင့်မတ်မှုကို ကျွန်ုပ်တွေ့မြင်။

ကိုယ်တော့်နှုတ်ကပတ်တော်သည် ကျွန်ုပ်ကိုသန့်စင်ပြီး

ကျွန်ုပ်ကို အသစ်တဖန်ပြန်လည်မွေးဖွားနိုင်စေသည်။

ကိုယ်တော်သည် သမ္မာတရားကို ကျွန်ုပ်၏ အသက်ဖြစ်ရန် ပေးပြီး

ကိုယ်တော်၏ စစ်မှန်သော ချစ်ခြင်းကို ကျွန်ုပ်မွေ့လျော်ပြီ။

ကိုယ်တော့်ကို ချစ်မည်။ ကိုယ်တော့်ကိုအစေခံမည်။

ကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်နှင့် အမြဲနီးနေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။