Myanmar Full Movie - သေရာပါ အမာရွတ် | ဆင်းရဲဒုက္ခက ဘုရားသခင်၌ သူမ၏ ယုံကြည်ခြင်းကို အားကောင်းစေသည်

29.11.2020

လီချင်ရှီးသည် ဝတ်ပြုစည်းဝေးပွဲများ တက်ခြင်း၊ ကျမ်းစာဖတ်ခြင်းကို သူမ၏မိဘများနှင့်အတူ ကလေးဘဝကတည်းက လုပ်ဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ၁၃ နှစ်သမီးအရွယ်မှာပင် သူမသည် စည်းဝေးပွဲတစ်ခု တက်ရောက်နေစဉ်အတွင်း ဖမ်းဆီးခံရကာ၊ မှောင်မည်းမည်း အခန်းငယ်တစ်ခု၌ တစ်ရက်နှင့် နှစ်ညတိတိ ထိန်းသိမ်းခံခဲ့ရသည်။ ထိုအချိန်မှစတင်၍ တရုတ်ကွန်မြူနစ်ပါတီသည် သူမအား မရပ်မနား နှိပ်ကွပ်တော့သည်။ အသက် ၁၇ နှစ်အရွယ်တွင် အသင်းတော်မှ တခြားညီအစ်ကိုမောင်နှမများထံ ဘုရားနှုတ်ကပတ်တော်စာအုပ်များ ဖြန့်ဝေခြင်းအတွက် နောက်တစ်ကြိမ် ဖမ်းဆီးခံရပါသည်။ စာအုပ်များ၏ ပင်ရင်းနေရာကို ထုတ်ပြောလာစေရန် အကျပ်ကိုင်သည့်အနေဖြင့်၊ ရဲများက သူမ၏ဖခင်ကို သူမရှေ့၌ပင် ရက်ရက်စက်စက် ရိုက်နှက်ပြပြီး၊ သူမကိုလည်း “နိုင်ငံရေးအကျဉ်းသား” ဟူသော စာတန်းချိတ်ဆွဲပေးကာ လမ်းများပေါ် လျှောက်ခိုင်းလေသည်။ ၁၉၉၆ ခုနှစ်တွင်လည်း ရဲများက လီချင်ရှီးအား နောက်တစ်ကြိမ် ဖမ်းဆီးရန် လာကြပြန်သည်။ သူမမှာ ဇာတိမြို့မှ ထွက်ပြေး၍ ဝရမ်းပြေးတစ်ယောက်ဘဝကို စတင်ရုံမှတစ်ပါး၊ ရွေးချယ်စရာဟူ၍ မရှိတော့ပေ။ စီစီပီရဲတို့၏ မကြာခဏ နှောင့်ယှက်မှု ခြိမ်းခြောက်မှုတို့ကြောင့် သူမ၏ တစ်မိသားစုလုံးလည်း အမြဲတမ်း ကြောက်ကြောက်လန့်လန့် အခြေအနေဖြင့် နေကြရသည်။ ရေရှည်ဖြစ်လာသော သောက ပူပင်မှုတို့ကို တောင့်ခံနိုင်စွမ်း မရှိရှာသော သူမ၏မိခင်မှာ စိတ်ကျန်းမာရေးယိုယွင်းလေသည်။ နဂိုကပင် ကျန်းမာရေး မကောင်းလှသော သူမ၏ဖခင်မှာလည်း ရဲများ၏ ရက်ရက်စက်စက် ရိုက်နှက်မှုတို့ကြောင့် ကျန်းမာရေးအခြေအနေမှာ ပို၍ပင် ဆိုးရွားလာသည်။ တစ်ခါက ပျော်ရွှင်စရာမိသားစုတစ်ခုသည် ဤသို့ပင် ပြိုကွဲရှာလေသည်။ လီချင်ရှီးမှာ ရှောင်တိမ်းနေရင်းနှင့်ပင် ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်း၍၊ ဧဝံဂေလိတရားကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ဝေပါသည်။ ၎င်းတို့သည်လည်း စီစီပီ၏ အကြောက်တရား ကြီးစိုးမှုအောက်တွင် ဒုက္ခရောက်ကြကာ၊ အကြိမ်ကြိမ် ဖိနှိပ်ဖမ်းဆီး ခံကြရသည်။ တချို့ညီအစ်ကိုမောင်နှမတို့မှာ ဖမ်းဆီးခံရပြီးနောက်၊ ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ခံကြရသည်။ တချို့မှာ သေသည်အထိ ရိုက်နှက်ခံရပြီး၊ တချို့မှာ ၁၀ နှစ်အထက် ထောင်ဒဏ်များ ချမှတ်ခံရသည်။ ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် လီချင်ရှီးသည်လည်း ဧဝံဂေလိတရား ဖြန့်ဝေနေရင်း၊ နောက်တစ်ကြိမ် အဖမ်းခံရရှာသည်။ ထို့နောက် လေးလကြာ စစ်ကြောခြင်းများ၊ ဝန်ခံချက်ပေးလာရန် အတင်းအဓမ္မ ခြိမ်းခြောက်မှုများနှင့် ဦးနှောက်ဆေးခံရသည့်အဖြစ်များကို သူမ ကြုံရလေသည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။