Myanmar Gospel Movie Trailer - ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း
27.09.2019
လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ တွင်၊ သခင်ခရစ်တော်သည် ရွေးနှုတ်ခြင်း အမှုတော်အားလုပ်ဆောင် နေချိန် ၌၊ သူသည် ရိုင်းစိုင်းသော အသေရေဖျက်ခြင်း နှင့် ဂျူးဘာသာရေး အသိုင်းအဝိုင်းများ၏ ပြစ်တင်ဝေဖန် ရှုတ်ချခြင်းကို ခံစားခဲ့ရသည်။ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ရောမအစိုးရနှင့် အတူ တပ်ပေါင်းဖွဲ့ပြီး၊ သူ့အား ကားတိုင် ၌ သံရိုက်စီရင်ခဲ့သည်။ နောက်ဆုံးသော ကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သခင်ယေရှုသည် သွေးသားခန္ဓာ ဖြင့်ပြန်လည် ကြွဆင်းလာကာ၊ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန်အတွက် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်၊ ဤတစ်ကြိမ်တွင် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေး လောက၏ သွေးရူးသွေးတန်း ရှုတ်ချပြစ်တင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့အား သူသည် ထပ်မံတွေ့ကြုံ ခံစားရသည်။ ပြန့်နှံ့နေသော ကောလဟလများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပေါ် မှားယွင်းသော အယူအဆများ၊ တရားစီရင်ခြင်းနှင့် အသရေဖျက်မှုများသည် မမြင်နိုင်သော ကျော့ကွင်းကဲ့သို့ မရေမတွက်နိုင်သော ယုံကြည်သူများအား လွမ်းအုပ်ထားပြီး ထိန်းချုပ်ထားလျက်ရှိသည်။ သမိုင်း၏ အဖြစ်ဆိုးမှာ တကျော့ပြန်လည်လာခြင်းဖြစ်ပေသည်...
ဤရုပ်ရှင် ၏ ဇာတ်လိုက်မင်းသမီး မှာ ထို မရေတွက်နိုင်အောင်ပင် များပြားသော ယုံကြည်သူများ ထဲမှတစ်ယောက်ဖြစ်သည်။ နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင် ၏ သတင်းကောင်းကို သူမပထမဦးဆုံးကြားရချိန်တွင်၊ သူမသည် ကွန်မြုနစ်အစိုးရနှင့် ဘာသာရေးခေါင်းဆောင်များ ၏ ကောလဟလများ ကြောင့် စိတ်ရှုပ်ထွေးနေခဲ့သည်။ သူမ၏ စိတ်ရှုပ်ထွေးမှုတွင်၊ သူမသည် ပိတ်မိနေခဲ့သည်...အကြိမ်ရေ အတော်များများ အကြိတ်အနယ် ဆွေးနွေးပြီးနောက်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ၏ နှုတ်ကပတ်တော်များသည် သူမအား သမ္မာတရားသို့ ဦးဆောင်သွားခဲ့ပြီး၊ နောက်ဆုံး ၌ သူမသည် ကောလဟလများ နောက်မှ အမှန်တကယ် အချက်အလက်များ ကို ထိုးဖောက်မြင်နိုင်လာခဲ့သည်။ သူမသည် ကျော့ကွင်း ကို ထိုးဖောက်ကျော်လွန်လာခဲ့ပြီး၊ စစ်မှန်သော ဘုရားသခင်၏ ပေါ်ထွန်းခြင်းကိုမြင်တွေ့ခဲ့သည်...
အခြား ဗီဒီယိုအမျိုးအစားများ