Myanmar Sermon Series 2021 - အပြစ်များ ခွင့်လွှတ်ခံရခြင်းအားဖြင့် ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်သလော

05.11.2021

ကပ်ဘေးများသည် ပို၍သာ ဖြစ်ပေါ်နေပြီး ယုံကြည်သူအားလုံးတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်၊ သခင်နှင့် တွေ့ဆုံရန်၊ ယနေ့ခေတ် ပြင်းထန်လာသော ကပ်ဘေးများ၏ ဒုက္ခမှ လွတ်မြောက်ရန်အတွက် ကောင်းကင်ပေါ်သို့ ချီမခြင်းကိုခံရရန် တောင့်တနေကြသည်။ ၎င်းတို့သည် သခင်ယေရှုအပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှတစ်ဆင့် ၎င်းတို့ အပြစ်များခွင့်လွှတ်ခံရပြီး သခင်က ၎င်းတို့ကို အပြစ်ရှိသည်ဟု မမြင်တော့ဘဲ ၎င်းတို့တွင် လိုအပ်သမျှအရာလုံးရှိသည်၊ သခင်ကြွလာသည့်အခါ သူ၏ နိုင်ငံတော်သို့ တိုက်ရိုက်ခေါ်ဆောင်ခြင်းခံရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့သော် လူများစွာအတွက် မရှင်းမလင်းဖြစ်နေသည့်အရာမှာ ကပ်ဘေးကြီးများက ကျရောက်လာသည့်တိုင် ၎င်းတို့က သခင့်ကို မကြိုဆိုရသေးခြင်း ဖြစ်ပေသည်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကသာ သခင်က လွန်ခဲ့သည့်တစ်ချိန်ချိန်က အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာနှင့်ပြီးဖြစ်သည်ဟု တစိုက်မတ်မတ် သက်သေခံနေသည်။ သူသည် သမ္မာတရားများကို ဖော်ပြခဲ့ပြီး ဘုရားအိမ်တော်မှစသည့် တရားစီရင်ခြင်းအမှုကို ပြုလုပ်နေသည်၊ ပြီးလျှင် သူသည် ကပ်ဘေးများမတိုင်မီတွင် အောင်မြင်သူတစ်စုကို ပြုလုပ်နှင့်ပြီးဖြစ်သည်။ ယုံကြည်သူများစွာက စတင်စဉ်းစားလာကြသည်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက သက်သေခံသည့် ဤအနန္တတန်ခိုးရှင်ဘုရားသခင်သည် အမှန်တကယ်ပင် ပြန်ကြွလာသည့် သခင်လော။ သို့သော် ကျွန်ုပ်တို့အပြစ်များသည် သခင့်အပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမှတစ်ဆင့် ခွင့်လွှတ်ခြင်းခံရပြီးဖြစ်ကာ သူသည် ကျွန်ုပ်တို့အား အပြစ်သားအဖြစ် မမြင်တော့သောကြောင့် သူပြန်ကြွလာသောအခါတွင် ကျွန်ုပ်တို့အား ကောင်းကင်နိုင်ငံတော်သို့ တိုက်ရိုက်ခေါ်ဆောင်သင့်သည်မဟုတ်လော။ ဤသို့ဆိုလျှင် ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ တရားစီရင်ခြင်းအမှုတစ်ဆင့်ကို အဘယ်ကြောင့်ပြုလုပ်ဖို့ လိုအပ်မည်နည်း။ အဖြေရှာရန်အတွက် ဤ စစ်မှန်သောယုံကြည်ခြင်းကို ရှာဖွေခြင်း အပိုင်းတွင် ကျွန်ုပ်တို့နှင့် ပါဝင်ပူးပေါင်းလိုက်ပါ။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။