Christian Dance (စကြဝဠာသည် ဘုရားသခင်အတွက် ချီးမွမ်းခြင်းများ မြည်ဟည်းနေသည်) ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ

19.01.2026

များပြားလှသော သီချင်းများ၊ လှပလှသော ကပွဲများဖြင့်

စကြဝဠာသည် လှိုင်းလုံးများထနေသော ဝမ်းမြောက်ခြင်းပင်လယ်တစ်ခု ဖြစ်လာခဲ့ပြီ။

ကြယ်များ ခုန်ပေါက်သည်။ လမင်း ပြုံးသည်။ စကြဝဠာသည် ချီးမွမ်းခြင်းများဖြင့် ပြည့်နှက်နေသည်။

ငါတို့သည် ဝမ်းမြောက်စွာ ကြွေးကြော်ပြီး ခုန်ပေါက်ကြသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော် အနန္တတန်ခိုးရှင် ဘုရားသခင်သည်

သမ္မာတရားကို ဖော်ပြခဲ့ပြီး တိုင်းနိုင်ငံများနှင့် ဂိုဏ်းဂဏများအားလုံးကို တုန်လှုပ်စေခဲ့သည်။

ဘုရားသခင် ရွေးချယ်ထားသော လူများသည် ကိုယ်တော်၏ အသံတော်ကို ကြားရပြီး

တစ်စိတ်တစ်ဝမ်းတည်း ဝတ်ပြုကိုးကွယ်ရန် ကိုယ်တော်၏ ပလ္လင်တော်ရှေ့သို့ ပြန်လာကြသည်။

ဇိအုန်မြို့၌ ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို မျက်နှာမူလျက်

ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို ထုတ်ဖော်တော်မူသည်။

ဘုရားသခင်၏ လူများအားလုံးသည် ဘုရားသခင်ကို အဆုံးမရှိ ချီးမွမ်းလျက်

ဝမ်းမြောက်ခြင်းများဖြင့် ပြည့်နှက်နေကြသည်။

ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။ ဟာလေလုယ။

ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။

ဘုရားသခင်ကို ချစ်ရန် ငါတို့သည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာဖြည့်ဆည်းရမည်ဖြစ်ပြီး

ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရမည် ဖြစ်သည်။

ငါတို့ ညီအစ်ကိုမောင်နှမများ၏ စိတ်နှလုံးများသည် နီးကပ်စွာ ချိတ်ဆက်နေကြပြီး

အမျိုးသားနှင့် အမျိုးသမီး၊ လူငယ်နှင့် လူကြီး အားလုံးတို့သည်

ဘုရားသခင်ကို တစ်စိတ်တစ်ဝမ်းတည်း ချီးမွမ်းကြသည်။

သင်က သီချင်းတစ်ပုဒ်ကို ဆက်ကပ်ပြီး ငါက အကတစ်ခုကို ဆက်ကပ်သည်။

သင်က ဘုရားသခင်အတွက် သက်သေခံပြီး ငါက ပူးပေါင်းဆောင်ရွက်ပေးသည်။

ငါတို့သည် အဆင်းနီသော နဂါးကြီးဖြစ်သည့် နတ်ဆိုးကို အရှက်ရစေပြီး

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်ကို ဘုန်းထင်ရှားစေသည်။

ဘုရားသခင်၏ အမှုတော်မှတစ်ဆင့်

ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ငါတို့အားလုံး မြင်တွေ့ခဲ့ကြပြီ။

ဘုရားသခင်၏ လူများအားလုံးသည်

ကိုယ်တော်၏ ဘုန်းအသရေရှိသော မျက်နှာတော်ကို မြင်တွေ့ခဲ့ကြပြီးဖြစ်ကာ၊

အားလုံးသည် ကိုယ်တော့်ကို ချစ်ရန်နှင့် ကိုယ်တော့်ကို စိတ်ကျေနပ်စေရန် လိုက်စားကြသည်။

ငါတို့သည် ဘုရားသခင်အပေါ် ထာဝရ သစ္စာစောင့်သိလိုစိတ် ရှိကြသည်။

ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။ ဟာလေလုယ။

ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။

ဘုရားသခင်သည် မြေကြီးပေါ်တွင် ဘုန်းအသရေကို ရရှိတော်မူပြီး

တိုင်းနိုင်ငံများအားလုံးနှင့် ဘုရားသခင်၏ လူများအားလုံးတို့သည် အတူတကွ ဝမ်းမြောက်ကြသည်။

နိုင်ငံတော်၏ အသက်တာသည် အလွန် လှပပါသည်တကား။

ကောင်းကင်သစ်၊ မြေကြီးသစ်၊ နိုင်ငံတော်သစ်။

ငါတို့သည် ဘုရားသခင်အတွက် တေးသစ်များကို ကခုန်သီဆိုကြသည်။

ယင်းမှာ အလွန် ဝမ်းမြောက်ဖွယ်ဖြစ်ပေသည်။

အလှပဆုံးသော သီချင်းများကို ဘုရားသခင်အတွက် သီဆိုကြသည်၊

အလှပဆုံးသော အကများကို ဘုရားသခင်ထံ ဆက်ကပ်ကြသည်။

ငါတို့သည် မိမိတို့၏ စစ်မှန်သော စိတ်နှလုံးများကို ဘုရားသခင်ထံ ဆက်ကပ်ကြပြီး

ကိုယ်တော့်ကို စင်ကြယ်ရိုးသားစွာ ချစ်ကြသည်။

ဘုရားသခင်၏ လူများအားလုံးနှင့် အရာခပ်သိမ်းတို့သည် ကိုယ်တော့်ကို

မရပ်မနား ထာဝရ ချီးမွမ်းကြလိမ့်မည်။

ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။ ဟာလေလုယ။

ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။

အို ဇိအုန်၊ အို ဇိအုန်၊ ဘုန်းအသရေ ကြီးလှပါသည်တကား။

ဘုရားသခင်၏ စံမြန်းရာသည် တောက်ပစွာ ထွန်းလင်းတောက်ပြောင်လျက်၊

ဘုန်းအသရေရှိသော အလင်းသည် စကြဝဠာတစ်ခုလုံးသို့ ဖြာထွက်နေသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြုံးတော်မူလျက် ကိုယ်တော်၏ ပလ္လင်တော်ပေါ်တွင် ထိုင်နေတော်မူပြီး

စကြဝဠာ၏ ပုံပန်းသစ်ကို ရှုမြင်တော်မူသည်။

ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။ ဟာလေလုယ။

ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။ ဘုရားသခင်ကို ချီးမွမ်းလော့။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။