ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း နေ့ရက်များ

08.08.2020

ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာဖွေခြင်း နေ့ရက်များ သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို တွေ့ကြုံရသော ခရစ်ယာန်တစ်ယောက်၏ သက်သေခံချက် ဖြစ်သည်။ အလုပ်တာဝန်ကို လုပ်ဆောင်နေစဉ်အတွင်း၊ ကျော်ကြားမှုနှင့် ဂုဏ်ဒြပ်ကို ရှာဖွေလိုသည့် ဆန္ဒကြောင့်၊ ဇာတ်ကောင်ဖြစ်သူသည် အဖွဲ့ခေါင်းဆောင်ရာထူးတွင် သူ ရွေးချယ်မခံရဘဲ၊ ညီအစ်ကိုလီဆိုသူ ရွေးချယ်ခံရသည်ကို မြင်ရသောအခါ၊ မကျေမနပ်ဖြစ်၍၊ ထိုသူအား တိတ်တဆိတ် ပြိုင်ဆိုင်လာမိသည်။ သူ့အနေဖြင့် အစွမ်းအစ ထုတ်ပြခွင့် ရရန်အတွက်၊ ထိုသူအား ဖယ်ထုတ်ဖို့ပင် ကြံစည်မိပြီး၊ တခြားညီအစ်ကိုမောင်နှမများကိုလည်း မောက်မောက်မာမာ ကြိမ်းမောင်းပါသည်။ ဤလုပ်ရပ်သည် ညီအစ်ကိုမောင်နှမတို့အား ကန့်သတ်ချုပ်ချယ်သလိုဖြစ်သည့်အပြင်၊ သူတို့အား ထိခိုက်နစ်နာစေပြန်သည်။ ရလဒ်အဖြစ် အသင်းတော်၏အလုပ်ကို ဖျက်ဆီးသလိုဖြစ်ကာ၊ သူကိုယ်တိုင်လည်း ခံစားရလေသည်။ ဘုရားနှုတ်ကပတ်တော်တို့၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံမိသည့်အခါမှသာ၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် နောက်ဆုံး၌ နားလည်မှုတချို့ ရရှိပါသည်။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်ကို ရှာဖွေခြင်း၏ အနှစ်သာရနှင့် အကျိုးဆက်တို့ကို သူ နားလည်သဘောပေါက်မိသည်။ ထိုအချိန်မှသာ သူသည် စတင် နိုးကြားလာပြီး၊ နောင်တရမိသည်။ သူသည် ဤအရာတို့နောက် ဆက်၍ လိုက်လိုစိတ် မရှိတော့ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေခြင်းတို့ကိုသာ စတင် အာရုံစိုက်ပါသည်။ နောက်ဆုံးတွင် သူ့အနေဖြင့် တစ်ကြိမ်တစ်ခါမျှ မခံစားမိသေးသော အတွင်းပိုင်းငြိမ်သက်ခြင်းနှင့် တည်ငြိမ်ခြင်းကို ရရှိပါတော့သည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။