ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၈၉

23.07.2020

ဖန်ဆင်းရှင်သည် သက်ရှိသတ္တဝါအားလုံးကို စီစဉ်ညွှန်ကြားရန် ရည်ရွယ်၏။ သူလုပ်သည့်အရာတစ်ခုကိုမျှ သင်စွန့်ပစ်ခြင်း သို့မဟုတ် မနာခံခြင်း မပြုရ။ သူ့အပေါ် ဆန့်ကျင်ခြင်းလည်း မပြုသင့်ပေ။ သူဆောင်ရွက်သည့်အမှုသည် အဆုံးတွင် ဖြစ်မြောက်မည်ဖြစ်၍ ဤသည်၌ သူသည် ဘုန်းအာနုဘော်ကို ရရှိလိမ့်မည်။ ယနေ့ သင်သည် မောဘမှ ဆင်းသက်လာသူများဖြစ်ကြောင်း သို့မဟုတ် အဆင်းနီသောနဂါးကြီး၏ အမျိုးအနွယ်ဖြစ်ကြောင်း အဘယ်ကြောင့် မပြောကြသနည်း။ အဘယ်ကြောင့် ရွေးချယ်ထားသူများအကြောင်း မပြောဘဲ သက်ရှိသတ္တဝါများအကြောင်းသာ ပြောသနည်း။ လူသား၏နဂိုမူလအမည်မှာ သက်ရှိသတ္တဝါဟူ၍ဖြစ်ပြီး ဤသည်မှာ သူ၏ကိုယ်ပိုင်ဝိသေသလက္ခဏာ ဖြစ်သည်။ ခေတ်များနှင့် အမှု၏ကာလများကွဲပြားသဖြင့်သာ အမည်နာမများ ကွဲပြားခြင်းဖြစ်၏။ အကယ်စင်စစ်မူ လူသားသည် သာမန်သက်ရှိသတ္တဝါတစ်ဦးသာဖြစ်၏။ အပျက်စီးဆုံးဖြစ်စေ၊ အသန့်ရှင်းဆုံးဖြစ်စေ၊ သတ္တဝါအားလုံးသည် သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို ထမ်းဆောင်သည့်အခါ၊ သူသည် သင်၏အလားအလာများ၊ ကံကြမ္မာ သို့မဟုတ် ခရီးပန်းတိုင်ကို အသုံးပြု၍ သင့်ကို ချုပ်ကိုင်ထားခြင်း မရှိပေ။ အကယ်စင်စစ် ဤသို့ဆောင်ရွက်ရန် မလိုအပ်ပေ။ သိမ်းပိုက်ခြင်းအမှု၏ရည်ရွယ်ချက်မှာ လူသားအား သတ္တဝါတစ်ဦး၏တာဝန်ကို ထမ်းဆောင်စေရန်၊ ဖန်ဆင်းရှင်ကို ဝတ်ပြုစေရန်ဖြစ်၍၊ ဤသို့ပြုလုပ်ပြီးမှသာလျှင် သူသည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ လူသား၏ကံကြမ္မာကို ဘုရားသခင်၏လက်များမှ ထိန်းချုပ်ထား၏။ သင့်ကိုယ်သင် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသားသည် မိမိအဖို့ အမြဲအပြေးအလွှားနှင့် အလုပ်ရှုပ်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်ပါက၊ သင်၏ကံကြမ္မာကို ချုပ်ကိုင်နိုင်ပါက၊ သင်သည် သတ္တဝါတစ်ဦး ဖြစ်နေဦးမည်လော။ အတိုပြောရလျှင် ဘုရားသခင်သည် မည်သို့ပင် အမှုဆောင်စေကာမူ သူ၏အမှုအားလုံးသည် လူသားအတွက်ဖြစ်၏။ ဥပမာအားဖြင့် လူသားအတွက်အစေခံရန် ဘုရားသခင် ဖန်ဆင်းသည့် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ကြည့်ပါ၊ လူသားအတွက် သူဖန်ဆင်းသည့် လ၊ နေနှင့် ကြယ်များ၊ တိရစ္ဆာန်များနှင့် အပင်များ၊ နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ စသည်တို့ အားလုံးသည် လူသား၏ဖြစ်တည်ရေးအတွက် ဖြစ်၏။ ထို့ကြောင့် သူသည် လူသားကို မည်သို့ပင် ပြစ်တင်ဆုံးမ၍ တရားစီရင် စေကာမူ၊ ဤသည်တို့အားလုံးမှာ လူသား၏ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ဇာတိပကတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း၊ ဤသည်မှာ လူသားကို သန့်စင်ရန်ဖြစ်၍ လူသားကိုသန့်စင်ခြင်းသည် သူ၏ဖြစ်တည်ရေးအတွက်ဖြစ်၏။ လူသား၏ ခရီးပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိသဖြင့်၊ လူသားသည် သူ့ကိုယ်သူ မည်သို့ ထိန်းချုပ်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။