ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၅၉၃

21.07.2020

စုံလင်စေခြင်း ခံလိုသောသူအားလုံးတွင် စုံလင်စေခြင်းခံခွင့်ရှိသဖြင့် လူတိုင်း အေးအေးလူလူနေရမည်၊ နောင်တွင် သင်တို့အားလုံး ခရီးပန်းတိုင်သို့ဝင်ရောက်လိမ့်မည်။ သို့ရာတွင် သင်သည် စုံလင်စေခြင်းခံရန် လိုလားမှု မရှိသည့်အပြင် အံ့သြဖွယ်ရာနယ်ပယ်သို့ဝင်ရောက်ရန် လိုလားမှု မရှိပါက၊ သင်ကိုယ်တိုင်၏ ပြဿနာသာ ဖြစ်၏။ စုံလင်စေခြင်းခံရန် လိုလား၍ ဘုရားသခင်အပေါ် သစ္စာရှိသူအားလုံး၊ နာခံသူအားလုံးနှင့် ၎င်းတို့၏အလုပ်ကို သစ္စာရှိစွာ ဆောင်ရွက်သူအားလုံး၊ ထိုကဲ့သို့သောသူအားလုံးတို့သည် စုံလင်စေခြင်းခံရနိုင်၏။ ယနေ့ ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာထမ်းဆောင်ခြင်း မရှိသူအားလုံး၊ ဘုရားသခင်အပေါ် သစ္စာမရှိသူအားလုံး၊ ဘုရားသခင်ထံ အညံ့ခံခြင်းမရှိသူအားလုံး၊ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို လက်ခံရရှိပြီးသော်လည်း လက်တွေ့ကျင့်သုံးခြင်း မရှိသူများ၊ ထိုကဲ့သို့သောသူ အားလုံးသည် စုံလင်စေခြင်းခံရနိုင်ခြင်း မရှိပေ။ ဘုရားသခင်အပေါ် သစ္စာရှိ၍ နာခံရန်လိုလားသူအားလုံးသည် အသိဉာဏ် အနည်းငယ် နည်းပါးနေသော်မှ စုံလင်စေခြင်း ခံနိုင်၏။ ဆည်းပူးရန်လိုလားသူအားလုံးသည် စုံလင်စေခြင်းခံနိုင်၏။ ဤအတွက် စိုးရိမ်စရာမလိုပေ။ ဤလမ်းကြောင်းကို သင်လိုက်လျှောက်ရန် လိုလားနေသမျှ၊ သင်သည် စုံလင်စေခြင်း ခံနိုင်၏။ ငါသည် သင်တို့အကြား မည်သူ့ကိုမျှ စွန့်ပယ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းပြုရန် မလိုလားသော်လည်း လူသားသည် အောင်မြင်ရန်မကြိုးစားပါက၊ သင်သည် သင့်ကိုယ်သင် ဖျက်ဆီးနေခြင်းသာဖြစ်၏။ သင့်ကို ဖယ်ရှားသည်မှာ ငါမဟုတ်၊ သင်ကိုယ်တိုင်ပင်ဖြစ်၏။ သင်ကိုယ်တိုင် အောင်မြင်အောင် မကြိုးစားပါက၊ သင်သည် ပျင်းရိပါက၊ သို့မဟုတ် သင်၏တာဝန်ကို မထမ်းဆောင်ပါက၊ သို့မဟုတ် သစ္စာမရှိပါက၊ သို့မဟုတ် သမ္မာတရားကို မဆည်းပူးသည့်အပြင် သင်သဘောကျသည့်အတိုင်း အမြဲပြုလုပ်ပါက၊ အဆင်အခြင်မဲ့စွာ သင်ပြုမူပြီး ကိုယ်ကိုယ်တိုင်၏ ဂုဏ်သတင်းနှင့် အလားအလာအတွက် တိုက်ခိုက်၍ ဆန့်ကျင်ဘက်လိင်နှင့် သင်၏ဆက်ဆံခြင်းများတွင် မသမာပါက၊ သင်သည် မိမိကိုယ်တိုင်၏ အပြစ်ဝန်များကို ထမ်းပိုးရမည်ဖြစ်ပြီး မည်သူ၏သနားကြင်နာမှုနှင့်မျှ သင်မထိုက်တန်ပေ။ ငါ၏ရည်ရွယ်ချက်မှာ၊ အမှု၏ဤအဆင့်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက်၊ သင်တို့အားလုံးကို စုံလင်စေရန် ဖြစ်၍၊ အနည်းဆုံးအနေဖြင့် သိမ်းပိုက်ခံရရန်ဖြစ်၏။ ဘုရားသခင်၏အလိုမှာ လူတိုင်းကို စုံလင်စေရန်၊ အဆုံးတွင် သူမှရယူရန်၊ သူမှလုံးဝသန့်စင်စေရန်နှင့် သူချစ်သောသူဖြစ်လာရန် ဖြစ်၏။ သင်တို့သည် ခေတ်နောက်ကျန်နေသည်ဟု ငါပြောသည်ဖြစ်စေ၊ အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည်ဖြစ်စေ၊ အရေးမကြီးပေ၊ ဤသည်တို့အားလုံးမှာ အမှန်ဖြစ်၏။ ငါဤသို့ပြောသည်မှာ ငါသင့်ကို စွန့်ပစ်ရန်ရည်ရွယ်သည်၊ သင်တို့အပေါ် ငါမျှော်လင့်ချက် မရှိတော့ပြီဟူသည်ကို သက်သေပြသည် မဟုတ်ပေ။ ငါသည် သင်တို့ကို ကယ်တင်လိုခြင်း မရှိဟူသည်ကို သာ၍ပင် သက်သေပြသည် မဟုတ်ပေ။ ယနေ့ ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှု ဆောင်ရွက်ရန် လာရောက်ခဲ့ပြီ။ ငါဆောင်ရွက်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူတိုင်းတွင် စုံလင်စေခြင်းခံရန်အခွင့်ရှိ၏၊ သင်သည် လိုလားမှုရှိပါက၊ သင်သည် ဆည်းပူးပါက၊ အဆုံးတွင် သင်သည် အကျိုးသက်ရောက်မှုများကို ရရှိနိုင်လိမ့်မည်ဖြစ်၍ သင်တို့တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အသိဉာဏ်ကင်းမဲ့၍ စာတတ်မြောက်ခြင်း မရှိသူဖြစ်ပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏စာတတ်မြောက်ခြင်း မရှိမှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်သူဖြစ်ပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏စာတတ်မြောက်မှုအဆင့်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပါက၊ သင့်အပေါ် ငါ၏လိုအပ်ချက်များသည် သင်၏အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်းရှိပါက သင့်အပေါ် ငါ၏လိုအပ်ချက်များသည် ဤသည်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း မရှိ၊ ထို့အပြင်၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်အချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းမှာ သင်လုပ်ဆောင်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာရှိခြင်း၊ အဆုံးတိုင်အောင်နာခံခြင်းနှင့် ဘုရားသခင်၏ထွတ်မြတ်သော ချစ်ခြင်းမေတ္တာကို ရရန်ဆောင်ရွက်ခြင်း၊ ဤသည်မှာ သင်ရရှိရမည့်အရာဖြစ်၍ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော အလေ့အကျင့်များ မရှိပေ။ အဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး ၎င်းတို့ကို ရရှိနိုင်ပါက သူသည် စုံလင်စေခြင်းခံရလိမ့်မည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် စစ်မှန်စွာ လိုက်လျှောက်ရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်၍ ၎င်းအပေါ် မတုန်မလှုပ် မနေရ။ လူတိုင်းတွင် စုံလင်စေခြင်းခံရန်အခွင့်ရှိ၍ စုံလင်စေခြင်းခံရနိုင်စွမ်းရှိကာ၊ ဤသည်မှာ အရေးကြီးကြောင်းကို ငါပြောခဲ့ပြီးဖြစ်၏။ သို့ရာတွင် သင်၏လိုက်လျှောက်မှုတွင် သင်သည် သာ၍ကောင်းမွန်ရန် မကြိုးစားပါက၊ သင်သည် ဤစံသုံးရပ်ကို မရရှိပါက၊ အဆုံးတွင် သင့်ကို ဖယ်ရှားရမည်ဖြစ်သည်။ ငါသည် လူတိုင်းကို အလျင်မီစေလိုသည်။ လူတိုင်းကို အမှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှု ရှိစေလိုကာ၊ အဆုံးတိုင်အောင် နာခံနိုင်စေလိုသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တစ်ဦးစီ ထမ်းဆောင်ရမည့်တာဝန် ဖြစ်သောကြောင့်ဖြစ်၏။ သင်တို့အားလုံး သင်တို့၏တာဝန်ကို ထမ်းဆောင်ပြီးသည့်အခါတွင် သင်တို့သည် စုံလင်စေခြင်းခံခဲ့ရပြီး ဖြစ်လိမ့်မည်။ သင်တို့တွင် ထူးကဲလှသော သက်သေခံချက်လည်း ရှိလိမ့်မည်။ သက်သေခံချက်ရှိသူ အားလုံးသည် စာတန်အပေါ်အောင်နိုင်ခဲ့သူများနှင့် ဘုရားသခင်၏ကတိကို ရရှိခဲ့သူများဖြစ်၍ ၎င်းတို့သည် အံ့သြဖွယ်ရာ ခရီးပန်းတိုင်တွင်နေထိုင်ရန် ကျန်ရှိမည့်သူများ ဖြစ်ကြ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။