Myanmar Christian Testimony - အပိုင်း ၆၇၀ ပညာကို လိုက်စားခြင်းက အနာဂတ်ကောင်းကို အာမခံနိုင်သလား
22.11.2026
သူမကို ငယ်စဉ်ကတည်းက မိသားစုက “အသိပညာသည် တန်ခိုးအာဏာဖြစ်၏၊ အသိပညာသည် သင်၏ကံကြမ္မာကို ပြောင်းလဲနိုင်၏။” ဆိုတဲ့ ယုံကြည်ချက်ကို သွတ်သွင်းပေးခဲ့ပြီး ပညာကိုလိုက်စားခြင်းနဲ့ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုကို ရခြင်းကသာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတဲ့ဘဝကို ရနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ သူမ ထင်မှတ်လာခဲ့တယ်။ ပိုမိုတဲ့အသိပညာကို ရရှိပြီး အနာဂတ်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် သူမဟာ စာကြိုးစားခဲ့ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းကိုတောင် ငြင်းပယ်ခဲ့သလို စုဝေးပွဲတက်ဖို့ကိုလည်း ငြင်းဆန်ခဲ့တယ်။ စာမေးပွဲအမှတ်နည်းနည်းလေးကြောင့် ကျောင်းနေဖက်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အခါမှပဲ သူမဟာ ရုတ်တရက် သတိတရားရလာခဲ့ပြီး ပညာကိုလိုက်စားတဲ့ သူမရဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု ရရှိခဲ့တယ်၊ ပြီးတော့ ဘဝမှာ တကယ်ပဲ ဘာကိုလိုက်စားသင့်တယ်ဆိုတာကို နားလည်လာခဲ့တယ်။
အခြား ဗီဒီယိုအမျိုးအစားများ