Christian Song -ဘုရားသခင်၏ အသက် စွမ်းအား၏ သရုပ်သကန်
23.09.2026
၁
ဤကမ္ဘာထဲသို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည်၊ ၎င်းတို့အထဲမှ အများစုသည် သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာကို ကြုံတွေ့ခဲ့ကြသည်။ အသက်ရှင်နေသူများသည် မကြာမီတွင် သေဆုံးရမည်ဖြစ်ပြီး၊ သေဆုံးသူများသည် မကြာမီ ပြန်လာရလိမ့်မည်။ ဤအရာအားလုံးသည် သက်ရှိတစ်ဦးစီအတွက် ဘုရား စီစဉ်ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်။ သို့တိုင်အောင် ဤလမ်းကြောင်းနှင့် သံသရာသည် ဘုရားက လူသားတို့အား သိမြင်စေလိုသော အမှန်တရား အတိအကျပင် ဖြစ်၏၊ ထိုအမှန်တရားမှာ ဘုရားက လူသားအပေါ် အပ်နှင်းထားသော အသက်သည် မကုန်ခမ်းနိုင်သည့်အပြင် ရုပ်ခန္ဓာ၊ အချိန်၊ သို့မဟုတ် နေရာတို့၏ ကန့်သတ်ခြင်းမှ ကင်းလွတ်သည်ဟူသည့် အချက်ပင် ဖြစ်သည်။ ယင်းမှာ လူသားအပေါ် ဘုရား အပ်နှင်းထားသော အသက်၏နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။
၂
လူ့အသက်သည် ဘုရားထံမှ လာသည်ကို လူများစွာက မယုံကြည်ကြသော်ငြားလည်း ဘုရား၏ တည်ရှိမှုကို ၎င်းတို့ယုံကြည်သည်ဖြစ်စေ၊ ငြင်းဆိုသည်ဖြစ်စေ လူတို့သည် ဘုရားထံမှ လာသောအရာအားလုံးကို မလွဲဧကန် မွေ့လျော်ခံစားနေကြသည်။ ဘုရားသည် တစ်နေ့၌ ရုတ်တရက် စိတ်ပြောင်းကာ ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့် သူပေးခဲ့သောအသက်ကို ပြန်သိမ်းလိုပါက အရာအားလုံးသည် တည်ရှိတော့မည်မဟုတ်။ ဘုရားသည် သက်ရှိ၊ သက်မဲ့အရာအားလုံးကို ပံ့ပိုးပေးရန်အတွက် သူ၏ အသက်ကို အသုံးပြုပြီး သူ၏ ကြီးမားသော တန်ခိုးနှင့် ဩဇာအာဏာတို့ကို အရင်းခံ၍ အရာအားလုံးကို စည်းစနစ်ကျနစေသည်။ ဤသည်မှာ မည်သူမျှ စိတ်ကူး၍မရနိုင်သည့် သို့မဟုတ် သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့် အဖြစ်မှန်တစ်ခုဖြစ်ပြီး သဘောပေါက်နားလည်နိုင်ခြင်း မရှိသော ဤအဖြစ်မှန်များသည် ဘုရား၏ အသက်စွမ်းအား၏ တကယ့် သရုပ်သကန်နှင့် သက်သေသာဓကပင်ဖြစ်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် မှ
အခြား ဗီဒီယိုအမျိုးအစားများ